ထိုအခါ အာဗြဟံသည် ဘုရားသခင်ထံသို့ဆုတောင်းလေ၏။ ဘုရားသခင်သည်လည်း အဘိမလက်မင်းကြီးမှစ၍ သူ၏မိဖုရား၊ သူ၏ကျွန်မတို့ကို ကျန်းမာစေတော်မူသဖြင့် သူတို့သည် သားသမီးကိုမွေးဖွားကြ၏။
တမန်တော်ဝတ္ထု 8:24 - မြန်မာ့စံမီသမ္မာကျမ်း ရှိမုန်ကလည်း “သင်တို့ပြောသည့်အရာတစ်ခုမျှ အကျွန်ုပ်အပေါ်မသက်ရောက်စေရန် အကျွန်ုပ်အတွက် သခင်ဘုရားထံ ဆုတောင်းပေးကြပါ”ဟု ပြန်ပြောလေ၏။ Common Language Bible ရှိမုန်က``အရှင်တို့မြွက်ဆိုသည့်အမှုအရာ တစ်စုံတစ်ခုကိုမျှမခံရစေရန် သခင်ဘုရား ထံအကျွန်ုပ်၏အတွက်ဆုတောင်းပေးတော်မူ ကြပါ'' ဟုတောင်းပန်လေသည်။ Garrad Bible ရှိ မုန် က ဆ ရာ တို့ ပြော တိုင်း ကျွန် တော်၌ မ သင့် မ ရောက် စေ ရန် အ ရှင် ဘု ရား ထံ တောင်း ပန် ကြ ပါ ဟု ပြန် လျှောက် လေ ၏။ Judson Bible ရှိမုန်ကလည်း၊ မိန့်တော်မူသောအရာ တစ်စုံတစ်ခုမျှ အကျွန်ုပ်အပေါ်သို့ မရောက်ပါမည်အကြောင်း၊ ထာဝရဘုရားကို အကျွန်ုပ်အဖို့ အလိုငှာ ဆုတောင်းတော်မူကြပါဟု ပြန်ပြော၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှိမုန်က “သင်တို့ပြောဆိုခဲ့သောအရာ တစ်စုံတစ်ခုမျှ ကျွန်ုပ်အပေါ် မကျရောက်ရန် ထာဝရဘုရားထံ ကျွန်ုပ်အတွက် တောင်းလျှောက်ပေးကြပါ” ဟု တောင်းဆို၏။ |
ထိုအခါ အာဗြဟံသည် ဘုရားသခင်ထံသို့ဆုတောင်းလေ၏။ ဘုရားသခင်သည်လည်း အဘိမလက်မင်းကြီးမှစ၍ သူ၏မိဖုရား၊ သူ၏ကျွန်မတို့ကို ကျန်းမာစေတော်မူသဖြင့် သူတို့သည် သားသမီးကိုမွေးဖွားကြ၏။
ယခု ထိုသူ၏မယားကို ပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်သောကြောင့် သင့်အတွက်ဆုတောင်းပေးလိမ့်မည်။ ထိုအခါ သင်သည် အသက်ချမ်းသာရာရလိမ့်မည်။ သို့သော် သင်ပြန်မပေးလျှင် သင်နှင့်တကွ သင်နှင့်သက်ဆိုင်သူအားလုံးသည် မုချသေရမည်ကို သိမှတ်လော့”ဟု အဘိမလက်မင်းကြီးအား အိပ်မက်ထဲတွင် မိန့်တော်မူ၏။
ထိုအခါ ရှင်ဘုရင်က ဘုရားသခင်၏လူအား “သင်၏ဘုရားသခင်ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးပါလော့။ ငါ့လက်ကို ပြန်ရုပ်နိုင်ဖို့ ငါ့အတွက် ဆုတောင်းပေးပါလော့”ဟု ဆိုသဖြင့် ဘုရားသခင်၏လူသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးရာ ရှင်ဘုရင်၏လက်သည် နဂိုအတိုင်းပြန်ကောင်းသွား၏။
သို့မှ သူတို့သည် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ အမွှေးနံ့သာကို ပူဇော်၍ ရှင်ဘုရင်နှင့် သူ၏သားသမီးများကောင်းစားဖို့ ဆုတောင်းပေးနိုင်မည်ဖြစ်၏။
ထို့ကြောင့် လမ်းခရီးအတွက် ငါတို့သည် ဘုရားသခင်ထံ အစာရှောင်ဆုတောင်းကြ၏။ ကိုယ်တော်သည် ငါတို့ဆုတောင်းသံကို နားညောင်းတော်မူ၏။
ထို့ကြောင့် နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်ကိုယူ၍ ငါ့အစေအပါးယောဘဆီသွားပြီး မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့အစေအပါးယောဘသည် သင်တို့အဖို့ ဆုတောင်းပေးလိမ့်မည်။ သင်တို့သည် ငါ့အကြောင်းကို ယောဘကဲ့သို့ မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့မိုက်မဲခဲ့သည့်အတိုင်း သင်တို့ကိုမစီရင်မည့်အကြောင်း သူဆုတောင်းပေးလျှင် သူ့မျက်နှာကိုထောက်ပြီး ငါလက်ခံမည်”ဟု မိန့်တော်မူ၏။
ယခုတစ်ကြိမ်သာလျှင် ငါ့အပြစ်ကို ခွင့်လွှတ်ပါလော့။ ဤသေဘေးကိုလည်း ငါ့ထံမှဖယ်ရှားပေးမည့်အကြောင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု မိန့်ဆိုလျှင်
သင်တို့လျှောက်ထားသည့်အတိုင်း သင်တို့၏သိုးဆိတ်များ၊ နွားများကို ယူ၍သွားကြလော့။ ငါ့ကိုလည်း ကောင်းချီးပေးကြလော့”ဟု ဆိုလေ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုခေါ်၍ “ငါနှင့်ငါ၏လူတို့ထံမှ ဖားများကိုဖယ်ရှားပေးမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းလော့။ သို့ပြုလျှင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အစ္စရေးလူတို့ကိုငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
ဇေဒကိမင်းကြီးသည် ရှေလမိ၏သား ယေဟုကလနှင့် မာသေယ၏သား ယဇ်ပုရောဟိတ်ဇေဖနိတို့ကို ပရောဖက်ယေရမိထံသို့စေလွှတ်၍ “ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ ငါတို့အတွက် ဆုတောင်းပေးလော့”ဟု မှာလိုက်လေ၏။
ပရောဖက်ယေရမိထံသို့လာ၍ “အရှင့်ထံ အကျွန်ုပ်တို့ အသနားခံပါသည်။ အရှင်မြင်သည့်အတိုင်း လူအများသည် ယခုအနည်းငယ်သာကျန်ပါသည်။ အကျွန်ုပ်တို့နှင့် ဤကြွင်းကျန်သောလူအားလုံးတို့အဖို့ ထာဝရအရှင်ဘုရားသခင်ထံ ဆုတောင်းပေးပါလော့။
ထို့ကြောင့် လူတို့သည် မောရှေထံသို့လာ၍ “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုလည်းကောင်း၊ သခင့်ကိုလည်းကောင်း ဆန့်ကျင်ပြောဆို၍ ပြစ်မှားမိကြပါပြီ။ ထိုမြွေများကို အကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးတော်မူပါမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းပေးပါ”ဟု ဆိုကြသဖြင့် မောရှေသည် လူတို့အတွက် ဆုတောင်းပေးလေ၏။
သို့ဖြစ်၍ သင်တို့သည် ကျန်းမာစေခြင်းကိုခံရမည့်အကြောင်း တစ်ဦးနှင့်တစ်ဦး မိမိ၏အပြစ်များကိုဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူ၏စိတ်အားထက်သန်သည့်ဆုတောင်းချက်သည် အလွန်တန်ခိုးပါ၍ ထိရောက်မှုရှိ၏။
ထို့ကြောင့် လူအပေါင်းတို့က ရှမွေလအား “အကျွန်ုပ်တို့သည် ရှင်ဘုရင်ကိုတောင်းဆိုခြင်းဖြင့် အကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့အပေါ်၌ ထပ်၍မကောင်းမှုကိုပြုမိပါပြီ။ အကျွန်ုပ်တို့ မသေရမည့်အကြောင်း အရှင်၏အစေအပါး အကျွန်ုပ်တို့အဖို့ အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု ဆိုကြ၏။
ငါမူကား သင်တို့အဖို့ ဆုမတောင်းဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှားခြင်းသည် ငါနှင့်ဝေးပါစေ။ ငါသည် သင်တို့အား ကောင်းမြတ်သောလမ်း၊ မှန်ကန်သောလမ်းကို သွန်သင်ပြသလျက်နေပါမည်။