အနန္တတန်ခိုးရှင်သည် မည်သူဖြစ်၍ ငါတို့ဝတ်ပြုရမည်နည်း။ သူ့ထံဆုတောင်းလျှင် မည်သည့်အကျိုးကိုရမည်နည်း’ဟု ဆိုတတ်ကြ၏။
ဇေဖနိ 1:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုကာလ၌ ငါသည် ဂျေရုဆလင်မြို့ကို မီးအိမ်ထွန်း၍ ရှာဖွေမည်။ ‘ထာဝရဘုရားသည် အကောင်းကိုလည်း မပြု၊ အဆိုးကိုလည်း မပြု’ဟု စိတ်ထင်လျက် မိမိဘာသာအားရကျေနပ်နေသောသူတို့ကို ဒဏ်ခတ်မည်။ Common Language Bible ``ထိုအချိန်၌ငါသည်မီးခွက်ကိုယူ၍ ယေရုရှလင်မြို့တွင်ရှာဖွေမည်။ `ဘုရား သခင်သည်အခါခပ်သိမ်းကောင်းကျိုးဆိုး ကျိုး၊ အဘယ်အကျိုးကိုမျှမပေးတတ်' ဟုထင်မှတ်ရေရွတ်သူများ၊ မိမိတို့ကိုယ် ကိုအထင်ကြီး၍ကျေနပ်ရောင့်ရဲနေသူ များအားငါအပြစ်ဒဏ်ခတ်မည်။ Garrad Bible ထို ကာ လ၌ ငါ သည်၊ ယေ ရု ရှ လင် မြို့ ကို မီး ရှူး များ နှင့် လိုက် စစ်၍၊ ကောင်း ကျိုး ကို လည်း ကောင်း၊ မ ကောင်း ကျိုး ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား မ ပေး နိုင် ဟု အောက် မေ့ လျက်၊ လက် ဟောင်း စ ပျစ် ရည် သ ဖွယ် ပြစ် ချွဲ သော သူ တို့ ကို ဒဏ် စီ ရင် မည့် အ လျောက်၊ Judson Bible ထိုကာလ၌ ငါသည် မီးခွက်ကိုကိုင်၍ ယေရုရှလင်မြို့ကို စစ်ကြောမည်။ ထာဝရဘုရားသည် ကျေးဇူးကိုလည်းမပြု၊ အပြစ်ကိုလည်း မပေးဟု အောက်မေ့လျက်၊ မိမိတို့ အနည်အဖတ်ပေါ်၌ နေရာကျသော သူတို့ကို ငါစစ်ကြောမည်။ |
အနန္တတန်ခိုးရှင်သည် မည်သူဖြစ်၍ ငါတို့ဝတ်ပြုရမည်နည်း။ သူ့ထံဆုတောင်းလျှင် မည်သည့်အကျိုးကိုရမည်နည်း’ဟု ဆိုတတ်ကြ၏။
ဆိုးယုတ်သောသူသည် ဘဝင်မြင့်၍ ကိုယ်တော်ကိုမရှာတတ်။ “ဘုရားသခင်မရှိ”ဟု အစဉ်တွေးတောတတ်၏။
မိုက်မဲသောသူက “ဘုရားသခင်မရှိ”ဟု မိမိစိတ်နှလုံးထဲ၌ ဆိုတတ်၏။ ထိုသို့သောသူတို့သည် အကျင့်ပျက်ပြား၍ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုတတ်ကြ၏။ ကောင်းသောအမှုကိုပြုသောသူမရှိ။
သူတို့က “ငါတို့တွေ့ဖို့ ကိုယ်တော်သည် မိမိအမှုကို အလျင်အမြန်ပြုပါစေ။ အလျင်အမြန်ပြုပါစေ။ ငါတို့သိဖို့ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၏အကြံဉာဏ်သည် နီးလာပါစေ။ ရောက်လာပါစေ”ဟု ဆိုတတ်ကြ၏။
ထိုအရာသည် သခွားခင်းရှိ စာခြောက်ရုပ်နှင့်တူ၏။ စကားလည်းမပြောနိုင်။ လမ်းလည်းမလျှောက်နိုင်သဖြင့် ထမ်းသွားရ၏။ အန္တရာယ်မပေးနိုင်သလို ကောင်းကျိုးလည်း မပေးနိုင်သောကြောင့် ထိုအရာတို့ကို မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။
မောဘပြည်သားသည် ဖမ်းခေါ်သွားခြင်းမခံရ။ ငယ်စဉ်ကပင် အေးချမ်းစွာနေရ၏။ အနည်ထိုင်ကျန်ခဲ့သောစပျစ်ဝိုင်ကဲ့သို့ အိုးတစ်လုံးမှတစ်လုံးသို့ အပြောင်းမခံရ။ ထို့ကြောင့် အရသာမပျက်၊ ရနံ့လည်းမပြယ်”ဟု မိန့်တော်မူ၏။
တစ်ဖန် ငါ့အား “အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်သက်ကြီးဝါကြီးတို့သည် အမှောင်ထဲတွင် မည်သို့ပြုနေကြသည်ကို သင်မြင်ပြီမဟုတ်လော။ ‘ထာဝရဘုရားသည် ပြည်တော်ကို စွန့်တော်မူပြီဖြစ်၍ ငါတို့ကို မြင်တော်မမူ’ဟု ဆိုလျက် အခန်းထဲတွင် ကိုယ်စီမိမိရုပ်တုဖြင့် ဖောက်ပြန်နေကြပြီ”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားက သူ့အား “ဂျေရုဆလင်မြို့လယ်ခေါင်သို့ သွားလော့။ မြို့လယ်ခေါင်တွင် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များအတွက် ညည်းတွားမြည်တမ်းသူများ၏နဖူးကို အမှတ်အသားပြုထားခဲ့လော့”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။
အစ္စရေးအမျိုးအနွယ်တို့ လာရောက်ခစားရသူ၊ လူမျိုးတကာတို့တွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်သော ဇိအုန်မြို့တွင် ဇိမ်ခံနေသူ၊ ရှမာရိတောင်ပေါ်တွင် စိတ်အေးလက်အေးနေထိုင်သူတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။
“ကိုယ်တော်၏ကြွလာတော်မူခြင်းနှင့်ဆိုင်သောကတိတော်သည် အဘယ်မှာရှိသနည်း။ ရှေးဘိုးဘေးများအိပ်ပျော်ခဲ့သည့်အချိန်မှစ၍ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းခြင်း၏အစကအတိုင်း ဆက်၍တည်နေသည်မဟုတ်လော”ဟု ပြောဆိုကြလိမ့်မည်။
သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။