၂ ရာချုပ် 6:18 - မြန်မာ့စံမီသမ္မာကျမ်း18 အကယ်စင်စစ် ဘုရားသခင်သည် လူသားတို့နှင့်အတူ ဤမြေကြီးပေါ်တွင် ကိန်းဝပ်တော်မူမည်လော။ ကြည့်ရှုလော့။ ကောင်းကင်သာမက အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်ပါ။ သို့ဖြစ်၍ အကျွန်ုပ်ဆောက်ထားသောဤအိမ်တော်ကား အဘယ်ဆိုဖွယ်ရာရှိပါလိမ့်မည်နည်း။ အခန်းကိုကြည့်ပါ။Common Language Bible18 ``သို့ရာတွင်ဘုရားသခင်သည်လူတို့နှင့် အတူကမ္ဘာမြေကြီးပေါ်တွင် အကယ်ပင်စံ နေတော်မူနိုင်ပါသလော။ ကောင်းကင်ဘဝဂ် ပင်လျှင်ကိုယ်တော်စံနေတော်မူနိုင်အောင် မကျယ်ဝန်းပါလျှင်အကျွန်ုပ်တည်ဆောက် သည့်ဗိမာန်တော်ကားစံနေတော်မူနိုင်ရန် ကျယ်ဝန်းမည်မဟုတ်ပါ။- အခန်းကိုကြည့်ပါ။Garrad Bible18 သို့ သော် လည်း၊ လူ့ ဘောင် တွင် ဤ မြေ ပ ထ ဝီ၌ ဘု ရား သ ခင် မု ချ စံ နေ တော် မူ ပါ မည် လော။ ဘ ဝဂ် အ ထိ ကောင်း ကင် အ ထပ် ထပ် မှာ ပင် ကိုယ် တော် မ ဆံ့ နိုင် ပါ လျှင် အ ကျွန်ုပ် တည် ဆောက် သော ဤ ဗိ မာန် တော် ကား သာ၍ မ ဆံ့ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible18 သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ လူတို့တွင် ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွတ်၊ အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဖွယ်ရာ ရှိပါသနည်း။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ယခု ဟေဇကိမင်းကြီးသည် သင်တို့ကို မလှည့်စားစေနှင့်။ ထိုသို့ မသွေးဆောင်စေနှင့်။ သူ့ကို မယုံကြနှင့်။ အကြောင်းမူကား မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံ၏ဘုရားကမျှ မိမိလူမျိုးကို ငါ့လက်မှလည်းကောင်း၊ ငါ့ဘိုးဘေးတို့လက်မှလည်းကောင်း မကယ်နုတ်နိုင်။ သင်တို့၏ဘုရားတို့သည်လည်း သင်တို့ကို ငါ့လက်မှကယ်နုတ်နိုင်မည်မဟုတ်’ဟူ၍ မိန့်မှာလိုက်သည်”ဟု ပြောကြားစေ၏။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။