ကိုယ်တော်သည် ကယ်တင်ခြင်းဒိုင်းလွှားကို အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏နူးညံ့သိမ်မွေ့သောသဘောကြောင့် အကျွန်ုပ်သည် ကြီးမြတ်သူဖြစ်လာရပါ၏။
တိတု 3:2 - မြန်မာ့စံမီသမ္မာကျမ်း မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်းမပြုဘဲ ညင်သာသောသဘောရှိလျက် လူအပေါင်းတို့အပေါ် နူးညံ့သိမ်မွေ့ခြင်းကိုပြသရန်လည်းကောင်း သူတို့အား သတိပေးနှိုးဆော်လော့။ Common Language Bible မည်သူ့အကြောင်းကိုမျှမကောင်းမပြောဘဲ ငြိမ်းချမ်းခင်မင်စွာနေထိုင်ကြစေရန်နှင့် အစဉ်အမြဲလူခပ်သိမ်းတို့အားသိမ်မွေ့စွာ ဆက်ဆံကြစေရန်သူတို့အားပြောကြား လော့။- Garrad Bible မည် သူ့ ကို မျှ မ ကဲ့ ရဲ့ ဘဲ ရန် မ လို သူ၊ နူး ညံ့ သူ၊ သူ ခပ် သိမ်း တို့ ရှေ့ သိမ် မွေ့ သူ ဖြစ် ကြ စေ ရန် သူ တို့ ကို သ တိ ပေး လော့။ Judson Bible အဘယ်သူကိုမျှမကဲ့ရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညင်းသော သဘောရှိ၍၊ ခပ်သိမ်းသော သူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှာလည်းကောင်း သတိပေးလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်း မပြုဘဲ လူတိုင်းအပေါ် ထောက်ထားညှာတာသော စိတ်နှင့် နူးညံ့သိမ်မွေ့စွာ ဆက်ဆံရမည်။ |
ကိုယ်တော်သည် ကယ်တင်ခြင်းဒိုင်းလွှားကို အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏နူးညံ့သိမ်မွေ့သောသဘောကြောင့် အကျွန်ုပ်သည် ကြီးမြတ်သူဖြစ်လာရပါ၏။
သူတစ်ပါးကိုအသရေပျက်အောင် ပြောဆိုသောသူတို့သည် မြေကြီးပေါ်၌ တည်မြဲခြင်းမရှိကြပါစေနှင့်။ ဘေးအန္တရာယ်သည် ရက်စက်ကြမ်းကြုတ်သောသူကို လိုက်၍ နှိမ်နင်းဖျက်ဆီးပါစေသော။
အမျက်ဒေါသကြီးမားသောသူသည် အပြစ်ဒဏ်ခံရလိမ့်မည်။ သူ့ကိုကယ်နုတ်လျှင်လည်း နောက်တစ်ဖန်ထပ်၍ ကယ်နုတ်ရဦးမည်။
ငြင်းခုံရန်တွေ့တတ်သောမယားနှင့် တစ်အိမ်တည်းအတူနေရခြင်းထက် ခေါင်မိုးပြင်ထောင့်၌နေရခြင်းသည် ပို၍ကောင်း၏။
လိမ်လည်ထွက်ဆိုသောမုသားသက်သေနှင့် ညီအစ်ကိုတို့ကြား၌ အငြင်းပွားမှုများဖြစ်ပွားစေသော သူတို့ဖြစ်ကြ၏။
ကိုယ်တော်သည် သိုးထိန်းကဲ့သို့ သိုးစုကို ထိန်းကျောင်းတော်မူမည်။ သိုးသငယ်တို့ကို လက်ရုံးတော်ဖြင့်စုစည်း၍ ရင်ခွင်၌ပွေ့ပိုက်တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ညင်ညင်သာသာပို့ဆောင်တော်မူမည်။
ငါသည် နူးညံ့သိမ်မွေ့လျက် နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် ငါ့ထမ်းပိုးကိုယူ၍ထမ်းကာ ငါ့ထံ၌နည်းခံကြလော့။ ထိုအခါ သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
ပေါလုကလည်း “ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်ကြောင်း အကျွန်ုပ်မသိပါ။ အမှန်စင်စစ် ‘သင့်လူမျိုး၏အကြီးအကဲကို သင်သည် မကောင်းမပြောရ’ဟု ကျမ်းစာ၌ရေးထားသည်”ဟု ဆိုလေ၏။
သူခိုးများ၊ လောဘလွန်ကျူးသူများ၊ သောက်စားမူးယစ်သူများ၊ ဝေဖန်ပုတ်ခတ်သူများနှင့် လိမ်လည်လုယူသူများသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်။
ငါသည် လူအပေါင်းတို့ရှေ့၌ လွတ်လပ်သူဖြစ်သော်လည်း ပို၍များသောသူတို့ကိုရရှိနိုင်ရန် လူအပေါင်းတို့ထံ၌ ကိုယ်တိုင်ကျွန်ခံ၏။
သင်တို့နှင့် လူချင်းတွေ့သောအခါ နှိမ့်ချ၍ ကွဲကွာနေစဉ် သင်တို့အပေါ် ရဲဝံ့ပြတ်သားစွာပြုမူတတ်သော ငါပေါလုသည် ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းနှင့်ညင်သာခြင်းတို့ဖြင့် သင်တို့အား မေတ္တာရပ်ခံပါ၏။
ငါရောက်လာသောအခါ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့ကို ငါတွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရသကဲ့သို့ ငါ့ကိုလည်း သင်တို့တွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရမည်ကိုလည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ ရှိမည်ကိုလည်းကောင်း ငါစိုးရိမ်၏။
ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
ညီအစ်ကိုတို့၊ လူတစ်ဦးသည် ကျူးလွန်သောအပြစ်တစ်စုံတစ်ခုထဲ၌ နစ်မွန်းနေလျှင် ဝိညာဉ်သဘောရှိသောသင်တို့သည် နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးကြလော့။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ခြင်းသို့မကျရောက်စေရန် သတိပြုကြလော့။
ထို့ကြောင့် ငါတို့သည် အခါအခွင့်ရသောအခါ လူအပေါင်းတို့အပေါ် အထူးသဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အပေါ် ကောင်းသောအမှုကို ပြုကြကုန်စို့။
အရာရာ၌ စိတ်နှိမ့်ချခြင်းနှင့်နူးညံ့သိမ်မွေ့ခြင်းအပြည့်အဝရှိလျက် စိတ်ရှည်စွာဖြင့် ချစ်ခြင်းမေတ္တာ၌ တစ်ဦးကိုတစ်ဦးသည်းခံကာ
ခပ်သိမ်းသောခါးသီးနာကြည်းခြင်း၊ ဒေါသကြီးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနှင့် စော်ကားပြောဆိုခြင်းတို့ကို မကောင်းမှုအလုံးစုံနှင့်အတူ သင်တို့ထံမှ ဖယ်ရှားကြလော့။
သင်တို့၏ညင်သာသောသဘောကို လူအပေါင်းတို့အား သိစေကြလော့။ သခင်ဘုရားသည် အနီး၌ရှိတော်မူပြီ။
နို့တိုက်မိခင်သည် မိမိ၏သားသမီးများကို ယုယကြင်နာသကဲ့သို့ သင်တို့အလယ်၌ နူးညံ့သိမ်မွေ့သောသူများဖြစ်ကြ၏။
ထိုနည်းတူ ဇနီးသည်တို့သည်လည်း တည်ကြည်လေးနက်သောသူများဖြစ်ရမည်။ ကုန်းချောတတ်သောသူမဟုတ်ဘဲ သမ္မာသတိရှိသောသူ၊ ခပ်သိမ်းသောအရာတို့၌ သစ္စာရှိသောသူများဖြစ်ရမည်။
သူသည် သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူမဟုတ်ဘဲ ညင်သာသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကိုမတပ်မက်သောသူ၊
သို့သော် အထက်အရပ်မှလာသောဉာဏ်ပညာသည် ပထမဦးစွာ သန့်ရှင်းစင်ကြယ်၏။ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ညင်သာသောသဘောနှင့် ပျော့ပျောင်းသောသဘောရှိ၍ ကရုဏာနှင့်ကောင်းမြတ်သောအသီးအပွင့်တို့ဖြင့်ပြည့်စုံကာ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းတို့နှင့် ကင်းစင်၏။
ညီအစ်ကိုတို့၊ အချင်းချင်းပုတ်ခတ်ပြောဆိုခြင်းမပြုကြနှင့်။ ညီအစ်ကိုကိုပုတ်ခတ်ပြောဆိုသောသူ၊ သို့မဟုတ် မိမိညီအစ်ကိုကိုစီရင်သောသူသည် ပညတ်တရားကိုပုတ်ခတ်ပြောဆို၍ ပညတ်တရားကိုစီရင်သူဖြစ်၏။ သင်သည် ထိုသို့ ပညတ်တရားကိုစီရင်လျှင် ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။
ထို့ကြောင့် မကောင်းမှုအမျိုးမျိုးနှင့်တကွ ရှိသမျှသောစဉ်းလဲခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မလိုမုန်းထားခြင်းနှင့် ပုတ်ခတ်ပြောဆိုခြင်းအလုံးစုံတို့ကို ဖယ်ရှားကြလော့။
အကြောင်းမူကား အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောနေ့ရက်တို့ကို တွေ့မြင်လိုသောသူသည် မိမိလျှာကိုချုပ်တည်း၍ မကောင်းသောစကားနှင့်ကင်းလွတ်စေ။ မိမိနှုတ်ကိုလည်းချုပ်တည်း၍ မုသားမပြောမိစေနှင့်။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သင်တို့အားလုံး တစ်စိတ်တစ်သဘောတည်းရှိလျက် ကြင်နာတတ်သောသဘော၊ ညီအစ်ကိုချင်းချစ်တတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့် စိတ်နှိမ့်ချသောသဘောရှိကြလော့။
ယခုမှာ သင်တို့သည် ထိုကဲ့သို့သောလွန်ကဲသည့်အပျော်ကြူးခြင်း၌ သူတို့နှင့်အတူမပါဝင်ကြသောကြောင့် သူတို့သည် အံ့ဩလျက် စော်ကားပြောဆိုကြ၏။
အထူးသဖြင့် ညစ်ညူးသောတပ်မက်မှုအားဖြင့် သွေးသားဇာတိနောက်သို့လိုက်၍ အုပ်စိုးခြင်းကိုမထီမဲ့မြင်ပြုသောသူတို့ကို ထိုသို့ထိန်းသိမ်းထားတော်မူလိမ့်မည်။ ဤသူတို့သည် အတင့်ရဲသောသူ၊ ထင်ရာစိုင်းတတ်သောသူဖြစ်ကြ၍ ကြောက်ရွံ့ခြင်းမရှိဘဲ ဘုန်းအသရေရှိသောသူတို့ကို စော်ကားပြောဆိုတတ်ကြ၏။
သူတို့မူကား မိမိတို့မသိသောအရာများကို စော်ကားပြောဆိုကြလျက် ဆင်ခြင်ဉာဏ်မရှိသော တိရစ္ဆာန်များကဲ့သို့ ပင်ကိုသဘာဝအရသိထားသည့်အရာများ၌ပင် ပျက်စီးခြင်းသို့ရောက်တတ်ကြ၏။
ထိုနည်းတူ ဤအိပ်မက်မြင်မက်တတ်သောသူတို့သည်လည်း ကိုယ်ကာယကိုညစ်ညူးစေလျက် အုပ်စိုးခြင်းကိုဝန်မခံဘဲ ဘုန်းအသရေရှိသောသူကို စော်ကားပြောဆိုတတ်ကြ၏။