ရှာရုန်မြို့သား ရှိတရဲသည် ရှာရုန်အရပ်၌ကျက်စားသောတိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။ အာဒလဲ၏သားရှာဖတ်သည် ချိုင့်ဝှမ်းလွင်ပြင်တိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။
တမန်တော်ဝတ္ထု 9:35 - မြန်မာ့စံမီသမ္မာကျမ်း လုဒ္ဒမြို့နှင့်ရှာရုန်ဒေသ၌ နေထိုင်သောသူအပေါင်းတို့သည် အဲနေကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြ၏။ Common Language Bible လုဒ္ဒမြို့နှင့်ရှာရုန်လွင်ပြင်တွင်နေထိုင်သူလူ အပေါင်းတို့သည်သူ့ကိုတွေ့မြင်၍ သခင် ဘုရားထံတော်သို့ပြောင်းလဲလာကြ၏။ Garrad Bible လု ဒ မြို့ မှ စ၍ ရှာ ရုန် နယ် သူ နယ် သား အ ပေါင်း တို့ သည် ထို သူ့ ကို မြင်၍ အ ရှင် ဘု ရား ထံ လှည့် ဝင် ကြ၏။ Judson Bible လုဒ္ဒမြို့နှင့် ရှာရုန်အရပ်၌ နေသောသူ အပေါင်းတို့သည် ထိုသူကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လုဒ္ဒမြို့နှင့် ရှာရုန်ဒေသရှိလူများသည်လည်း အဲနေကို မြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြ၏။ |
ရှာရုန်မြို့သား ရှိတရဲသည် ရှာရုန်အရပ်၌ကျက်စားသောတိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။ အာဒလဲ၏သားရှာဖတ်သည် ချိုင့်ဝှမ်းလွင်ပြင်တိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။
သူတို့သည် ဂိလဒ်ပြည်၊ ဗာရှန်ပြည်နှင့် ထိုပြည်၏မြို့ရွာများမှစ၍ ရှာရုန်နယ်မြေအစွန်အဖျားအထိ စားကျက်မြေအားလုံးတို့တွင် နေထိုင်ကြ၏။
ဧလပါလ၏သားများမှာ ဧဗာ၊ မိရှဟံ၊ ရှာမက် တို့ဖြစ်ကြ၏။ ရှာမက်သည် ဩနောမြို့၊ လောဒမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများကို တည်ဆောက်ခဲ့၏။
လောဒမြို့သား၊ ဟာဒိဒ်မြို့သားနှင့် ဩနောမြို့သား စုစုပေါင်း ခုနစ်ရာနှစ်ဆယ့်ငါးယောက်၊
လောဒမြို့သား၊ ဟာဒိဒ်မြို့သားနှင့် ဩနောမြို့သားပေါင်း ခုနစ်ရာနှစ်ဆယ့်တစ်ယောက်၊
သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။
ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။
အစ္စရေးအမျိုးသားတို့၊ သင်တို့ ပြင်းပြင်းထန်ထန်ဆန့်ကျင်ပုန်ကန်ခဲ့သော အရှင်ထံသို့ ပြန်လာကြလော့။
တိုင်းပြည်သည် ငိုကြွေးမြည်တမ်း၍ အားလျော့လေပြီ။ လက်ဘနွန်တောင်သည် အရှက်ရ၍ ညှိုးနွမ်းလေပြီ။ ရှာရုန်အရပ်သည် အရာဗလွင်ပြင်နှင့်တူလေပြီ။ ဗာရှန်တောင်၊ ကရမေလတောင်သည် မိမိတို့အရွက်များကိုခါချပြီ။
ဝေဝေဆာဆာဖူးပွင့်၍ ဝမ်းမြောက်ပျော်ရွှင်စွာ သီချင်းဆိုလိမ့်မည်။ လက်ဘနွန်တောင်၏ဘုန်းအသရေ၊ ကရမေလတောင်နှင့် ရှာရုန်လွင်ပြင်တို့၏ခန့်ညားထည်ဝါမှုကို ရရှိလိမ့်မည်။ ထာဝရဘုရား၏ဘုန်းအသရေ၊ ငါတို့ဘုရားသခင်၏ခန့်ညားထည်ဝါမှုကို မြင်ရလိမ့်မည်။
ငါ့ကိုရှာဖွေသော ငါ၏လူတို့အတွက် ရှာရုန်လွင်ပြင်သည် သိုးစားကျက်ဖြစ်မည်။ အာခေါ်ချိုင့်ဝှမ်းသည် နွားအုပ် လဲလျောင်းရာအရပ်ဖြစ်မည်။
ဤသို့သောအမှုကို မည်သူကြားဖူးသနည်း။ ဤသို့သောအမှုများကို မည်သူမြင်ဖူးသနည်း။ တိုင်းပြည်တစ်ပြည်ကို တစ်ရက်အတွင်း မွေးဖွားနိုင်သလော။ လူမျိုးတစ်မျိုးကို တစ်ခဏအတွင်း မွေးဖွားနိုင်သလော။ သို့သော် ဇိအုန်မြို့သည် မီးဖွားချိန်ရောက်သည်နှင့် သားသမီးများကို မွေးဖွားလေပြီ။
သင်သည် သင်၏ဘုရားသခင်ထံသို့ ပြန်လှည့်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားတို့ကို စောင့်ထိန်းလော့။ သင်၏ဘုရားသခင်ကို အစဉ်စောင့်မျှော်လော့။
သင်တို့သည် ထာဝရဘုရားထံပြန်လာ၍ “အပြစ်ရှိသမျှ ခွင့်လွှတ်တော်မူပါ။ ကောင်းသောအရာတို့ကို လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် နွားထီးကိုပူဇော်သကဲ့သို့ နှုတ်ဖြင့်ချီးမွမ်းပါမည်။
သင်တို့သည် အဝတ်ကိုမဆုတ်၊ နှလုံးသားကိုဆုတ်ပြီး သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသော၊ ဘေးအန္တရာယ်ကို လွှဲဖယ်ပေးတော်မူတတ်သောဘုရား ဖြစ်၏။
သခင်ဘုရား၏လက်တော်သည်လည်း သူတို့နှင့်အတူရှိသဖြင့် များစွာသောသူတို့သည်ယုံကြည်၍ သခင်ဘုရားထံသို့ပြောင်းလဲလာကြ၏။
ထို့ကြောင့် လူမျိုးခြားတို့ထဲမှ ဘုရားသခင်ထံပြောင်းလဲလာသောသူတို့ကို ဒုက္ခမပေးဘဲ
နှစ်နှစ်ပတ်လုံး ထိုသို့ပြုသောကြောင့် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ အာရှပြည်၌နေထိုင်သောသူအပေါင်းတို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာရကြ၏။
ဤသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားသည် တန်ခိုးအရှိန်အဝါဖြင့်ကြီးထွားလျက် ဩဇာလွှမ်းလေ၏။
ဘုရားသခင်ကိုချီးမွမ်းလျက် လူအပေါင်းတို့ရှေ့တွင် မျက်နှာရကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသောသူတို့၏အရေအတွက်ကို နေ့စဉ်နှင့်အမျှတိုးပွားစေတော်မူ၏။
သို့သော် နှုတ်ကပတ်တရားကို ကြားနာသူများစွာတို့သည် ယုံကြည်ကြရာ ယောက်ျားအရေအတွက် ငါးထောင်ခန့်မျှဖြစ်လာလေ၏။
ဤသို့ဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားသည်ပျံ့နှံ့သွား၍ ဂျေရုဆလင်မြို့၌ တပည့်တော်တို့၏အရေအတွက်သည် အလွန်တိုးပွားလာ၏။ ယဇ်ပုရောဟိတ်အစုအဝေးကြီးသည်လည်း ယုံကြည်ခြင်းတရားကိုနာခံလာကြ၏။
ထိုအခါ ပေတရုက “အဲနေ၊ ယေရှုခရစ်တော်သည် သင့်ကိုကျန်းမာစေတော်မူပြီ။ ထ၍ ကိုယ့်အိပ်ရာကို ကိုယ်သိမ်းလော့”ဟု ဆိုလျှင် သူသည် ချက်ချင်းထလေ၏။
ဤသတင်းသည် ယုပ္ပေတစ်မြို့လုံးအနှံ့ကျော်ကြားသွား၍ လူများစွာတို့သည် သခင်ဘုရားကိုယုံကြည်ကြ၏။
သို့သော် သခင်ဘုရားထံသို့ ပြန်လှည့်လာသောအခါ ထိုမျက်နှာလွှားသည် ဖယ်ရှားခြင်းခံရ၏။
သင်တို့သည် နောင်ကာလ၌ ဤအမှုအလုံးစုံတို့နှင့်ကြုံတွေ့၍ ဆင်းရဲဒုက္ခခံရသောအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံသို့ပြန်လာ၍ ကိုယ်တော်၏စကားကို နားထောင်ကြလိမ့်မည်။