ကလေးများအပြင် အစ္စရေးအမျိုးသား ယောက်ျားခြောက်သိန်းခန့်တို့သည် ရာမသက်အရပ်မှ သုကုတ်အရပ်တိုင်အောင် ခြေကျင်ခရီးပြုကြ၏။
တောလည် 1:2 - မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထဲမှ ယောက်ျားအားလုံး တစ်ဦးချင်းစီ၏အမည်စာရင်းကို သူတို့၏မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် စာရင်းကောက်ယူလော့။ Common Language Bible ``သင်နှင့်အာရုန်သည်ဣသရေလအမျိုးသားတို့၏သန်းခေါင်စာရင်းကို သားချင်းစုနှင့်မိသားစုအလိုက်ကောက်ယူရမည်။ စစ်မှုထမ်းနိုင်သူအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိ အမျိုးသားအားလုံး၏နာမည်စာရင်းကိုကောက်ယူလော့။- Garrad Bible ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် တွင် စစ် ချီ နိုင် သူ၊ အ သက် နှစ် ဆယ် ကျော် ယောက်ျား ဟူ သ မျှ ကို တပ် စဉ် အ တိုင်း စု ရုံး လျက်၊ အ ဆက် အ နွယ်၊ အိမ် ထောင်၊ အ မည် ဦး ရေ အ လိုက် သင် နှင့် အာ ရုန် စာ ရင်း ကောက် ကြ လော့။ Judson Bible သင်နှင့်အာရုန်သည် ဣသရေလအမျိုးသားပရိသတ်တို့တွင်၊ အသက်နှစ်ဆယ်လွန်၍၊ |
ကလေးများအပြင် အစ္စရေးအမျိုးသား ယောက်ျားခြောက်သိန်းခန့်တို့သည် ရာမသက်အရပ်မှ သုကုတ်အရပ်တိုင်အောင် ခြေကျင်ခရီးပြုကြ၏။
“သင်သည် အစ္စရေးအမျိုးသားတို့ကိုရေတွက်၍ လူဦးရေစာရင်းကောက်ရာ၌ သူတို့ကိုရေတွက်စဉ် သူတို့အပေါ်ဘေးဒဏ်မကျရောက်မည့်အကြောင်း သူတို့၏အသက်ရွေးနုတ်စရာအဖိုးအခကို ထာဝရဘုရားအား အသီးသီးပေးဆောင်ရမည်။
စာရင်းဝင်သောလူထုတို့ ပေးလှူသောငွေသည် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ တစ်ရာတာလန် တစ်ထောင့်ခုနစ်ရာခုနစ်ဆယ့်ငါးရှယ်ကယ်ဖြစ်၏။
အသက်နှစ်ဆယ်နှင့်အထက် ရေတွက်သောစာရင်းထဲတွင် ပါဝင်သူအပေါင်းတို့မှာ ခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ရှိ၍ တစ်ယောက်လျှင် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းအရ ရှယ်ကယ်တစ်ဝက်ဖြစ်သော တစ်ဗေကာကို ပေးဆောင်ကြ၏။
ဒုတိယလ၊ ပထမနေ့၌ လူထုအပေါင်းတို့ကို စုရုံးစေပြီးလျှင် အသက်နှစ်ဆယ်အရွယ်နှင့်အထက်ရှိသူ တစ်ဦးချင်းစီ၏အမည်စာရင်းကို သူတို့မျိုးနွယ်စုအလိုက်၊ ဘိုးဘေးအိမ်ထောင်စုအလိုက် စာရင်းကောက်ယူလေ၏။
မောရှေသည် ထာဝရဘုရားမိန့်မှာသည့်အတိုင်း သိနာတောကန္တာရ၌ ထိုသူတို့ကိုရေတွက်လေ၏။
ရှိမောင်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ၏အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သော ယောက်ျားအားလုံး၏အရေအတွက်မှာ