Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 11:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 လူ​တို့​သည် အသီးသီး​မိမိ​တို့​မျိုးနွယ်စု​အလိုက် မိမိ​တို့​တဲ​အဝင်ဝ​၌ ငိုကြွေး​နေ​ကြ​သည်​ကို မောရှေ​ကြား​၏​။ ထာဝရဘုရား​သည် အလွန်​အမျက်ထွက်​၏​။ မောရှေ​သည်​လည်း ဆိုးရွား​သော​အမှု​ဖြစ်​သည်​ဟု မြင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​တဲ​ဝ​အ သီး​သီး​တွင်​စု​ရုံး​ကာ ညည်း​ညူ​နေ​ကြ​သော အ​သံ​ကို​မော​ရှေ​ကြား​ရ​၏။ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​ကြောင့် မော​ရှေ​သည် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 အ ဆက် အ နွယ် အ လိုက် လူ အ သီး အ သီး တို့ သည် ကိုယ် တဲ ဝ တွင် ငို ကြွေး ကြ သည် ကို မော ရှေ ကြား လျှင် စိတ် ဆိုး သည့် ပြင် ထာ ဝ ရ ဘု ရား လည်း ပြင်း စွာ အ မျက် ထား တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​အ​ခါ လူ​များ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တဲ​တံ​ခါး​ဝ၌ မိ​မိ​အိမ်​ထောင်​နှင့်​တ​ကွ ငို​ကြွေး​ကြ​သည်​ကို မော​ရှေ​ကြား​ရ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ၏။ အ​ပြစ်​ရှိ​သည်​ကို မော​ရှေ​သိ​မြင်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 11:10
19 ပူးပေါင်းရင်းမြစ်များ  

မိမိ​တို့​၏​တဲ​များ​တွင် ညည်းတွား​ကာ ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​ခဲ့​ကြ​ချေ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​ကို​မုန်း​သော​သူ​တို့​ကို အကျွန်ုပ်​မုန်း​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​ကို​ဆန့်ကျင်​သော​သူ​တို့​ကို​လည်း အကျွန်ုပ် စက်ဆုပ်​သည်​မ​ဟုတ်​လော​။


ထို့ကြောင့် ထာဝရဘုရား​သည် ထို​စကား​ကို​ကြား​၍ အမျက်ထွက်​တော်မူ​၏​။ မီး​သည် ယာကုပ်​အမျိုး​ပေါ်၌ ထလောင်​၍ အမျက်​တော်​သည်​လည်း အစ္စရေး​လူမျိုး​အပေါ် သက်ရောက်​လေ​၏​။


ဘုရားသခင်​သည် ကြားသိ​၍ အမျက်ထွက်​ကာ အစ္စရေး​အမျိုးသား​တို့​ကို လုံးလုံး​စွန့်ပယ်​တော်မူ​၏​။


ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို အမျက်ထွက်​၍ သူ​တို့​အပေါ်​လက်​တော်​ကို​ဆန့်​လျက် ဒဏ်ခတ်​တော်မူ​မည်​။ တောင်​တို့​သည်​လှုပ်ခတ်​ကြ​လိမ့်မည်​။ သူ​တို့​အလောင်း​သည် လမ်းမ​အလယ်​၌ အမှိုက်သရိုက်​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။


သင့်​အား ငါ​ပေး​သော​အမွေ​ကို သင်​လက်လွတ်​ရ​မည်​။ သင်​မ​သိ​သော​ပြည်​တွင် သင်​၏​ရန်သူ​တို့​အား သင်​အစေခံ​ရ​မည်​။ အစဉ်အမြဲ​တောက်လောင်​နေ​မည့် ငါ့​အမျက်​မီး​ကို သင်​မွှေး​လေ​ပြီ​။


လူ​တို့​သည် မိမိ​တို့​ခံရ​သော​ဆင်းရဲဒုက္ခ​အကြောင်း​ကို ထာဝရဘုရား​ကြားသိ​အောင် ညည်းညူ​ကြ​၏​။ ထာဝရဘုရား​ကြား​တော်မူ​သောအခါ အမျက်ထွက်​၍ သူ​တို့​အလယ်​တွင် ထာဝရဘုရား​၏​မီး​တောက်လောင်​လေ​၏​။ ထို​မီး​သည် တပ်စခန်း​၏​အစွန်အဖျား​ကို လောင်ကျွမ်း​သဖြင့်


ထို့ကြောင့် မောရှေ​က ထာဝရဘုရား​အား “​ကိုယ်တော်​၏​အစေအပါး​ကို အဘယ်ကြောင့်​ဒုက္ခရောက်​စေ​ပါ​သနည်း​။ ဤ​လူမျိုး​အပေါင်း​တို့​၏​ဝန်​ကို အကျွန်ုပ်​အပေါ်​၌​တင်​၍ ကိုယ်တော်​၏​ရှေ့​တော်​၌ အဘယ်ကြောင့် အကျွန်ုပ်​ကို မျက်နှာ​မ​ရ​စေ​ပါ​သနည်း​။


ညအချိန် တပ်စခန်း​တွင် နှင်းကျ​သောအခါ နှင်း​နှင့်အတူ မန္နမုန့်​ကျ​၏​။


(​မောရှေ​သည် ကမ္ဘာမြေ​ပေါ်​ရှိ​လူ​အားလုံး​တို့​ထက် စိတ်အနှိမ့်ချ​ဆုံး​သူ​ဖြစ်​၏​။​)


ထာဝရဘုရား​သည် သူ​တို့​ကို​အမျက်ထွက်​လျက် ကြွသွား​တော်မူ​၏​။


လူ​တို့​သည် ကောရ​၊ ဒါသန်​၊ အဘိရံ​တို့​၏​တဲ​နှင့် ဝေးဝေးနေ​ကြ​လေ​၏​။ ဒါသန်​နှင့်​အဘိရံ​သည်​လည်း မိမိ​တို့​၏​သား​မယား​များ​နှင့် ကလေးငယ်​များ​ပါ​ထွက်လာ​၍ တဲ​အဝင်ဝ​၌ ရပ်​နေ​ကြ​၏​။


လူ​တို့​က “​မုန့်​မ​ရှိ​၊ ရေ​မ​ရှိ​သော ဤ​တောကန္တာရ​တွင် သေ​စေရန် အဘယ်ကြောင့် ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သနည်း​။ အရသာ​ပေါ့ရွှတ်​သော​အစားအစာ​ကို​လည်း ငါ​တို့​ငြီးငွေ့လှ​ပြီ​”​ဟု ဘုရားသခင်​နှင့်​မောရှေ​အား ဆန့်ကျင်​ပြောဆို​ကြ​၏​။


ယေရှု​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် အမျက်​တော်​ထွက်​၍“ကလေး​သူငယ်​တို့​ငါ့​ထံသို့​လာ​ကြ​ပါလေစေ။ သူ​တို့​ကို​မ​တားဆီး​ကြ​နှင့်။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် ထိုသို့​သော​သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။


ထိုအခါ ကိုယ်တော်​သည် အမျက်​တော်​ဖြင့် ပတ်ပတ်လည်​သို့​ကြည့်ရှု​တော်မူ​ပြီး သူ​တို့​၏​စိတ်နှလုံး​မာကျော​မှု​အတွက် အလွန်​ဝမ်းနည်း​၍ လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ​ဖြစ်​လေ​၏။


ငါ့​အမျက်​မီး​သည် စွဲ​၍ မရဏာနိုင်ငံ​အောက်ဆုံး​ထိ​တိုင်အောင် တောက်လောင်​လိမ့်မည်​။ မြေကြီး​နှင့် မြေကြီး​အသီးအနှံ​တို့​ကို ဝါးမျို​၍ တောင်​များ​၏​အခြေအမြစ်​တို့​ကို လောင်ကျွမ်း​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ