တမန်တော်ဝတ္ထု 8:24 - Garrad Bible24 ရှိ မုန် က ဆ ရာ တို့ ပြော တိုင်း ကျွန် တော်၌ မ သင့် မ ရောက် စေ ရန် အ ရှင် ဘု ရား ထံ တောင်း ပန် ကြ ပါ ဟု ပြန် လျှောက် လေ ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 ရှိမုန်က``အရှင်တို့မြွက်ဆိုသည့်အမှုအရာ တစ်စုံတစ်ခုကိုမျှမခံရစေရန် သခင်ဘုရား ထံအကျွန်ုပ်၏အတွက်ဆုတောင်းပေးတော်မူ ကြပါ'' ဟုတောင်းပန်လေသည်။ အခန်းကိုကြည့်ပါ။Judson Bible24 ရှိမုန်ကလည်း၊ မိန့်တော်မူသောအရာ တစ်စုံတစ်ခုမျှ အကျွန်ုပ်အပေါ်သို့ မရောက်ပါမည်အကြောင်း၊ ထာဝရဘုရားကို အကျွန်ုပ်အဖို့ အလိုငှာ ဆုတောင်းတော်မူကြပါဟု ပြန်ပြော၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 ရှိမုန်ကလည်း “သင်တို့ပြောသည့်အရာတစ်ခုမျှ အကျွန်ုပ်အပေါ်မသက်ရောက်စေရန် အကျွန်ုပ်အတွက် သခင်ဘုရားထံ ဆုတောင်းပေးကြပါ”ဟု ပြန်ပြောလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း24 ရှိမုန်က “သင်တို့ပြောဆိုခဲ့သောအရာ တစ်စုံတစ်ခုမျှ ကျွန်ုပ်အပေါ် မကျရောက်ရန် ထာဝရဘုရားထံ ကျွန်ုပ်အတွက် တောင်းလျှောက်ပေးကြပါ” ဟု တောင်းဆို၏။ အခန်းကိုကြည့်ပါ။ |
ထို အ ခါ ဘု ရင် မင်း က ပြ က တေ့ အ ဖြစ် သို့ ငါ့ လက် ရုံး ရောက် စေ ခြင်း ငှါ ငါ့ အ ဖို့ တောင်း လျှောက် ၍ သင့် ဘုရား သ ခင် ထာ ဝ ရ ဘု ရား ထံ အ သ နား တော် ခံ ပါ လော့ ဟု ဘု ရား သ ခင့် လူ ယုံ တော် ကို တောင်း ပန် သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား ထံ ဘု ရား သ ခင့် လူ ယုံ တော် အ သ နား တော် ခံ သ ဖြင့် ဘု ရင် မင်း လက် ရုံး သည် ပြ က တေ့ အ ဖြစ် သို့ ရောက် ပြန် လေ ၏။
ထို့ ကြောင့် ငါ နှင့် စပ် လျဉ်း၍ ထိုက် သင့် ရာ ကို၊ ငါ့ ကျွန် ယော ဘ ကဲ့ သို့ မ ပြော မ ဆို သည့် အ တွက်၊ သင် တို့ ကို ငါ မ ရှုတ် ချ စေ ရန်၊ နွား ထီး ခု နစ် ကောင်၊ သိုး ထီး ခု နစ် ကောင် တို့ ကို ငါ့ ကျွန် ယော ဘ ထံ ဆောင် သွား၍၊ ကိုယ့် အ ဖို့ မီး ရှို့ ရာ ပူ ဇော် သ က္ကာ ကို ပူ ဇော် ကြ လော့။ ငါ့ ကျွန် ယော ဘ သည် မျက် နှာ သာ ရ၍၊ သင် တို့ အ တွက် တောင်း ပန် လိမ့် မည် ဟု မိန့် တော် မူ၏။
ထို ကာ လ အိ ဂျစ် ပြည် မှ ဖာ ရော မင်း၏ အ လုံး အ ရင်း ချီ ထွက် လာ ကြောင်း ကြား ကြ သည့် အ တိုင်း၊ ယေ ရု ရှ လင် မြို့ ကို ဝန်း ဝိုင်း သော၊ ခါ လ ဒဲ တပ် သား တို့ ဆုတ် ခွာ ကြ သ ဖြင့်၊ ဇေ ဒ ကိ မင်း သည် ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ၊ ငါ တို့ အ ဖို့ အ သ နား တော် ခံ ပါ လော့ ဟု တောင်း ဆို ရန်၊ ထောင် မ ချ မီ မြို့ သူ မြို့ သား တို့ နှင့် ဝင် ထွက် ခွင့် ရှိ သေး သူ ပ ရော ဖက် ယေ ရ မိ ထံ ရှေ လ မိ သား ယေ ဟု ကလ၊ မာ သေ ယ သား ပ ရော ဟိတ် ဇေ ဖ နိ တို့ ကို လွှတ် လိုက် ၏။
ကျွန် တော် တို့ တောင်း ပန် ချက် ကို နာ ခံ ပါ။ ကိုယ် တော် ဒိ ဋ္ဌ မြင် ရ သည့် အ တိုင်း၊ အ မြောက် အ မြား တို့ အ နက်၊ အ နည်း ငယ် မျှ ကြွင်း ကျန် နေ ရစ် သူ ကျွန် တော် တို့ အ ဖို့၊ ကိုယ် တော် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ လိုက် အပ် သော လမ်း၊ ပြု အပ် သော အ မှု ကို ကျွန် တော် တို့ အား ဖော် ပြ တော် မူ ပါ မည့် အ ကြောင်း ကိုယ် တော့် ဘုရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ တောင်း လျှောက် ပါ ဟု တောင်း ပန် ကြ ရာ၊