တမန်တော်ဝတ္ထု 20:24 - Common Language Bible24 သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။'' အခန်းကိုကြည့်ပါ။Garrad Bible24 သို့ သော် လည်း ဘု ရား သ ခင့် ကျေး ဇူး တော် ဆိုင် ရာ သ တင်း တော် မြတ် ကို သက် သေ ခံ ရန် အ ရှင် ယေ ရှု ထံ မှ ငါ ခံ ရ သော အ မှု နှင့် အ ငန်း အ တာ ကို ပြီး စီး အောင် ဆောင် ရွက် ခွင့် ရ လျှင် ငါ သည် ကိုယ့် အ သက် ကို ပ မာ ဏ မ ပြု၊ နှ မြော ခြင်း မ ရှိ။ အခန်းကိုကြည့်ပါ။Judson Bible24 သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှာ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း24 သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။ အခန်းကိုကြည့်ပါ။ |
တမန်တော်တို့သည်ထိုအရပ်တွင်ကြာမြင့်စွာ နေထိုင်လျက် သခင်ဘုရား၏အကြောင်းကို ရဲရင့်စွာဟောပြောကြ၏။ ကိုယ်တော်သည်ထို သူတို့ဟောပြောသည့်ကျေးဇူးတော်ဆိုင်ရာ တရားမှန်ကန်ကြောင်းသက်သေပြရန် သူတို့ အားအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များပြနိုင်သောတန်ခိုးကိုပေးတော်မူ၏။-
ငါသည်ဤစာတိုကလေးကိုသိလွာနု၏အကူ အညီဖြင့် သင်တို့ထံသို့ရေးသားပေးပို့လိုက်၏။ သူသည်သစ္စာရှိသောညီအစ်ကိုဟုငါမှတ်ယူ၏။ သင်တို့အားတိုက်တွန်းအားပေးစကားပြောကြား ရန်နှင့် သင်တို့ခံစားရသည့်ကျေးဇူးတော်သည် ဘုရားသခင်၏ကျေးဇူးတော်အစစ်အမှန် ဖြစ်ကြောင်းကိုသက်သေခံရန် ဤစာကိုရေးပို့ လိုက်၏။ ထိုကျေးဇူးတော်တွင်ကြံ့ခိုင်စွာ ရပ်တည်ကြလော့။
တမန်တော်ဖြစ်သူငါပေါလုနှင့် ဤအရပ်တွင် ရှိသည့်ညီအစ်ကိုအပေါင်းတို့က ဂလာတိပြည် ရှိအသင်းတော်များသို့စာရေးလိုက်ပါသည်။ ငါ သည်လူအမိန့်အာဏာဖြင့် တမန်တော်ရာထူးကို အပ်နှင်းခြင်းခံရသူမဟုတ်။ လူခန့်ထားသည့် တမန်တော်လည်းမဟုတ်။ ယေရှုခရစ်ကလည်း ကောင်း၊ ထိုအရှင်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောခမည်းတော်ဘုရားသခင်က လည်းကောင်း ခန့်ထားတော်မူသောသူဖြစ်၏။
ထိုအကြောင်းကြောင့်ငါသည်ဤဆင်းရဲဒုက္ခများ ကိုခံရခြင်းဖြစ်ပေသည်။ သို့ရာတွင်ငါ၌ယုံ ကြည်စိတ်ချမှုရှိသေး၏။ အဘယ်ကြောင့်ဆို သော်ငါသည်အဘယ်သူကိုကိုးစားသည်ကို လည်းကောင်း၊ ထိုအရှင်၏လက်ဝယ်ငါပေးအပ် ထားသောအရာကိုကိုယ်တော်ရှင်သည် တရား စီရင်တော်မူရာနေ့ရောက်သည်တိုင်အောင် စောင့်ထိန်းနိုင်တော်မူကြောင်းကိုလည်းကောင်း ငါအသေအချာသိသောကြောင့်ဖြစ်၏။-
သင်တို့သည်အကျဉ်းခံနေရသူတို့အတွက် ကြောင့် ကြင်နာသောစိတ်ရှိကြ၏။ မိမိတို့၏ ဥစ္စာပစ္စည်းများကိုအတင်းအဋ္ဌမ္မသိမ်းယူ သည်ကိုလည်းဝမ်းမြောက်စွာခံကြ၏။ အဘယ် ကြောင့်ဆိုသော်မိမိတို့၌ထိုအရာများ ထက်ပို၍ ကောင်းမြတ်တည်မြဲသည့်အရာ ရှိကြောင်းကိုသိကြသောကြောင့်ပင်ဖြစ် ပေသည်။-
ငါတို့သည်သင်တို့ရှိရာသက်သာလောနိတ် မြို့သို့မလာမီ ဖိလိပ္ပိမြို့တွင်ညှဉ်းပန်းစော် ကားမှုတို့ကိုခံခဲ့ရကြောင်းသင်တို့သိကြ၏။ ယင်းသို့အတိုက်အခံပြုခြင်းခံရသော်လည်း သင်တို့အားဘုရားသခင်၏သတင်းကောင်း ကိုကြေညာဟောပြောနိုင်ရန်စွမ်းရည်သတ္တိ ကို ငါတို့အားဘုရားသခင်ပေးတော်မူ၏။-
ငါခံရသည့်ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဒုက္ခဆင်းရဲ များကိုသင်သည်တွေ့မြင်ခဲ့ပေသည်။ အန္တိအုတ် မြို့၊ ဣကောနိမြို့နှင့်လုတ္တိရမြို့တို့တွင်ညှဉ်းဆဲ နှိပ်စက်ခြင်းအမျိုးမျိုးတို့ကိုငါခံခဲ့ရကြောင်း သင်သိ၏။ သို့ရာတွင်သခင်ဘုရားသည်ငါ့ အားထိုဒုက္ခအပေါင်းမှကယ်တော်မူခဲ့၏။-
အတော်ပင်အချေအတင်ဆွေးနွေးကြပြီး သောအခါ ပေတရုသည်နေရာမှထ၍ ``ညီ အစ်ကိုတို့၊ လူမျိုးခြားတို့သည်သတင်းကောင်း ကိုကြား၍ယုံကြည်နိုင်စေရန် ဘုရားသခင် သည်လွန်ခဲ့သည့်ကာလအတန်ကြာက သတင်း ကောင်းကိုကြေညာရန်အတွက် ငါ့အားသင်တို့ အထဲမှရွေးချယ်ခန့်ထားတော်မူခဲ့ကြောင်း သင်တို့သိကြ၏။-
ထိုအခါနာမည်ကျော်သူရဲကောင်းသုံး ယောက်တို့သည် ဖိလိတ္တိအမျိုးသားတပ်စခန်း ကိုဖောက်ထွင်းပြီးလျှင်ရေတွင်းမှရေအနည်း ငယ်ကိုခပ်ယူ၍ဒါဝိဒ်မင်းထံယူဆောင်ခဲ့ ကြ၏။ သို့ရာတွင်မင်းကြီးသည်ထိုရေကို သောက်တော်မမူလို။ ယင်းကိုသောက်မည့် အစားထာဝရဘုရားအားပူဇော်သည့် အနေဖြင့်သွန်းလောင်းလေ၏။-