သူတို့သည် စိတ်နှလုံးထဲ၌ မကောင်းမှုများကို ကြံစည်လျက် စစ်ပွဲများဖြစ်ပွားအောင် နေ့စဉ်နေ့တိုင်း ပူးပေါင်းကြံစည်တတ်ကြပါ၏။
ဇာခရိ 7:10 - မြန်မာ့စံမီသမ္မာကျမ်း မုဆိုးမ၊ ဖတဆိုး၊ တိုင်းတစ်ပါးသားနှင့် ဆင်းရဲသားတို့ကို မနှိပ်စက်ရ။ သင်တို့စိတ်နှလုံးထဲ၌ တစ်ဦးကိုတစ်ဦး မကောင်းသောအကြံ မကြံစည်ရ’ဟု မိန့်တော်မူ၏။ Common Language Bible မုဆိုးမများ၊ မိဘမဲ့များ၊ တစ်ကျွန်းတစ် နိုင်ငံသားများသို့မဟုတ်ဆင်းရဲနွမ်းပါး သူများအားမညှင်းဆဲမနှိပ်စက်ကြနှင့်၊ တစ်ဦးကိုတစ်ဦးဘေးဒုက္ခရောက်အောင် မကြံစည်ကြနှင့်'' ဟုမိန့်မှာခဲ့၏။ Garrad Bible မု ဆိုး မ၊ ဖ သက် ဆိုး၊ ဝင် နေ သူ၊ ဆင်း ရဲ သား တို့ အား နှိပ် စက် ခြင်း၊ အ ချင်း ချင်း မ ကောင်း ကြံ စည် ခြင်း များ ကို မ ပြု ကြ လင့် ဟု၊ ဗိုလ်ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ခဲ့ သော် လည်း၊ Judson Bible မိဘမရှိသောသူ၊ မုဆိုးမ၊ တစ်ကျွန်းတစ်နိုင်ငံသား၊ ဆင်းရဲသားကို မညှဉ်းဆဲကြနှင့်။ တစ်ယောက်ကို တစ်ယောက် မကောင်းသောအကြံကို မကြံကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသော်လည်း၊ |
သူတို့သည် စိတ်နှလုံးထဲ၌ မကောင်းမှုများကို ကြံစည်လျက် စစ်ပွဲများဖြစ်ပွားအောင် နေ့စဉ်နေ့တိုင်း ပူးပေါင်းကြံစည်တတ်ကြပါ၏။
သူတို့သည် ကိုယ်တော့်အပေါ် မကောင်းကြံ၍ ကောက်ကျစ်သောအကြံအစည်ကို ကြံစည်ကြသော်လည်း အောင်မြင်ကြလိမ့်မည်မဟုတ်။
သူသည် မိမိအိပ်ရာပေါ်၌ပင် အပြစ်ဒုစရိုက်ကိုကြံစည်တတ်၏။ မကောင်းသောလမ်းသို့အမြဲလိုက်၍ မကောင်းမှုကို စွန့်ပယ်ခြင်းမရှိ။”
သူသည် လူမျိုးတော်ထဲမှ အဖိနှိပ်ခံရသောသူတို့အတွက် တရားစီရင်ပေး၍ နွမ်းပါးသောသူ၏သားသမီးများကို ကယ်တင်လျက် နှိပ်စက်သောသူတို့ကို နှိမ်နင်းပါစေသော။
သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသည်ဖြစ်၍ တိုင်းတစ်ပါးသားတို့၏ခံစားချက်ကို သင်တို့သိကြ၏။ သို့ဖြစ်၍ တိုင်းတစ်ပါးသားတို့အား မညှဉ်းဆဲရ။
သင့်အနီးတွင် ဘေးကင်းလုံခြုံစွာနေထိုင်သော သင်၏အိမ်နီးချင်းအပေါ် မကောင်းမှုပြုရန် တွေးတောကြံစည်ခြင်းမရှိနှင့်။
ယုတ်ညံ့သောအကြံအစည်များကို တွေးတောကြံစည်သောစိတ်နှလုံး၊ မကောင်းမှုပြုရာသို့ အလျင်အမြန်ပြေးသောခြေ၊
သင်၏အကြီးအကဲတို့သည် သူပုန်ဖြစ်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ သူတို့အားလုံးသည် တံစိုးလက်ဆောင်ကိုနှစ်သက်၍ ဂုဏ်ပကာသနနောက်သို့လိုက်ကြပြီ။ သူတို့သည် ဖတဆိုးဘက်မှ တရားသဖြင့်မစီရင်ကြ။ မုဆိုးမ၏အမှုကိုလည်း မဖြေရှင်းကြ။
လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
ထာဝရဘုရားက “အို ဒါဝိဒ်အမျိုးအနွယ်တို့၊ နံနက်တိုင်း တရားသဖြင့်စစ်ကြောစီရင်ကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သောသူ၏လက်မှ ကယ်နုတ်လော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မည်သူမျှမငြှိမ်းနိုင်အောင် မီးကဲ့သို့တောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
သင်၌ရှိသော မိဘမဲ့ကလေးတို့ကို ထားခဲ့လော့။ ငါကြည့်ရှုမည်။ သင်၌ရှိသောမုဆိုးမတို့သည်လည်း ငါ့ကိုယုံကြည်ကိုးစားကြစေ”ဟု မိန့်တော်မူ၏။
သူတို့သည် ဝဖြိုးစိုပြည်ကြ၏။ မကောင်းမှုကို အတောမသတ်ပြုကြ၏။ သူတို့ကောင်းစားရေးအတွက် မိဘမဲ့တို့၏အမှုကို မတရားသဖြင့်စီရင်ကြ၏။ နွမ်းပါးသူတို့အတွက် တရားမျှတစွာမစီရင်ကြ။
ဧည့်သည်၊ ဖတဆိုး၊ မုဆိုးမတို့ကိုမနှိပ်စက်၊ အပြစ်မဲ့သူ၏အသက်ကို ဤအရပ်၌ မသတ်၊ ကိုယ့်ကိုဒုက္ခပေးမည့် အခြားဘုရားများနောက်သို့မလိုက်ဘဲနေလျှင်
ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို နိုင်ထက်စီးနင်းပြုခြင်း၊ သူတစ်ပါးဥစ္စာကို မတရားယူ၍ အပေါင်ပစ္စည်းကိုပြန်မပေးခြင်း၊ ရုပ်တုတို့ကိုကိုးကွယ်ခြင်း၊ စက်ဆုပ်ရွံရှာဖွယ်ရာတို့ကိုပြုခြင်း၊
သူတို့သည် တံစိုးလက်ဆောင်ယူ၍ လူအသက်ကို သတ်ကြ၏။ သင်သည် အတိုးအမြတ်ယူ၍ အိမ်နီးချင်း၏ပစ္စည်းကို အနိုင်အထက်လုယူ၏။ ငါ့ကိုလည်း မေ့လျော့လေပြီ’ဟု မိန့်တော်မူ၏။
ပြည်သားတို့သည်လည်း အကျင့်ဆိုးကို ကျင့်ကြ၏။ ခိုးဆိုးတိုက်ခိုက်ကြ၏။ ဆင်းရဲနွမ်းပါးသောသူတို့အား နိုင်ထက်စီးနင်းပြုကြ၏။ တိုင်းတစ်ပါးသားတို့အား မတရားနှိပ်စက်ကြ၏။
မိဘကို မထီလေးစားပြုသောသူများ သင့်တွင်ရှိ၏။ တိုင်းတစ်ပါးသားတို့ကို ဖိနှိပ်ချုပ်ချယ်သောသူများ သင့်တွင်ရှိ၏။ ဖတဆိုးများ၊ မုဆိုးမများကို နိုင်ထက်စီးနင်းပြုသောသူများသင့်တွင်ရှိ၏။
ဆင်းရဲသားတို့ကိုနှိပ်စက်ပြီး နွမ်းပါးသူတို့ကိုညှဉ်းဆဲကာ မိမိသခင်တို့ကိုပင် “ငါတို့အတွက် သောက်စရာယူခဲ့ပါ”ဟု ဆိုတတ်သော ရှမာရိတောင်ပေါ်မှ ဗာရှန်နွားမတို့၊ ဤစကားကို နားထောင်ကြလော့။
သင်တို့စိတ်ထဲ၌ ကိုယ့်အိမ်နီးချင်းအား မကောင်းသောအကြံကို မကြံစည်ရ။ မဟုတ်မမှန် ကျိန်ဆိုခြင်းကို မနှစ်သက်ရ။ ဤအရာအလုံးစုံကို ငါမုန်း၏’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို လူတို့ရှေ့၌ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း ဝင်ခွင့်မပေးကြ။
သူခိုးများ၊ လောဘလွန်ကျူးသူများ၊ သောက်စားမူးယစ်သူများ၊ ဝေဖန်ပုတ်ခတ်သူများနှင့် လိမ်လည်လုယူသူများသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်။
‘တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ရထိုက်သော တရားမျှတမှုကို ပိတ်ပင်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
ကြည့်ကြလော့။ သင်တို့လယ်ကွင်း၌ရိတ်သိမ်းပေးသည့် အလုပ်သမားတို့ကို သင်တို့လိမ်ညာ၍မပေးဘဲနေသော လုပ်အားခများသည် အော်ဟစ်နေကြ၏။ ရိတ်သိမ်းသောသူတို့၏အော်ဟစ်သံများသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နားတော်သို့ ရောက်လေပြီ။
မိမိညီအစ်ကိုကိုမုန်းသောသူတိုင်းသည် လူသတ်သမားဖြစ်၏။ မည်သည့်လူသတ်သမား၌မျှ ထာဝရအသက်မတည်ကြောင်းကိုလည်း သင်တို့သိကြ၏။