ကိုယ်တော်သည် အမှောင်ကိုစေလွှတ်၍ ထိုပြည်ကို မှောင်မည်းစေတော်မူ၏။ ထိုသူတို့သည် ကိုယ်တော်၏အမိန့်တော်ကို ဖီဆန်ခဲ့ကြသည်မဟုတ်လော။
ဆာလံ 99:7 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် သူတို့ကို မိုးတိမ်တိုင်ထဲမှ မြွက်ဆိုတော်မူ၏။ သူတို့သည် ကိုယ်တော်၏ သက်သေခံချက်များကိုလည်းကောင်း၊ သူတို့အား ကိုယ်တော်ပေးတော်မူသော ပြဋ္ဌာန်းချက်ကိုလည်းကောင်း စောင့်ထိန်းကြ၏။ Common Language Bible သူတို့အားကိုယ်တော်သည်မိုးတိမ်တိုက်ထဲက မိန့်မှာတော်မူ၏။ သူတို့သည်လည်းကိုယ်တော်ပေးတော်မူသော တရားတော်နှင့်ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းကြ၏။ Garrad Bible သက် သေ ခံ တော် မူ ချက် နှင့် ထုံး ဖွဲ့ တော် မူ ချက် များ ကို စောင့် ထိန်း ကြ ရာ၊ တိမ် တိုက် ထဲ က ဗျာ ဒိတ် ပေး တော် မူ ၏။ Judson Bible သူတို့အား မိုးတိမ်တိုင်ထဲက မိန့်တော်မူ၏။ သူတို့သည်လည်း၊ သက်သေခံတော်မူချက်များကိုလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကိုလည်းကောင်း စောင့်ရှောက်ကြ၏။ |
ကိုယ်တော်သည် အမှောင်ကိုစေလွှတ်၍ ထိုပြည်ကို မှောင်မည်းစေတော်မူ၏။ ထိုသူတို့သည် ကိုယ်တော်၏အမိန့်တော်ကို ဖီဆန်ခဲ့ကြသည်မဟုတ်လော။
ထာဝရဘုရားက မောရှေအား “သင်နှင့်ငါပြောသောစကားကို လူတို့ကြား၍ သင့်ကို အစဉ်အမြဲယုံကြစေရန် ငါသည် သင့်ထံသို့မိုးတိမ်တိုက်ဖြင့်ကြွလာမည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း လူတို့၏စကားများကို ထာဝရဘုရားထံ ကြားလျှောက်လေ၏။
မောရှေသည် တဲတော်ထဲသို့ဝင်သွားသောအခါ မိုးတိမ်တိုင်သည်ဆင်းလာ၍ တဲတော်အဝင်ဝ၌ တည်နေ၏။ ထို့နောက် ထာဝရဘုရားသည် မောရှေနှင့်စကားပြောတော်မူ၏။
တစ်စုံတစ်ဦးသည် ပညတ်တရားကိုနာယူနာခံခြင်းမရှိလျှင် သူ၏ဆုတောင်းချက်သည်ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ထာဝရဘုရားသည်လည်း မိုးတိမ်တိုင်အားဖြင့် ကြွဆင်း၍ တဲတော်အဝင်ဝ၌ရပ်လျက် အာရုန်နှင့်မိရိအံကိုခေါ်သဖြင့် သူတို့နှစ်ဦးစလုံး ရှေ့တော်သို့လာကြ၏။
ထိုအခါ မောရှေသည် အလွန်အမျက်ထွက်၍ ထာဝရဘုရားအား “ထိုသူတို့၏ဘောဇဉ်ပူဇော်သက္ကာကို လှည့်ကြည့်တော်မမူပါနှင့်။ အကျွန်ုပ်သည် သူတို့ထံမှ မြည်းတစ်ကောင်ကိုမျှ မယူခဲ့ဖူးပါ။ သူတို့ထဲမှတစ်စုံတစ်ယောက်ကိုမျှ အန္တရာယ်မပြုခဲ့ဖူးပါ”ဟု လျှောက်လေ၏။
သူတို့သည် ကိုယ်တော်၏စကားတော်ကိုလိုက်နာ၍ ကိုယ်တော်၏ပဋိညာဉ်ကိုစောင့်ထိန်းသောကြောင့် ကိုယ့်မိဘကိုပင်လျှင် ‘သူတို့ကို ငါဂရုမစိုက်’ဟု ဆို၏။ မိမိညီအစ်ကိုကိုလည်း အသိအမှတ်မပြု၊ မိမိသားသမီးတို့ကိုလည်း မသိကျိုးကျွန်ပြု၏။
သင်တို့ဝင်ရောက်သိမ်းပိုက်နေထိုင်မည့်ပြည်၌ သင်တို့လိုက်နာရမည့် ပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို ငါ့အား ငါ၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း သင်တို့အား ငါသွန်သင်ပေးပြီ။
မောရှေသည် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိသကဲ့သို့ ယေရှုသည်လည်း မိမိကိုခန့်ထားသောဘုရားသခင်အပေါ်သစ္စာရှိတော်မူ၏။