သို့ရာတွင် အမြင့်ဆုံးသောဘုရားသည် လူ့လက်ဖြင့်တည်ဆောက်သောဗိမာန်များတွင် ကိန်းဝပ်တော်မမူ။
``သို့ရာတွင်အမြင့်မြတ်ဆုံးသောဘုရား သည် လူတည်ဆောက်သောအိမ်များတွင်ကျိန်း ဝပ်တော်မမူ။ ဟုပရောဖက်ကပြော၏။-
သို့ ရာ တွင် ထာ ဝ ရ ဘု ရား က မိုး ကောင်း ကင် သည် ငါ့ ပ လ္လင်၊ မြေ ကြီး လည်း ငါ့ ခြေ တင် ရာ ဖြစ် သည် နှင့် မည် သို့ သော ဗိ မာန် ကို ငါ့ အ ဖို့ တည် ဆောက် ကြ မည် နည်း။ မည် သို့ သော နေ ရာ၌ ငါ ကိန်း ဝပ် ရာ ကို ဖြစ် စေ ကြ မည် နည်း။ ဤ အ ရာ ခပ် သိမ်း ကို ငါ့ လက် ဖြင့် ဖန် ဆင်း သည် မ ဟုတ် လော ဟူ သော အ မိန့် တော် ကို ပ ရော ဖက် ဆင့် ဆို သည့် အ တိုင်း မြင့် မြတ် သော အ ရှင် သည် လက် လုပ် ဖြစ် သော ဗိ မာန် တွင် ကိန်း ဝပ် တော် မူ သည် မ ဟုတ်။
သို့သော်လည်း ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။-
သို့သော် အမြင့်မြတ်ဆုံးသောဘုရားသည် လူသားတို့လက်ဖြင့် ဆောက်လုပ်သောအိမ်တော်တွင် မစံမြန်းပေ။ ထိုသို့ ထာဝရဘုရားက ပရောဖက်တစ်ပါးအားဖြင့် ဟောသည်မှာ
အကယ်စင်စစ် ဘုရားသခင်သည် ဤမြေကြီးပေါ်တွင် ကိန်းဝပ်တော်မူမည်လော။ ကြည့်ရှုလော့။ ကောင်းကင်သာမက အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်ပါ။ သို့ဖြစ်၍ အကျွန်ုပ်ဆောက်ထားသောဤအိမ်တော်ကား အဘယ်ဆိုဖွယ်ရာရှိပါလိမ့်မည်နည်း။
အကယ်စင်စစ် ဘုရားသခင်သည် လူသားတို့နှင့်အတူ ဤမြေကြီးပေါ်တွင် ကိန်းဝပ်တော်မူမည်လော။ ကြည့်ရှုလော့။ ကောင်းကင်သာမက အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်ပါ။ သို့ဖြစ်၍ အကျွန်ုပ်ဆောက်ထားသောဤအိမ်တော်ကား အဘယ်ဆိုဖွယ်ရာရှိပါလိမ့်မည်နည်း။
မြစ်တစ်မြစ်ရှိ၏။ ၎င်း၏ရေစီးကြောင်းတို့သည် အမြင့်ဆုံးသောအရှင်၏ သန့်ရှင်းသောကိန်းဝပ်တော်မူရာတဲတော် တည်းဟူသော ဘုရားသခင်၏မြို့တော်ကို ဝမ်းမြောက်စေ၏။
ထာဝရဘုရားသည် ဖြောင့်မတ်တော်မူခြင်း ရှိသည့်အတိုင်း ငါသည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ အမြင့်ဆုံးသောထာဝရဘုရား၏နာမတော်ကို သီဆိုချီးမွမ်းမည်။
အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။
“ထာဝရဘုရားသည် ငါ၏ခိုလှုံရာဖြစ်တော်မူ၏”ဟု သင်သည်ဆိုလျက် အမြင့်ဆုံးသောအရှင်ကို သင်၏မှီခိုရာဖြစ်စေသောကြောင့်
အို ထာဝရဘုရား၊ ကိုယ်တော်မူကား မြင့်သောအရပ်၌ အစဉ်အမြဲရှိတော်မူ၏။
ဤသည်ကား ကောင်းကင်တမန်တို့ကြေညာသော စီရင်ချက်ဖြစ်၏။ သန့်ရှင်းသူတို့၏စကားလည်း ဖြစ်၏။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူအား ပေးတော်မူကြောင်းနှင့် အနိမ့်ဆုံးသောသူကိုပင် အုပ်စိုးခွင့်ပေးတော်မူကြောင်းကို အသက်ရှင်သူတို့ သိစေရန် ဖြစ်၏’ဟု ဆိုလေ၏။
အချိန်စေ့သောအခါ ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်သို့မော့ကြည့်၍ လူ့စိတ်ပြန်ဝင်လေ၏။ ထို့ကြောင့် အမြင့်ဆုံးသောအရှင်ကို ချီးမွမ်း၏။ ထာဝရအသက်ရှင်တော်မူသောအရှင်၏ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ချီးမြှောက်၏။ ကိုယ်တော်၏အာဏာစက်သည် ထာဝရအာဏာစက် ဖြစ်၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း ကာလအစဉ်တည်၏။
သူတို့ပြန်လှည့်လာသော်လည်း အမြင့်ဆုံးသောအရှင်ထံသို့ မဟုတ်။ သူတို့သည် ကြိုးလျော့နေသောလေးနှင့် တူကြ၏။ အကြီးအကဲတို့သည် မောက်မာသောစကားများကြောင့် ဓားဖြင့် ကျဆုံးရလိမ့်မည်။ အီဂျစ်ပြည်တွင် အထင်အမြင်သေးစရာ ဖြစ်လိမ့်မည်။
သူသည် ကြီးမြတ်သောသူဖြစ်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟူ၍လည်း ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အား သူ့အဖဒါဝိဒ်၏ရာဇပလ္လင်ကိုပေးတော်မူ၍
ယာယီတဲဖြစ်သော ငါတို့၏မြေကြီးအိမ်သည် ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့်မတည်ဆောက်၊ ဘုရားသခင်တည်ဆောက်တော်မူသော ထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏။
အမြင့်ဆုံးသောအရှင်သည် လူတို့ကို အမွေခွဲဝေပေးသောအခါ၊ လူသားတို့ကို နေရာပိုင်းခြားသောအခါ အစ္စရေးအမျိုးသားတို့၏အရေအတွက်အတိုင်း နယ်နိမိတ်များကို သတ်မှတ်ပေးတော်မူ၏။