တမန်တော်ဝတ္ထု 7:48 - Garrad Bible48-50 သို့ ရာ တွင် ထာ ဝ ရ ဘု ရား က မိုး ကောင်း ကင် သည် ငါ့ ပ လ္လင်၊ မြေ ကြီး လည်း ငါ့ ခြေ တင် ရာ ဖြစ် သည် နှင့် မည် သို့ သော ဗိ မာန် ကို ငါ့ အ ဖို့ တည် ဆောက် ကြ မည် နည်း။ မည် သို့ သော နေ ရာ၌ ငါ ကိန်း ဝပ် ရာ ကို ဖြစ် စေ ကြ မည် နည်း။ ဤ အ ရာ ခပ် သိမ်း ကို ငါ့ လက် ဖြင့် ဖန် ဆင်း သည် မ ဟုတ် လော ဟူ သော အ မိန့် တော် ကို ပ ရော ဖက် ဆင့် ဆို သည့် အ တိုင်း မြင့် မြတ် သော အ ရှင် သည် လက် လုပ် ဖြစ် သော ဗိ မာန် တွင် ကိန်း ဝပ် တော် မူ သည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible48 ``သို့ရာတွင်အမြင့်မြတ်ဆုံးသောဘုရား သည် လူတည်ဆောက်သောအိမ်များတွင်ကျိန်း ဝပ်တော်မမူ။ ဟုပရောဖက်ကပြော၏။- အခန်းကိုကြည့်ပါ။Judson Bible48 သို့သော်လည်း ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း48 သို့ရာတွင် အမြင့်ဆုံးသောဘုရားသည် လူ့လက်ဖြင့်တည်ဆောက်သောဗိမာန်များတွင် ကိန်းဝပ်တော်မမူ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း48 သို့သော် အမြင့်မြတ်ဆုံးသောဘုရားသည် လူသားတို့လက်ဖြင့် ဆောက်လုပ်သောအိမ်တော်တွင် မစံမြန်းပေ။ ထိုသို့ ထာဝရဘုရားက ပရောဖက်တစ်ပါးအားဖြင့် ဟောသည်မှာ အခန်းကိုကြည့်ပါ။ |
မြင့် မြတ် သော ဘု ရား သည် လူ့ ဘုံ ကို အုပ် စိုး၍ အ လို တော် အ လျောက် အာ ဏာ စက် အပ် ပေး လျက် ယုတ် ညံ့ သော သူ့ ကို ပင် ချီး မြှင့် ခန့် ထား တော် မူ ကြောင်း ကို သက် ရှိ သ တ္တ ဝါ တို့ သိ မှတ် ကြ စေ ခြင်း ငှာ ထို အ မိန့် သည် စောင့် ကြည့် သူ တို့၏ ပြ ဋ္ဌာန်း ချက်၊ အ မှု လည်း သန့် ရှင်း သူ တို့၏ စီ ရင် ချက် ကြောင့် ဖြစ် သ တည်း ဟု ဟစ် ကြော် လေ၏။
ဆို ခဲ့ သည့် ကာ လ စေ့ သော အ ခါ ငါ နေ ဗု ခဒ် နေ ဇာ သည် ကောင်း ကင် သို့ မြော် ကြည့် ရာ လူ့ စိတ် ပြန် ရ သ ဖြင့် မြင့် မြတ် သော ဘုရား ကို ဩ ဘာ ပြု၍ အ န န္တ ကာ လ ပတ် လုံး ရှင် နေ တော် မူ သော ဘု ရား ကို ချီး မွမ်း ထော မ နာ ပြု လေ၏။ အာ ဏာ စက် တော် သည် ထာ ဝ ရ ဖြစ် လျက် နိုင် ငံ တော် လည်း ကာ လ အ စဉ် တည် မြဲ ပါ၏။
ယာ ကုပ် လူ မျိုး တော် သည် ထာ ဝ ရ ဘု ရား၏ ပိုင် ရာ တော် နှင့် ဝေ ပုံ တော် ဖြစ် သော ကြောင့် လူ့ သား တို့ ကို ခွဲ ခြား ခြင်း၊ လူ မျိုး တို့ အား အ ပိုင် ပေး ခြင်း များ ကို မြင့် မြတ် သော ဘု ရား ပြု တော် မူ သည့် ကာ လ၊ ဣ သ ရေ လ အ မျိုး သား အ ရေ အ တွက် ကို ထောက်၍၊ လူ အ မျိုး မျိုး တို့၏ နယ် နိ မိတ် များ ချ ထား တော် မူ၏။