ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ဝမ်းမြောက်၍ရွှင်လန်းကြလော့။ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။
တမန်တော်ဝတ္ထု 20:27 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဘုရားသခင်၏အကြံအစည်တော်ကို သင်တို့အား အကုန်အစင်ဖော်ပြခဲ့ပြီ။ Common Language Bible အဘယ်ကြောင့်ဆိုသော်ငါသည်ဘုရားသခင် ၏အကြံအစည်တော်ကို သင်တို့အားအကုန် အစင်ဖော်ပြပြီးသောကြောင့်ဖြစ်၏။- Judson Bible ဘုရားသခင်၏အလိုတော်ကို သင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည်မလွှဲမရှောင်ဘဲ ပြုခဲ့ပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အကြံစည်တော်ရှိသမျှကို သင်တို့အား ဟောပြောရာ၌ ကျွန်ုပ်သည် မတွန့်ဆုတ်ခဲ့သောကြောင့်ဖြစ်၏။ |
ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ဝမ်းမြောက်၍ရွှင်လန်းကြလော့။ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။
အကျွန်ုပ်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို အကျွန်ုပ်စိတ်နှလုံးထဲ၌ ဖုံးကွယ်မထားပါ။ ကိုယ်တော်၏သစ္စာတော်နှင့် ကိုယ်တော်၏ကယ်တင်ခြင်းအကြောင်းကို အကျွန်ုပ်ပြောကြားပါပြီ။ ကိုယ်တော်၏မေတ္တာကရုဏာနှင့် ကိုယ်တော်၏သမ္မာတရားကို လူအစုအဝေးကြီးအလယ်၌ အကျွန်ုပ်ထိမ်ဝှက်မထားပါ။
သို့သော် သူတို့သည် ငါ၏အစည်းအဝေး၌ရပ်ခဲ့မည်ဆိုလျှင် ငါ့စကားကို ငါ့လူမျိုးတော်တို့အား ဆင့်ဆိုကြလိမ့်မည်။ ငါ့လူမျိုးတော်တို့ကို အကျင့်ဆိုး၊ စရိုက်ဆိုးမှ ပြန်လှည့်လာစေခဲ့ကြလိမ့်မည်။
ထာဝရဘုရားက “ထာဝရဘုရား၏အိမ်တော်ဝင်း၌ရပ်၍ ထာဝရဘုရား၏အိမ်တော်သို့ လာရောက်ရှိခိုးကိုးကွယ်ကြသော ယုဒပြည်သူပြည်သားအားလုံးတို့အား ငါမိန့်မှာထားသောစကားရှိသမျှတို့ကို ဆင့်ဆိုလော့။ စကားတစ်ခွန်းကိုမျှ မချန်ထားနှင့်။
ပရောဖက်ယေရမိကလည်း ဂျေရုဆလင်မြို့ရှိ ယုဒဘုရင်ဇေဒကိမင်းကြီးအား ဤစကားအလုံးစုံကို ဆင့်ဆိုလေ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောစကားကိုလည်းကောင်း၊ ငါ့ကို သင်တို့ထံစေလွှတ်၍ ဆင့်ဆိုစေသမျှကိုလည်းကောင်း ယနေ့ သင်တို့အား ငါပြောပြသော်လည်း သင်တို့နားမထောင်ကြ။
ထိုသူက ငါ့အား “အချင်းလူသား၊ မျက်စိဖွင့်၊ နားစွင့်ပြီး ငါပြမည့်အရာအားလုံးကို နှလုံးသွင်းမှတ်ကျုံးလော့။ ဤအရာတို့ကို သင့်အားငါပြသရန် သင့်ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းဖြစ်၏။ သင်မြင်သမျှသောအရာတို့ကို အစ္စရေးလူမျိုးတို့အား ပြန်လည်ပြောပြလော့”ဟု မြွက်ဆို၏။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
သို့သော် ဖာရိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် ယောဟန်ထံမှ ဗတ္တိဇံကိုမခံယူခဲ့သဖြင့် မိမိတို့အတွက် ဘုရားသခင်ကြံစည်ထားတော်မူသောအရာကို ပစ်ပယ်ကြ၏။)
ငါသည် သင်တို့ကို ကျွန်ဟူ၍ခေါ်တော့မည်မဟုတ်။ အကြောင်းမူကား ကျွန်သည် မိမိသခင်ပြုနေသောအရာကိုမသိ။ ငါ့ခမည်းတော်ထံမှ ကြားနာခဲ့သောအရာအားလုံးကို သင်တို့အား ငါသိစေခဲ့ပြီဖြစ်သောကြောင့် သင်တို့ကို မိတ်ဆွေဟူ၍ ငါခေါ်၏။
အကြောင်းမှာ ဒါဝိဒ်သည် မိမိလက်ထက်၌ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးလျှင် အိပ်ပျော်၍ မိမိဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်းခံရလျက် ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ရ၏။
ဘုရားသခင်ချမှတ်ထားသောအကြံအစည်တော်နှင့် ကြိုတင်သိမြင်သောဉာဏ်တော်တို့အရ အပ်နှံခြင်းခံရသောထိုအရှင်ကို သင်တို့သည် တရားမဲ့သောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်၌တင်၍ ကွပ်မျက်ကြ၏။
ငါသည် သင်တို့အတွက် အကျိုးရှိမည့်အရာရှိသမျှကို တွန့်ဆုတ်ခြင်းမရှိဘဲ သင်တို့အားဖော်ပြလျက် လူအများရှေ့၌ဖြစ်စေ၊ တစ်အိမ်ပြီးတစ်အိမ်ဖြစ်စေ သွန်သင်ကာ
ထိုသို့ကြိုးစားလုပ်ဆောင်၍ အားနည်းသောသူတို့ကို ကူညီမစသင့်ကြောင်းနှင့်‘ပေးကမ်းခြင်းသည် ရယူခြင်းထက် သာ၍မင်္ဂလာရှိသည်’ဟု သခင်ယေရှုကိုယ်တော်တိုင် မိန့်တော်မူသည့်စကားကို သတိရသင့်ကြောင်း အရာရာ၌ သင်တို့အား ငါပြသ၏”ဟု ဆိုလေ၏။
အကြောင်းမူကား သခင်ဘုရားထံမှ ငါခံယူရရှိသောအရာကို သင်တို့အား ငါပေးအပ်၏။ ထိုအရာမှာ သခင်ယေရှုသည် အပ်နှံခြင်းခံရသောည၌ မုန့်ကိုယူ၍
ငါတို့သည် ကွယ်ဝှက်ထားသည့် ရှက်ဖွယ်ရာများကိုစွန့်ပယ်၍ ပရိယာယ်၌ကျင်လည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မလိမ့်တပတ်လုပ်ခြင်းတို့မရှိဘဲ သမ္မာတရားကို အတိအလင်းဖော်ပြခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်၌ လူအပေါင်းတို့၏အသိစိတ်တွင် မိမိတို့ကိုယ်ကိုထင်ရှားစေကြ၏။
ငါသည် သင်တို့အား သမ္မာတရားကိုဟောပြောသောကြောင့် သင်တို့၏ရန်သူဖြစ်သွားပြီလော။
ငါတို့သည်လည်း အရာခပ်သိမ်းတို့ကို မိမိအလိုတော်နှင့်ညီသောဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်စေတော်မူသောအရှင်၏အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားခြင်းခံရ၍ ထိုခရစ်တော်အားဖြင့် အမွေတော်ကိုရရှိကြ၏။
ဘုရားသခင်သည် ငါတို့ကိုအသိအမှတ်ပြုလျက် ကောင်းမြတ်သောသတင်းကို ငါတို့၌ယုံကြည်အပ်နှံထားသည့်အလျောက် ငါတို့သည် လူတို့ကိုနှစ်သက်စေရန်မဟုတ်ဘဲ ငါတို့၏စိတ်နှလုံးကိုစစ်ဆေးတော်မူသောဘုရားသခင်ကို နှစ်သက်စေရန် ဟောပြောကြ၏။
မောရှေမိန့်မှာထားသောစကားတို့ကို မိန်းမ၊ ကလေးနှင့်တကွ အစ္စရေးလူမျိုးနှင့်အတူနေထိုင်သောတိုင်းတစ်ပါးသားတို့အပါအဝင် အစ္စရေးလူထုတစ်ရပ်လုံးရှေ့တွင် မဖတ်ဘဲထားခဲ့သောစကားတစ်ခွန်းမျှမရှိ။