တရားဟော 33:9 - မြန်မာ့စံမီသမ္မာကျမ်း9 သူတို့သည် ကိုယ်တော်၏စကားတော်ကိုလိုက်နာ၍ ကိုယ်တော်၏ပဋိညာဉ်ကိုစောင့်ထိန်းသောကြောင့် ကိုယ့်မိဘကိုပင်လျှင် ‘သူတို့ကို ငါဂရုမစိုက်’ဟု ဆို၏။ မိမိညီအစ်ကိုကိုလည်း အသိအမှတ်မပြု၊ မိမိသားသမီးတို့ကိုလည်း မသိကျိုးကျွန်ပြု၏။ အခန်းကိုကြည့်ပါ။Common Language Bible9 သူတို့သည်မိမိတို့၏မိဘညီအစ်ကို၊ သားသမီးတို့ကို ချစ်ခင်မြတ်နိုးသည်ထက်၊ကိုယ်တော်ကို ပို၍ချစ်ခင်မြတ်နိုးကြပါ၏။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို လိုက်နာ၍ကိုယ်တော်၏ပဋိညာဉ်ကို စောင့်ထိန်းကြပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 ထို အ နွယ် သည် ညီ အစ် ကို ချင်း တို့ ကို မ မှတ်၊ သား သ မီး တို့ ကို မ သိ၊ မိ ဘ တို့ ကို ငါ မ တွေ့ မ မြင် ရ ဟု ဆို ရာ ရောက် သည့် တိုင် အောင် ဗျာ ဒိတ် တော် ကို လျှောက် ခြင်း၊ ပ ဋိ ညာဉ် တော် ကို စောင့် ခြင်း ပြု လျက်၊ အခန်းကိုကြည့်ပါ။Judson Bible9 ထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့မမြင်ဟု ဆိုတတ်၏။ ကိုယ်ညီအစ်ကိုကိုလည်း မမှတ်တတ်။ ကိုယ်သားသမီးကိုလည်း မသိတတ်။ အကြောင်းမူကား၊ စကားတော်ကိုနားထောင်၍ ပဋိညာဉ်တရားတော်ကို စောင့်ရှောက်တတ်၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် မောရှေသည် အာရုန်နှင့် သူ၏သားဧလာဇာ၊ ဣသမာတို့အား “သင်တို့ မသေကြရမည့်အကြောင်း၊ ကိုယ်တော်သည် လူထုအပေါင်းတို့ကိုအမျက်ထွက်တော်မမူမည့်အကြောင်း သင်တို့၏ဆံပင်ကို ဖားလျားမချနှင့်၊ သင်တို့၏အဝတ်ကို မဆုတ်နှင့်။ သင်တို့၏အမျိုးသားချင်းများဖြစ်သော အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားရှို့တော်မူသောမီးအတွက် ငိုကြွေးရကြမည်။
ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။