“ပညာရှိသည် မိမိကောင်းကျိုးအတွက် ပြုနိုင်သကဲ့သို့ လူသည် ဘုရားသခင်၏ကောင်းကျိုးအတွက် ပြုနိုင်မည်လော။
တိတု 3:8 - မြန်မာ့စံမီသမ္မာကျမ်း ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သောသူတို့သည် ကောင်းသောအမှုတို့ကိုပါဝင်လုပ်ဆောင်ရန် အမြဲဂရုစိုက်ကြမည့်အကြောင်း ငါသည် သင့်အား ဤအရာများအတွက် အခိုင်အမာရပ်တည်စေလို၏။ ဤအရာများသည် ကောင်းမြတ်၍ လူတို့အတွက်အကျိုးရှိ၏။ Common Language Bible ဤစကားသည်သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သူတို့သည်ကောင်း မြတ်သောအကျင့်၊ လူအပေါင်းတို့အားအကျိုး ပြုသောအကျင့်များ၌မွေ့လျော်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့်အမှုအရာများ ကိုအထူးဂရုပြု၍နှိုးဆော်တိုက်တွန်းလော့။- Garrad Bible ဘု ရား သ ခင် အား ယုံ ကြည် ပြီး သူ တို့ သည် ရိုး ဖြောင့် စွာ အ လုပ် အ ကိုင် ကို ဂ ရု ပြု ကြ စေ ရန် ဆို ခဲ့ သည့် အ ချက် များ နှင့် စပ်၍ နှိုး ဆော် တိုက် တွန်း စေ လို၏။ ထို အ ချက် များ သည် လူ တို့ အ ဖို့ သင့် လျော်၍ အ ကျိုး ရှိ၏။ Judson Bible ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းသောအကျင့် တို့ကို အမြဲကျင့်အံ့သောငှာ သတိပြုရကြမည်အကြောင်း၊ သင်သည် ဤအရာများကို ကြိုးစား၍ ဟောပြောစေခြင်းငှာ ငါအလိုရှိ၏။ ထိုအကျင့်တို့သည် ကောင်းသည်သာမက၊ လူတို့၏အကျိုးကို ပြုစုတတ်သော အကျင့်ဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤစကားသည် စိတ်ချယုံကြည်ရသော စကားဖြစ်၏။ သင်တို့သည် ထိုအရာများကို အထူးဂရုစိုက်၍ တိုက်တွန်းကြရန် ကျွန်ုပ်အလိုရှိ၏။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းမှုပြုရန် ကြိုးစားနိုင်မည်။ အထက်ပါအရာတို့သည် ကောင်းမွန်၍ လူတိုင်းအတွက် အကျိုးပြုသောအရာများဖြစ်၏။ |
“ပညာရှိသည် မိမိကောင်းကျိုးအတွက် ပြုနိုင်သကဲ့သို့ လူသည် ဘုရားသခင်၏ကောင်းကျိုးအတွက် ပြုနိုင်မည်လော။
အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုမယုံကြည်ကြ။ ကိုယ်တော်၏ကယ်တင်ခြင်းကိုလည်း ယုံကြည်ကိုးစားခြင်းမရှိကြ။
လိမ်လည်သောသက်သေသည် ပျက်စီးသွားလိမ့်မည်။ ကိုယ်တိုင်ကြားရသောသူမူကား အစဉ်ပြောဆိုနေလိမ့်မည်။
ထိုသူတို့အား ‘သင်တို့လည်း စပျစ်ခြံသို့သွားကြလော့။ ထိုက်သင့်သည့်လုပ်အားခကို သင်တို့အား ငါပေးမည်’ဟု ဆိုသဖြင့် သူတို့သည်သွားကြ၏။
တစ်ဖန် ယေရှုက“ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုယုံကြည်သည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုယုံကြည်၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါ့စကားကိုနားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရရှိသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းပြီဖြစ်၏။
လူတို့ကလည်း “သင်သည် ရူးသွပ်နေပြီ”ဟု သူ့အား ဆိုကြ၏။ သို့သော် သူသည် မိမိပြောသည့်အတိုင်း အမှန်ဖြစ်ကြောင်း အခိုင်အမာပြောဆိုသောအခါ သူတို့က “ပေတရု၏ကောင်းကင်တမန်ဖြစ်လိမ့်မည်”ဟု ဆိုကြ၏။
သို့ရာတွင် လုပ်ဆောင်မှုမရှိသော်လည်း ဘုရားတရားမဲ့သောသူအား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကို ယုံကြည်သောသူအတွက်မူကား ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။
“ငါယုံကြည်သောကြောင့် ငါဟောပြော၏”ဟု ရေးထားသည့်အတိုင်း ထိုယုံကြည်ခြင်းနှင့်ဆိုင်သောဝိညာဉ်တော်ကို ငါတို့ရရှိကြသည်ဖြစ်၍ ငါတို့သည်လည်း ယုံကြည်သောကြောင့် ဟောပြောကြ၏။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးဘဲ လိုအပ်သောသူအား ဝေမျှစရာရှိစေရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို အားထုတ်လုပ်ဆောင်စေ။
ခရစ်တော်ယေရှုသည် အပြစ်သားတို့ကိုကယ်တင်ရန် ဤလောကသို့ကြွလာတော်မူ၏ဟူသောစကားသည် သစ္စာစကားဖြစ်ပြီး အပြည့်အဝလက်ခံထိုက်သောစကားဖြစ်၏။ ထိုအပြစ်သားများထဲတွင် ငါသည် အဆိုးဆုံးဖြစ်၏။
သို့ဖြစ်၍ အမျိုးသားတို့သည် အမျက်ထွက်ခြင်းနှင့်ငြင်းခုံခြင်းတို့မရှိဘဲ အရပ်ရပ်တို့၌ သန့်ရှင်းသောလက်ကိုမြှောက်ချီ၍ဆုတောင်းကြရန် ငါအလိုရှိ၏။
သားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲဒုက္ခခံရသူများကိုကူညီစောင့်ရှောက်ခြင်း၊ ကောင်းသောအမှုရှိသမျှတို့ကိုပါဝင်လုပ်ဆောင်ခြင်း စသည့်ကောင်းသောအမှုများကြောင့် ချီးကျူးခံရသူဖြစ်ရမည်။
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။
သူသည် မှန်ကန်ပြည့်စုံသောသြဝါဒအားဖြင့် တိုက်တွန်းနှိုးဆော်နိုင်ရန်နှင့် ဆန့်ကျင်ပြောဆိုသောသူတို့၏အပြစ်ကိုဖော်ပြနိုင်ရန် မိမိသင်ယူထားသည့် သစ္စာနှင့်ပြည့်စုံသောနှုတ်ကပတ်တရားကို စွဲကိုင်ထားရမည်။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
အရာရာ၌ ကောင်းသောလုပ်ဆောင်မှု၏စံနမူနာကို သင်ကိုယ်တိုင်ပြသလော့။ ဩဝါဒပေးရာတွင် သမာဓိနှင့်တည်ကြည်လေးနက်ခြင်းရှိလျက်
အုပ်ချုပ်သူများနှင့်အာဏာပိုင်များကို နာခံလျက် ထိုသူတို့၏စကားကိုနားထောင်ရန်လည်းကောင်း၊ ကောင်းသောအမှုရှိသမျှတို့အတွက် အသင့်ရှိရန်လည်းကောင်း၊
ငါတို့၏လူများသည်လည်း အသီးမသီးသောသူမဖြစ်မည့်အကြောင်း အရေးတကြီးလိုအပ်သောအရာများအတွက် ကောင်းသောအမှုတို့ကို ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမည်။
သူသည် ယခင်က သင့်အတွက် အသုံးမဝင်သူဖြစ်ခဲ့သော်လည်း ယခုမူကား သင့်အတွက်ရော ငါ့အတွက်ပါ အသုံးဝင်သူဖြစ်လာ၏။
ထို့ပြင် မေတ္တာထားရန်နှင့် ကောင်းသောအမှုကိုပြုရန် အချင်းချင်းမည်ကဲ့သို့တိုက်တွန်းနှိုးဆော်ရမည်ကို ဆင်ခြင်ကြကုန်စို့။
ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။