Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 47:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 တစ်ဖန် အရှည်​အတောင်​တစ်ထောင်​ထပ်​တိုင်း​၍ ငါ့​အား ရေ​ကို​ဖြတ်ကူး​စေ​ပြန်​ရာ ရေ​သည် ဒူး​အထိ​ရောက်​၏​။ တစ်ဖန် အရှည်​အတောင်​တစ်ထောင်​ကို​ထပ်​တိုင်း​၍ ငါ့​အား ရေ​ကို​ဖြတ်ကူး​စေ​ပြန်​ရာ ရေ​သည် ခါး​အထိ​ရောက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ထို့​နောက်​သူ​သည်​နောက်​ထပ်​ကိုက်​ငါး​ရာ ခြောက်​ဆယ်​တိုင်း​ပြန်​၏။ ထို​နေ​ရာ​တွင်​ရေ သည်​ငါ​၏​ဒူး​ဆစ်​အ​ထိ​ရောက်​ရှိ​လာ​၏။ နောက်​ကိုက်​ငါး​ရာ​ခြောက်​ဆယ်​အ​ကွာ​တွင် ရေ​သည်​ငါ​၏​ခါး​အ​ထိ​ရောက်​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 အ တောင် တစ် ထောင် ရောက် ထပ် မံ တိုင်း တာ သော်၊ ဒူး ထိ သော ထို ရေ ကို ဖြတ် သွား စေ ပြီး လျှင်၊ တစ် ထောင် ရောက် ဆက် လက် တိုင်း တာ သော်၊ ခါး ထိ သော ထို ရေ ကို ဖြတ် သွား စေ ပြန် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 တစ်​ဖန် အ​တောင်​တစ်​ထောင်​စေ့​အောင် တိုင်း၍ ရေး​ကူး​စေ​ပြန်​လျှင်၊ ရေ​သည် ဒူး​ကို​မီ​လေ၏။ တစ်​ဖန် အ​တောင်​တစ်​ထောင်​စေ့​အောင် တိုင်း၍ ကူး​စေ​ပြန်​လျှင်၊ ရေ​သည်​ခါး​ကို မီ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 47:4
5 ပူးပေါင်းရင်းမြစ်များ  

သူ​သည် မျဉ်းကြိုး​ကို​ကိုင်​လျက် အရှေ့ဘက်​သို့​သွား​ပြီးလျှင် ရေ​စီးသွား​ရာ​အရှည် အတောင်​တစ်ထောင်​ကို​တိုင်း​၍ ငါ့​အား ရေ​ကို​ဖြတ်ကူး​စေ​ရာ ရေ​သည် ခြေမျက်စိ​အထိ​ရောက်​၏​။


တစ်ဖန် အရှည်​အတောင်​တစ်ထောင်​ကို​ထပ်​တိုင်း​ပြန်​ရာ ရေ​အလွန်​နက်​သောကြောင့် ငါ​သည် မြစ်​ကို​ဖြတ်​မ​ကူး​နိုင်​။ မြစ်​သည် ဖြတ်ကူး​၍​မ​ရ​တော့​ဘဲ လက်ပစ်ကူး​ရ​သော​အနေအထား​သို့ ရောက်​လေ​၏​။


နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​၏​တန်ခိုး​အားဖြင့်​လည်းကောင်း၊ ဘုရားသခင်​၏​ဝိညာဉ်​တော်​တန်ခိုး​အားဖြင့်​လည်းကောင်း ပြု​တော်မူ​သော​အမှုအရာ​တို့​မှအပ ငါ​သည် မည်သည့်​အရာ​ကို​မျှ အရဲစွန့်​၍​မ​ပြော​လို​ပေ။ ဤသို့ဖြင့် ငါ​သည် ဂျေရုဆလင်​မြို့​မှစ၍ ဣလုရိတ်​ပြည်​တိုင်အောင် ပတ်​သွား​ကာ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို စုံလင်​စွာ​ဟောပြော​ခဲ့​၏။


ထို​သတင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​၌ အသီး​သီး​ကာ တိုးပွား​လျက်​ရှိ​သကဲ့သို့ ၎င်း​ကို​သင်​တို့​ကြားနာ​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို မှန်ကန်​စွာ​သိရှိ​ရ​သော​နေ့​မှစ၍ သင်​တို့​ထဲ၌​လည်း အသီးသီး​ကာ တိုးပွား​လျက်​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ