ကြည့်ရှုလော့။ မီးခဲကို မီးတောက်အောင်မှုတ်ပြီး လက်နက်ကိုထုတ်လုပ်တတ်သော ပန်းပဲဆရာကို ငါကိုယ်တော်တိုင်ဖန်ဆင်း၏။ ဖျက်ဆီးတတ်သော အဖျက်သမားကိုလည်း ငါကိုယ်တော်တိုင်ဖန်ဆင်း၏။
ဇာခရိ 2:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါမျှော်ကြည့်လျှင် တိုင်းစရာကြိုးကို ကိုင်ထားသောလုလင်တစ်ဦးကို တွေ့ရ၏။ Common Language Bible ငါသည်ပေကြိုးကိုကိုင်ထားသည့်လူတစ်ယောက် ကိုအခြားဗျာဒိတ်ရူပါရုံတစ်ခုတွင်တွေ့မြင် ရ၏။- Garrad Bible တစ် ဖန် ငါ သည် မော် ကြည့် လျက် တာ ကြိုး ကိုင် ဆွဲ သူ တစ် ဦး ကို မြင် ရ သော်၊ Judson Bible တစ်ဖန် ငါမျှော်ကြည့်၍၊ တိုင်းစရာကြိုးကိုကိုင်သော လူတစ်ဦးကိုမြင်လျှင်၊ |
ကြည့်ရှုလော့။ မီးခဲကို မီးတောက်အောင်မှုတ်ပြီး လက်နက်ကိုထုတ်လုပ်တတ်သော ပန်းပဲဆရာကို ငါကိုယ်တော်တိုင်ဖန်ဆင်း၏။ ဖျက်ဆီးတတ်သော အဖျက်သမားကိုလည်း ငါကိုယ်တော်တိုင်ဖန်ဆင်း၏။
နယ်နိမိတ်မျဉ်းသည် ဂါရက်တောင်ကုန်းသို့တည့်တည့်ရောက်ပြီး ဂေါသအရပ်သို့ ကွေ့သွားလိမ့်မည်။
မောဘပြည်ဦးချိုသည် ချိုးဖြတ်ခံရပြီ။ သူ၏လက်ရုံးသည် ကျိုးလေပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုအရပ်သို့ရောက်၍ ငါကြည့်လိုက်ရာ ကြေးနီအဆင်းနှင့်တူသောလူတစ်ယောက်ကို တွေ့၏။ ထိုသူသည် တိုင်းတာစရာ ချည်ကြိုးနှင့်ကျူချောင်းတစ်ချောင်းကို ကိုင်ထားလျက် မုခ်ဆောင်တံခါးတွင် ရပ်နေ၏။
ကြည့်ရှုလော့။ အိမ်တော်အပြင်ဘက်ပတ်ပတ်လည်တွင် တံတိုင်းရှိ၏။ ထိုသူသည် အရှည်ခြောက်တောင်ရှိသော တိုင်းစရာကျူတစ်ချောင်းကိုကိုင်ထား၏။ ထိုကျူချောင်းတစ်တောင်လျှင် လူ့လက်တစ်တောင်နှင့်လက်တစ်ဝါးရှိ၏။ တံတိုင်းကိုတိုင်းတာရာ အနံကျူချောင်းတစ်ပြန်စာ၊ အမြင့်ကျူချောင်းတစ်ပြန်စာရှိ၏။
သူသည် မျဉ်းကြိုးကိုကိုင်လျက် အရှေ့ဘက်သို့သွားပြီးလျှင် ရေစီးသွားရာအရှည် အတောင်တစ်ထောင်ကိုတိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေရာ ရေသည် ခြေမျက်စိအထိရောက်၏။
တစ်ဖန် အရှည်အတောင်တစ်ထောင်ထပ်တိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေပြန်ရာ ရေသည် ဒူးအထိရောက်၏။ တစ်ဖန် အရှည်အတောင်တစ်ထောင်ကိုထပ်တိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေပြန်ရာ ရေသည် ခါးအထိရောက်၏။
တစ်ဖန် ထိုညအချိန် စိတ်အာရုံတွင် စတုတ္ထသားရဲကို ငါမြင်ရ၏။ ထိုသားရဲသည် အလွန်တန်ခိုးကြီး၍ ကြောက်မက်ဖွယ်၊ ထိတ်လန့်ဖွယ် ကောင်း၏။ အလွန်သန်မာ၏။ သံသွားကြီးများ ရှိ၍ အစာကို တစ်စစီချိုးဖဲ့ကိုက်စားဝါးမျိုနေ၏။ အကြွင်းအကျန်ကိုခြေဖြင့်လည်း နင်းချေဖျက်ဆီး၏။ ထိုသားရဲသည် ယခင်သားရဲတို့နှင့်မတူ တစ်မူထူးခြား၏။ ချိုဆယ်ချောင်း ပါ၏။
ထို့ကြောင့် ထာဝရဘုရားက ‘ဂျေရုဆလင်မြို့ကို ငါပြန်လည်သနားစုံမက်မည်။ ထိုမြို့၌ ငါ့အိမ်တော်ကို ပြန်လည်တည်ဆောက်မည်’ဟု မိန့်တော်မူပြီ။ ‘ဂျေရုဆလင်မြို့ကိုလည်း တိုင်းတာမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
ထို့နောက် တောင်ဝှေးနှင့်တူသော တိုင်းတာစရာကျူရိုးတစ်ချောင်းကို ငါ့အားပေးပြီးလျှင် “ထ၍ ဘုရားသခင်၏ဗိမာန်တော်နှင့် ယဇ်ပလ္လင်တို့ကိုတိုင်းတာပြီး ထိုနေရာ၌ ဝတ်ပြုကိုးကွယ်နေသောသူတို့ကို ရေတွက်လော့။
ငါနှင့်စကားပြောသောကောင်းကင်တမန်၌ ထိုမြို့ကိုလည်းကောင်း၊ မြို့၏တံခါးနှင့်မြို့ရိုးတို့ကိုလည်းကောင်း တိုင်းရန် တိုင်းစရာရွှေကျူရိုးရှိ၏။