သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
ဇာခရိ 5:11 - မြန်မာ့စံမီသမ္မာကျမ်း သူက “ရှိနာပြည်သို့ ချီဆောင်သွား၏။ ထိုပြည်တွင် ဧဖာအဖို့ အိမ်ဆောက်မည်။ အဆင်သင့်ပြင်ဆင်ပြီးသောအခါ ဧဖာကို ထိုနေရာတွင်ထားမည်”ဟု ပြန်ဖြေ၏။ Common Language Bible ကောင်းကင်တမန်က``ဗာဗုလုန်ပြည်သို့ဖြစ် ပါ၏။ သူတို့သည်ထိုပြည်တွင်ဗိမာန်တစ်ခု ကိုတည်ဆောက်ကြပါလိမ့်မည်။ ထိုနောက်ဝတ် ပြုကိုးကွယ်ရန်ထိုဗိမာန်တော်ထဲတွင်ခြင်း တောင်းကိုတည်ထားကြပါလိမ့်မည်'' ဟု ဆို၏။ Garrad Bible ရှိ နာ ပြည် တွင် တိုက် ဆောက်၍ ထား ရန် ဆောင် သွား ကြ၏။ ပြင် ဆင် ပြီး မှ၊ ပြင် ဆင် သော နေ ရာ၌ ချ ထား ကြ လိမ့် မည် ဟု မိန့် ဆို လေ၏။ Judson Bible ရှိနာပြည်၌ ဧဖာအဖို့ အိမ်ဆောက်ခြင်းငှာ ချီသွားကြ၏။ ထိုပြည်၌ သူ၏ခုံပေါ်မှာ တင်ထား၍ နေရာချကြလိမ့်မည်ဟု ဆို၏။ |
သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
လူတို့သည် အရှေ့အရပ်မှရွှေ့ပြောင်း၍ ရှိနာပြည်၌ လွင်ပြင်ကိုတွေ့သဖြင့် ထိုနေရာ၌ အခြေချကြ၏။
ရှိနာဘုရင်အံရဖေလမင်းကြီး၊ ဧလာသာဘုရင်အာရုတ်မင်းကြီး၊ ဧလံဘုရင်ခေဒေါရလောမာမင်းကြီးနှင့် ဂေါအိမ်ဘုရင်တိဒလမင်းကြီးတို့အုပ်စိုးသောကာလ၌
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
သူက ဘေဘီလုံမြို့တွင်ရှိသော ငါတို့ထံသို့စာပို့ပြီး ဘေဘီလုံမြို့တွင် ကြာမြင့်စွာနေရဦးမည်။ ထို့ကြောင့် အိမ်ကိုဆောက်၍ နေထိုင်ကြလော့။ ဥယျာဉ်များ၌ စိုက်ပျိုး၍ အသီးအနှံကိုစားကြလော့ဟု ဆိုလေပြီတကား’ဟူ၍ မိန့်တော်မူပြီ”ဟု ပြောကြားလော့။
ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။
အစ္စရေးအမျိုးသားတို့သည် ရှင်ဘုရင်နှင့် အကြီးအကဲ မရှိ၊ ယဇ်ပူဇော်ခြင်း မရှိ၊ အထွတ်အမြတ်ကျောက်တိုင် မရှိ၊ ဧဖုဒ် မရှိ၊ တေရပ်ရုပ်တု မရှိ။ ထိုကဲ့သို့ နေ့ရက်များစွာ နေရလိမ့်မည်။
ထိုအခါ ငါနှင့်စကားပြောနေသောကောင်းကင်တမန်ကို ငါက “သူတို့သည် ဧဖာကို မည်သည့်နေရာသို့ ချီဆောင်သွားမည်နည်း”ဟု မေးလျှောက်လျှင်
သူတို့သည် ဓားဘေးဖြင့်ကျဆုံး၍ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ လူမျိုးခြားတို့သည်လည်း မိမိတို့အချိန်အခါများပြည့်စုံသည်အထိ ဂျေရုဆလင်မြို့ကို နင်းချေကြလိမ့်မည်။
ထူးဆန်းသောကပ်ရောဂါဖြစ်သည့် ပြင်းထန်သောနာတာရှည်ကပ်ရောဂါများ၊ ဆိုးရွားသောနာတာရှည်အနာရောဂါများကို ထာဝရဘုရားသည် သင်နှင့်သင့်သားစဉ်မြေးဆက်တို့၌ သက်ရောက်စေတော်မူမည်။