ထိုသူတို့က “သင်၏မယားစာရာသည် အဘယ်မှာရှိသနည်း”ဟု အာဗြဟံအား မေးကြလျှင် “တဲထဲ၌ရှိပါသည်”ဟု ပြန်ဖြေလေ၏။
တိတု 2:5 - မြန်မာ့စံမီသမ္မာကျမ်း ဣန္ဒြေစောင့်သောသူ၊ ဖြူစင်သန့်ရှင်းသောသူ၊ အိမ်မှုကိစ္စကိုဆောင်ရွက်သောသူ၊ ကောင်းမွန်သောသူ၊ မိမိခင်ပွန်းသည်ကို နာခံသောသူဖြစ်ကြရန် သတိပေးဆုံးမနိုင်သဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်သည် စော်ကားပြောဆိုခံရခြင်းမှ ကင်းလွတ်လိမ့်မည်။ Common Language Bible ဣန္ဒြေစောင့်စည်းမှု၊ ဖြူစင်မှု၊ အိမ်ရှင်မကောင်း ပီသမှုနှင့်ခင်ပွန်းသည်၏စကားကိုနား ထောင်မှုတို့ကိုလေ့ကျင့်သင်ကြားပေးနိုင်မည်။ ဤနည်းအားဖြင့်ဘုရားသခင်၏တရား တော်ကိုပုတ်ခတ်ပြောဆိုသူရှိမည်မဟုတ် ပေ။ Judson Bible ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံသောသူဖြစ်စေခြင်းငှာ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ဆုံးမပေးရကြမည်အကြောင်း၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိကိုယ်ကိုယ်ချုပ်တည်းသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စကို ကောင်းစွာ ထိန်းသိမ်းနိုင်သူ၊ ကြင်နာတတ်သူ၊ ခင်ပွန်းသည်ကို နာခံသူများ ဖြစ်ရန် သင်ပေးနိုင်လိမ့်မည်။ သို့မှသာ မည်သူမျှ ဘုရားသခင်၏တရားတော်ကို စော်ကားနိုင်မည်မဟုတ်။ |
ထိုသူတို့က “သင်၏မယားစာရာသည် အဘယ်မှာရှိသနည်း”ဟု အာဗြဟံအား မေးကြလျှင် “တဲထဲ၌ရှိပါသည်”ဟု ပြန်ဖြေလေ၏။
မိန်းမအားလည်း “သင်သန္ဓေတည်သောအခါ ငါသည် သင့်ကို ပင်ပန်းခက်ခဲမှု အများအပြားကြုံတွေ့စေမည်။ သင်သည် နာကျင်ခက်ခဲစွာသားဖွားရမည်။ သင်၏အလိုဆန္ဒသည် သင်၏ခင်ပွန်းအတွက်ဖြစ်လိမ့်မည်။ သူသည် သင့်ကိုအုပ်စိုးလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် အရှင်မင်းကြီးသည် ဤအမှုအားဖြင့် စင်စစ် ထာဝရဘုရား၏ရန်သူတို့ မထီလေးစားပြုစရာ ဖြစ်စေလေပြီ။ ထို့ကြောင့် ယခုမွေးဖွားမည့် မင်းကြီး၏သားတော်သည် မုချသေရလိမ့်မည်”ဟု ဆိုပြီးလျှင်
အို ဘုရားသခင်၊ ရန်ဖက်ပြုသောသူသည် မည်မျှကြာအောင် ကဲ့ရဲ့ပြစ်တင်လျက်နေလိမ့်မည်နည်း။ ရန်သူသည် ကိုယ်တော်၏နာမတော်ကို အစဉ်မထီလေးစားပြုမည်လော။
ယုပ္ပေမြို့တွင် ဒေါ်ကာဟု အဓိပ္ပာယ်ရသည့် တဗိသအမည်ရှိသော တပည့်တော်မတစ်ဦးရှိ၏။ သူသည် ကောင်းသောအမှု၊ ပေးကမ်းစွန့်ကြဲခြင်းအမှုတို့နှင့် ပြည့်စုံ၏။
ထို့ကြောင့် ပေတရုသည် ထ၍ သူတို့နှင့်အတူလိုက်သွားလေ၏။ ပေတရုရောက်လာသောအခါ လူတို့သည် သူ့ကို အထက်ခန်းသို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမအားလုံးတို့သည် ပေတရုအနီး၌ရပ်လျက် ငိုကြွေးကာ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်က ချုပ်လုပ်ခဲ့သောအင်္ကျီနှင့်ဝတ်ရုံများကို ပြကြ၏။
ဤသည်ကား “ဘုရားသခင်၏နာမတော်သည် သင်တို့ကြောင့် လူမျိုးခြားတို့တွင် စော်ကားပြောဆိုခြင်းကိုခံရလျက်ရှိ၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
သို့သော် သင်တို့အား ငါသိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။
မိန်းမတို့သည် အသင်းတော်တွင် တိတ်ဆိတ်စွာနေကြရမည်။ အကြောင်းမူကား သူတို့၌ ဟောပြောရသောအခွင့်မရှိ။ ပညတ်တရား၌လည်းဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။
မည်သို့ပင်ဖြစ်စေ သင်တို့တစ်ဦးစီသည်လည်း မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။ ဇနီးသည်တို့သည်လည်း မိမိခင်ပွန်းသည်ကို ရိုသေကြလော့။
ဇနီးသည်တို့၊ သခင်ဘုရား၌ရှိသောသူနှင့်သင့်လျော်သည်နှင့်အညီ ခင်ပွန်းသည်ကို နာခံကြလော့။
သားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲဒုက္ခခံရသူများကိုကူညီစောင့်ရှောက်ခြင်း၊ ကောင်းသောအမှုရှိသမျှတို့ကိုပါဝင်လုပ်ဆောင်ခြင်း စသည့်ကောင်းသောအမှုများကြောင့် ချီးကျူးခံရသူဖြစ်ရမည်။
ဘုရားသခင်၏နာမတော်နှင့်သွန်သင်ချက်တို့သည် စော်ကားပြောဆိုခြင်းမခံရစေရန် ကျွန်ထမ်းပိုးအောက်၌ရှိသမျှသောသူတို့သည် မိမိတို့သခင်များကို အပြည့်အဝရိုသေထိုက်သူများဟု မှတ်ယူကြပါစေ။
ထိုအခါ သူတို့သည် ငယ်ရွယ်သောအမျိုးသမီးတို့အား ခင်ပွန်းသည်ကိုချစ်သောသူ၊ သားသမီးများကိုချစ်သောသူ၊