Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 4:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ဤသို့ဖြင့် သေ​ခြင်း​သည် ငါ​တို့​၌​အလုပ်လုပ်​လျက်​နေ​၍ အသက်ရှင်​ခြင်း​သည် သင်​တို့​၌​အလုပ်လုပ်​လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သို့​ဖြစ်​၍​ငါ​တို့​တွင်​သေ​ခြင်း​တ​ရား​သည် ရှင်​သန်​လျက်​ရှိ​သော်​လည်း သင်​တို့​တွင်​မူ ကား​အ​သက်​ရှင်​ခြင်း​တ​ရား​သည်​ရှင်​သန် လျက်​ရှိ​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သင် တို့ သည် ရှင် တော် မူ ခြင်း အ ကျိုး ဆက် ခံ စား ကြ ရာ ငါ တို့ သည် သေ တော် မူ ခြင်း အ ကျိုး ဆက် ကို ခံ ရ ကြ လေ စွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သို့​ဖြစ်၍ သေ​ခြင်း​တ​ရား​သည် ငါ​တို့၌​ပြု​ပြင်​တတ်၏။ သင်​တို့၌​ကား၊ အ​သက်​ရှင်​ခြင်း​တ​ရား​သည် ပြု​ပြင်​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ထိုသို့ ကျွန်ုပ်တို့​သည် သေဘေး​နှင့် ရင်ဆိုင်ရ​သော်လည်း ဤ​အရာ​သည် သင်တို့​အတွက် ထာဝရ​အသက်​ကို ရရှိ​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 4:12
9 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ငါ​သည် မိမိ​ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​သက်သေခံ​ရန် သခင်​ယေရှု​ထံမှ ငါ​ရရှိ​သော​အမှု​တော်​လုပ်ငန်း​ကို ပြီးမြောက်​စေ​နိုင်​ရန်​အတွက်​ဆိုလျှင် ငါ့​အသက်​ကို​ပင် ငါ​ပဓာန​မ​ထား​ပေ။


ငါ​တို့​သည် ခရစ်တော်​အတွက် မိုက်မဲ​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခရစ်တော်​၌ ပညာ​သတိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​သည် အားနည်း​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခွန်အားကြီး​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဂုဏ်သရေ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​မူကား ဂုဏ်သရေ​မဲ့​သော​သူ​ဖြစ်​ကြ​၏။


ငါ​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​အတွက် ဝမ်းမြောက်​စွာ ငါ့​ဥစ္စာ​ကို​အသုံးပြု​၍ ငါ့​ကိုယ်​ကို​လည်း အကုန်အစင်​အသုံးပြု​မည်။ သင်​တို့​အပေါ် ငါ​၏​ချစ်​ခြင်း​မေတ္တာ​တိုးပွား​လာ​လျှင် ငါ့​အပေါ် သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​လျော့ပါး​သွား​မည်​လော။


ငါ​တို့​အားနည်း​လျှင်​လည်း သင်​တို့​အားကြီး​သောအခါ ငါ​တို့​ဝမ်းမြောက်​ကြ​၏။ သင်​တို့​သည် ပြည့်ဝ​စုံလင်​သော​သူ​ဖြစ်​ကြ​ရန်​အတွက်​လည်း ငါ​တို့​ဆုတောင်း​ကြ​၏။


ယေရှု​၏​အသက်ရှင်​တော်မူ​ခြင်း​သည် သေ​တတ်​သော​ငါ​တို့​၏​ကိုယ်ကာယ​၌ ထင်ရှား​မည့်​အကြောင်း အသက်ရှင်​လျက်​ရှိ​သော​ငါ​တို့​သည် ယေရှု​ကြောင့် သေ​ခြင်း​လက်​သို့ အစဉ်မပြတ်​အပ်နှံ​ခြင်း​ကို​ခံရ​ကြ​၏။


“ငါ​ယုံကြည်​သောကြောင့် ငါ​ဟောပြော​၏”​ဟု ရေး​ထား​သည့်​အတိုင်း ထို​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​ဝိညာဉ်​တော်​ကို ငါ​တို့​ရရှိ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည်​လည်း ယုံကြည်​သောကြောင့် ဟောပြော​ကြ​၏။


ထိုမျှမက သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော ဝတ်ပြု​ခြင်း​နှင့်​ယဇ်​ပူဇော်​ခြင်း​တို့​အပေါ်၌ ငါ​သွန်းလောင်း​ပူဇော်​ခြင်း​ခံရ​မည်​ဆိုလျှင်​လည်း ငါ​ဝမ်းမြောက်​၏။ သင်​တို့​အားလုံး​နှင့်အတူ ငါ​ဝမ်းမြောက်​၏။


အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ငါ့​ကို​ကူညီ​ထောက်မ​ရာ​၌ လိုအပ်​သည့်​အပိုင်း​ကို​ဖြည့်ဆည်း​ပေး​ရန် သူ​သည် မိမိ​အသက်​ကို​ပဓာန​မ​ထား​ဘဲ ခရစ်တော်​၏​အမှု​တော်​အတွက် သေ​လုနီးပါး​ဖြစ်​ခဲ့​၏။


ခရစ်တော်​သည် ငါ​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တော်မူ​သောကြောင့် ငါ​တို့​သည် ထို​အမှုအရာ​အားဖြင့် ချစ်​ခြင်း​မေတ္တာ​ကို​သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီအစ်ကို​ချင်း​တို့​အတွက် အသက်​ကို​စွန့်​သင့်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ