ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက်
တမန်တော်ဝတ္ထု 20:24 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။ Common Language Bible သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။'' Garrad Bible သို့ သော် လည်း ဘု ရား သ ခင့် ကျေး ဇူး တော် ဆိုင် ရာ သ တင်း တော် မြတ် ကို သက် သေ ခံ ရန် အ ရှင် ယေ ရှု ထံ မှ ငါ ခံ ရ သော အ မှု နှင့် အ ငန်း အ တာ ကို ပြီး စီး အောင် ဆောင် ရွက် ခွင့် ရ လျှင် ငါ သည် ကိုယ့် အ သက် ကို ပ မာ ဏ မ ပြု၊ နှ မြော ခြင်း မ ရှိ။ Judson Bible သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှာ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။ |
ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက်
အကြောင်းမူကား အကျွန်ုပ်၌ ညီအစ်ကိုငါးဦးရှိပါ၏။ သူတို့သည် ဝေဒနာခံရာ ဤအရပ်သို့ မရောက်မည့်အကြောင်း သူတို့အား သွား၍သတိပေးစေလိုပါ၏’ဟု လျှောက်လေ၏။
အကျွန်ုပ်ဆောင်ရွက်ရန် ကိုယ်တော်ပေးအပ်တော်မူသောအမှုတော်ကို အကျွန်ုပ်သည် ပြီးမြောက်စေ၍ ကိုယ်တော်၏ဘုန်းတော်ကို မြေကြီးပေါ်၌ထင်ရှားစေပါပြီ။
အကြောင်းမူကား ယုဒသည် ငါတို့ထဲ၌ထည့်သွင်းရေတွက်ခြင်းခံရပြီး ဤအမှုတော်လုပ်ငန်းတွင် ပါဝင်ခွင့်ကိုရရှိခဲ့၏။
ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
ယောဟန်သည် တစ်ဘဝတာ တာဝန်ပြီးစီးတော့မည့်အချိန်၌ ‘သင်တို့သည် ငါ့ကို မည်သူဖြစ်သည်ဟု ထင်မှတ်ကြသနည်း။ ငါသည် ထိုအရှင်မဟုတ်။ ထိုအရှင်သည် ငါ့နောက်တွင်ကြွလာတော်မူ၏။ ထိုအရှင်၏ခြေမှ ခြေနင်းတော်ကြိုးကိုဖြေပေးရန်ပင် ငါသည် မထိုက်တန်’ဟု ဆို၏။
ထို့ကြောင့် သူတို့နှစ်ဦးသည် အချိန်အတန်ကြာနေလျက် သခင်ဘုရားအားဖြင့် ရဲရင့်စွာဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူတို့၏လက်ဖြင့် နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများကို ပြုခွင့်ပေးတော်မူ၍ မိမိကျေးဇူးတော်နှင့်ဆိုင်သောနှုတ်ကပတ်တရားဘက်၌ သက်သေခံတော်မူ၏။
များစွာငြင်းခုံဆွေးနွေးကြပြီးနောက် ပေတရုသည် ထ၍ “ညီအစ်ကိုတို့၊ လူမျိုးခြားတို့သည် ငါ၏နှုတ်အားဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့်တရားစကားကိုကြားနာ၍ ယုံကြည်ကြစေရန် ဘုရားသခင်သည် လွန်ခဲ့သည့်အချိန်က သင်တို့အထဲမှ ငါ့ကို ရွေးကောက်တော်မူကြောင်း သင်တို့သိကြ၏။
သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ဆင်းလာကြသောအခါ ပေါလုသည် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဂျူးလူမျိုးတို့အား သက်သေခံလေ၏။
ဘုရားသခင်ရှေ့တော်၌နောင်တရခြင်း၊ ငါတို့၏သခင်ယေရှုကိုယုံကြည်ခြင်းအကြောင်းတို့ကို ဂျူးလူမျိုးနှင့်ဂရိလူမျိုး နှစ်မျိုးစလုံးတို့အား သက်သေခံခဲ့၏။
သို့သော် အချုပ်အနှောင်နှင့် ဆင်းရဲဒုက္ခများသည် ငါ့ကိုစောင့်နေကြောင်း သန့်ရှင်းသောဝိညာဉ်တော်က မြို့တိုင်း၌ ငါ့အားသက်သေခံတော်မူသည်ကို ငါသိ၏။
ယခု သင်တို့ကို ဘုရားသခင်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်နှင့်ဆိုင်သော နှုတ်ကပတ်တော်၌လည်းကောင်း ငါအပ်နှံ၏။ နှုတ်ကပတ်တော်သည် သင်တို့ကို တည်ဆောက်မြှင့်တင်လျက် သန့်ရှင်းစေခြင်းခံရသောသူအပေါင်းတို့နှင့်အတူ အမွေတော်ကိုရရှိစေနိုင်စွမ်းရှိ၏။
ထိုအခါ ပေါလုက “သင်တို့သည် ငိုကြွေးလျက်၊ ငါ၏စိတ်နှလုံးကိုကြေကွဲစေလျက် မည်သည့်အရာကို ပြုကြသနည်း။ ငါသည် သခင်ယေရှု၏နာမတော်အတွက် ဂျေရုဆလင်မြို့၌ ချည်နှောင်ခြင်းခံရရန်သာမက အသေခံရန်ပင် အသင့်ရှိသည်”ဟု ပြန်ပြော၏။
ထိုအခါ ကိုယ်တော်က‘သွားလော့။ ငါသည် သင့်ကို လူမျိုးခြားတို့ရှိရာ ဝေးသောအရပ်သို့ စေလွှတ်မည်’ဟု အကျွန်ုပ်အား မိန့်တော်မူသည်”ဟု ဆိုလေ၏။
သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
သို့သော် ကျေးဇူးတော်အားဖြင့်ဖြစ်လျှင် အကျင့်အားဖြင့်မဟုတ်တော့ပေ။ သို့မဟုတ်လျှင် ကျေးဇူးတော်သည် ကျေးဇူးတော်ဖြစ်တော့မည်မဟုတ်။
အလုပ်လုပ်ဆောင်သောသူအတွက် လုပ်အားခသည် ကျေးဇူးပြုခြင်းအဖြစ်မဟုတ်ဘဲ သူရသင့်ရထိုက်သောအရာအဖြစ် မှတ်ယူရ၏။
ထို့ကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သခင်ဘုရား၌ သင်တို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးမဖြစ်ကြောင်းသိမှတ်၍ ခိုင်မြဲစွာရပ်တည်လျက် ဖောက်ပြန်ရွေ့လျောခြင်းမရှိဘဲ သခင်ဘုရား၏အမှုတော်ကို အစဉ်အမြဲ စွမ်းစွမ်းတမံဆောင်ရွက်ကြလော့။
သို့ဖြစ်၍ ခရစ်တော်ကြောင့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ခက်ခဲကျပ်တည်းခြင်း၊ ညှဉ်းဆဲခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။
ထို့ကြောင့် ငါတို့သည် ကရုဏာတော်ကိုခံစားရလျက် ဤအမှုတော်ကိုဆောင်ရွက်ရသည်ဖြစ်၍ စိတ်ပျက်အားလျော့ခြင်းမရှိကြချေ။
ဤသို့ဖြင့် သေခြင်းသည် ငါတို့၌အလုပ်လုပ်လျက်နေ၍ အသက်ရှင်ခြင်းသည် သင်တို့၌အလုပ်လုပ်လျက်နေ၏။
ငါတို့သည် ယုံကြည်စိတ်ချမှုရှိ၍ ကိုယ်ခန္ဓာမှကွာလျက် သခင်ဘုရားနှင့်အတူရှိနေရန် သာ၍အလိုရှိကြ၏။
ငါသည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် များစွာဂုဏ်ယူ၏။ ငါသည် နှစ်သိမ့်မှုကို အပြည့်အဝခံစားရ၍ ငါတို့ခံရသောဆင်းရဲဒုက္ခအပေါင်းတို့၌ ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝလျက်ရှိ၏။
လူတို့ထံမှမဟုတ်၊ လူ့အားဖြင့်လည်းမဟုတ်ဘဲ ယေရှုခရစ်တော်နှင့် ကိုယ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောခမည်းတော်ဘုရားသခင်အားဖြင့် တမန်တော်ဖြစ်သောငါပေါလုမှစ၍
ဤသည်ကား ချစ်တော်မူသောသားတော်အားဖြင့် ငါတို့အားပေးသနားတော်မူသော မိမိကျေးဇူးတော်၏ဘုန်းတော်ကို ငါတို့ချီးမွမ်းကြမည့်အကြောင်းတည်း။
သို့ဖြစ်၍ သင်တို့အတွက် ငါခံရသောဆင်းရဲဒုက္ခများကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြရန် ငါတောင်းပန်၏။ ထိုအရာများသည် သင်တို့၏ဂုဏ်သရေဖြစ်၏။
ထိုမျှမက သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သော ဝတ်ပြုခြင်းနှင့်ယဇ်ပူဇော်ခြင်းတို့အပေါ်၌ ငါသွန်းလောင်းပူဇော်ခြင်းခံရမည်ဆိုလျှင်လည်း ငါဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ငါဝမ်းမြောက်၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ငါ့ကိုကူညီထောက်မရာ၌ လိုအပ်သည့်အပိုင်းကိုဖြည့်ဆည်းပေးရန် သူသည် မိမိအသက်ကိုပဓာနမထားဘဲ ခရစ်တော်၏အမှုတော်အတွက် သေလုနီးပါးဖြစ်ခဲ့၏။
ငါသည် သင်တို့အတွက်ခံရသောဒုက္ခဝေဒနာ၌ ယခုဝမ်းမြောက်၍ ခရစ်တော်၏ဆင်းရဲဒုက္ခတွင် လိုအပ်သေးသည့်အပိုင်းကို ကိုယ်တော်၏ကိုယ်ခန္ဓာတည်းဟူသောအသင်းတော်အတွက် ငါ၏ကိုယ်ကာယ၌ ဖြည့်ဆည်းလျက်ရှိ၏။
သင်တို့သိကြသည့်အတိုင်း ငါတို့သည် ဦးစွာ ဖိလိပ္ပိမြို့၌ ဒုက္ခဝေဒနာခံစားရလျက် နှိပ်စက်ခြင်းကိုခံရသော်လည်း ကြီးစွာသောဆန့်ကျင်တိုက်ခိုက်မှုထဲတွင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို ငါတို့၏ဘုရားသခင်အားဖြင့် သင်တို့အား ရဲရင့်စွာဟောပြောကြ၏။
ဤဆင်းရဲဒုက္ခများကြောင့် မည်သူမျှ ယိမ်းယိုင်ခြင်းမရှိစေရန်ဖြစ်၏။ အကြောင်းမူကား ဤသို့ဆင်းရဲဒုက္ခကိုခံရစေရန် ငါတို့ကိုခန့်ထားတော်မူကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။
အန္တိအုတ်မြို့၊ ဣကောနိမြို့နှင့် လုတ္တရမြို့တို့တွင် ငါ့အပေါ်ကျရောက်ခဲ့သည့် ညှဉ်းဆဲခြင်းနှင့်ဒုက္ခဝေဒနာတို့၌လည်းကောင်း ထက်ကြပ်မကွာပါရှိခဲ့၏။ ထိုကဲ့သို့သော ညှဉ်းဆဲခြင်းများကို ငါခံရသော်လည်း သခင်ဘုရားသည် ထိုအရာအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၏။
သို့သော် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကို ငါ့အားအပြည့်အဝဆောင်ရွက်စေ၍ လူမျိုးခြားအပေါင်းတို့သည် ထိုနှုတ်ကပတ်တော်ကိုကြားသိမည့်အကြောင်း သခင်ဘုရားသည် ငါ့ဘက်၌ရပ်တည်လျက် ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူ၏။ ဤသို့ဖြင့် ငါသည် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းခံရ၏။
အချိန်တန်သောအခါ ဟောပြောခြင်းအမှုအားဖြင့် မိမိ၏နှုတ်ကပတ်တရားကို ထင်ရှားစေတော်မူ၍ ငါတို့၏ကယ်တင်ရှင်ဘုရားသခင်၏အမိန့်တော်အတိုင်း ထိုအမှုကို ငါ့အားယုံကြည်အပ်နှံတော်မူ၏။
အကြောင်းမူကား လူအပေါင်းတို့ကို ကယ်တင်တော်မူသောဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီး
သင်တို့သည် အကျဉ်းသားတို့အပေါ် စာနာစိတ်ရှိကြသည်သာမက သာ၍မြတ်ပြီး တည်မြဲသောအရာကို မိမိတို့ပိုင်ဆိုင်ကြောင်းသိလျက် သင်တို့ဥစ္စာပစ္စည်းများ မတရားလုယူခြင်းခံရသော်လည်း ဝမ်းမြောက်စွာသည်းခံခဲ့ကြ၏။
ငါသည် သစ္စာရှိသောညီအစ်ကိုအဖြစ် ငါသတ်မှတ်သော သိလွာနုမှတစ်ဆင့် စာအနည်းငယ်ရေးလိုက်ခြင်းအားဖြင့် သင်တို့ကိုတိုက်တွန်းနှိုးဆော်ကာ ဤအရာသည် ဘုရားသခင်၏စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံ၏။ သင်တို့သည် ဤကျေးဇူးတော်၌ ရပ်တည်ကြလော့။
ခရစ်တော်သည် ငါတို့အတွက် မိမိအသက်ကိုစွန့်တော်မူသောကြောင့် ငါတို့သည် ထိုအမှုအရာအားဖြင့် ချစ်ခြင်းမေတ္တာကိုသိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အတွက် အသက်ကိုစွန့်သင့်၏။
ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။
ထိုအခါ သူတို့တစ်ဦးစီအား ဖြူသောဝတ်လုံကိုပေးတော်မူပြီးလျှင် သူတို့နည်းတူ အသေသတ်ခြင်းခံရရန်ရှိသည့် သူတို့၏အစေအပါးချင်းများနှင့် သူတို့ညီအစ်ကိုများ၏အရေအတွက် ပြည့်စုံသည့်တိုင်အောင် နောက်ထပ် ခဏအနားယူကြရန် သူတို့အား မိန့်တော်မူ၏။