အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 94:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​သည် သူ​တို့​၏​အပြစ်ဒုစရိုက်​အတွက် သူ​တို့​ကို​လက်တုံ့ပြန်​၍ သူ​တို့​၏​မကောင်းမှု​အတွက် သူ​တို့​ကို​ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။ ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် သူ​တို့​ကို ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ယုတ်​မာ​မှု​များ အ​တွက် အ​ပြစ်​ဒဏ်​ပေး​တော်​မူ​လိမ့်​မည်။ သူ​တို့​၏​အ​ပြစ်​များ​အ​တွက်​သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ချင်း တို့ ဒု စ ရိုက် ကို ဆပ် ပေး လျက်၊ မ ကောင်း မှု အ တွက် ပယ် ရှား တော် မူ လိမ့် မည်။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ ပယ် ရှား တော် မူ လိမ့် သ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

သူ​တို့၏​အ​ပြစ်​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​တော်​မူ​မည်။ အ​ဓ​မ္မ​အ​မှု​ကို ပြု​စဉ်​တွင်​ပင် ပယ်​ဖြတ်​တော်​မူ​မည်။ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ပယ်​ဖြတ်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။



ဆာ​လံ 94:23
20 ပူးပေါင်းရင်းမြစ်များ  

ကြည့်ရှု​လော့​။ ငါ​သည် သူ​၌​အခြား​သော​စိတ်သဘော​ကို​သွင်းပေး​မည်​။ သူ​သည် သတင်း​တစ်​ခု​ကြား​၍ မိမိ​ပြည်​သို့ ပြန်သွား​လိမ့်မည်​။ ထို့နောက် သူ့​ပြည်​၌ သူ့​ကို ဓား​ဖြင့်​ကျဆုံး​စေ​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​၏​။


ထို့ကြောင့် မော်ဒကဲ​အတွက် စိုက်ထူ​ထား​သော​သစ်တိုင်​ပေါ်တွင် ဟာမန်​ကို ချိတ်ဆွဲ​ကြ​၏​။ ရှင်ဘုရင်​သည်​လည်း အမျက်​ပြေ​လေ​၏​။


သို့သော် ထို​သတင်း ဘုရင့်​ထံ​ပေါက်ကြား​သောအခါ ရှင်ဘုရင်​က ဂျူး​လူမျိုး​တို့​အား ဖျက်ဆီး​ရန်​ကြံစည်​သော ဟာမန်​၏​ယုတ်မာ​သော​အကြံအစည်​ကို သူ့​ခေါင်း​ပေါ်​ပြန်ရောက်​စေ​မည်​ဟူ၍​လည်းကောင်း​၊ သူ​နှင့်​သူ့​သား​များ​ကို သစ်တိုင်​၌ ဆွဲထား​ရ​မည်​ဟူ၍​လည်းကောင်း အမိန့်စာ​ထုတ်ပြန်​၏​။


အကျွန်ုပ်​ကို​ပြစ်တင်စွပ်စွဲ​သော​သူ​များ​နှင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​ဆန့်ကျင်​လျက် မကောင်း​ပြောဆို​သော​သူ​များ​သည် ထိုသို့သော​အကျိုး​ကို ထာဝရဘုရား​ထံ​မှ ခံ​ကြ​ရ​ပါစေ​။


ထာဝရဘုရား​သည် မြှောက်ပင့်​တတ်​သော​နှုတ်ခမ်း​နှင့် ဝါကြွား​ပြောဆို​တတ်​သော​လျှာ​ရှိသမျှ​တို့​ကို ဖယ်ရှား​တော်မူ​ပါစေ​။


သို့သော် အို ဘုရားသခင်​၊ ကိုယ်တော်​သည် ထို​သူ​တို့​ကို ပုပ်ပျက်ရာ​တွင်း​ထဲသို့​ဆင်းသွား​စေ​တော်မူ​၏​။ သွေးဆာ​သော​သူ​နှင့် လိမ်လည်လှည့်ဖြား​သော သူ​တို့​သည် မိမိ​တို့​နေ့ရက်​ကာလ​၏​ထက်ဝက်​မျှပင် အသက်ရှင်​ရ​မည်​မ​ဟုတ်​။ အကျွန်ုပ်​မူကား ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ပါ​မည်​။


ကိုယ်တော်​သည် သူ​တို့​လျှာ​ကြောင့် သူ​တို့​ကို​လဲကျ​စေ​တော်မူ​လိမ့်မည်​။ သူ​တို့​ကို​မြင်​သော​သူ​အပေါင်း​တို့​သည် ထွက်ပြေး​ကြ​လိမ့်မည်​။


သူ​ဖန်တီး​သော​အခက်အခဲ​ပြဿနာ​သည် သူ့​ခေါင်း​ပေါ်​ပြန်ရောက်​၍ သူ​၏​ရက်စက်ကြမ်းကြုတ်မှု​သည် သူ​၏​ဦးခေါင်းထိပ်​ပေါ်​ကျ​လိမ့်မည်​။


ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​ပြုမူကျင့်ကြံ​သော​အမှုအရာ​၏​အသီး​ကို​စား​၍ မိမိ​တို့​၏​အကျင့်အကြံ​များ​နှင့် ဝအီ​ကြ​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​သည် မိမိ​ပြု​သော​မကောင်းမှု​ထဲ၌ လဲကျ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​မူကား သူ​၏​သေ​ခြင်း​ထဲ၌ပင် ခိုလှုံ​ရာ​ကို​တွေ့​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​တို့​မူကား ပြည်​တော်​မှ ဖယ်ရှား​ခြင်း​ခံရ​၍ သစ္စာမဲ့​သော​သူ​တို့​သည် ထို​ပြည်​မှ​နုတ်ပယ်​ခြင်း​ခံရ​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​သည် မိမိ​ဒုစရိုက်​များ​ဖြင့် ဖမ်းဆီး​ခြင်း​ခံရ​၍ မိမိ​အပြစ်​ကြိုး​များ​ဖြင့် ချည်နှောင်​ခြင်း​ခံရ​လိမ့်မည်​။


သူ​သည် ဆုံးမပဲ့ပြင်​ခြင်း​မ​ခံရ​သောကြောင့် သေ​ရ​လိမ့်မည်​။ သူ​၏​ကြီးမား​သော​မိုက်မဲမှု​ကြောင့် လမ်းလွဲ​သွား​ရ​လိမ့်မည်​။


သူ​နှင့် သူ​၏​သားစဉ်မြေးဆက်​၊ သူ​၏​အစေအပါး​တို့​ပြု​သော​ဒုစရိုက်​ကြောင့် သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ သူ​တို့​နှင့်တကွ ဂျေရုဆလင်​မြို့သား​၊ ယုဒ​အမျိုးသား​တို့​အပေါ် ငါ​မိန့်ဆို​ထား​သည့်​ဘေးအန္တရာယ်​အလုံးစုံ​ကို ကျရောက်​စေ​မည်​ဖြစ်​သော်လည်း သူ​တို့​ဂရု​မ​စိုက်​ကြ​”​ဟု မိန့်​တော်မူ​၏​။


‘ဖြောင့်မတ်​သော​သူ​သည် ဖြောင့်မတ်​ရာ​လမ်း​မှ​လွဲ​၍ ဆိုးယုတ်​သော​သူ​တို့​ကဲ့သို့ မတရားမှု​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို ပြု​လျှင် သူ​သည် အသက်ချမ်းသာ​ရာ​ရ​မည်လော​။ သူ​ပြု​ခဲ့​သော​ဖြောင့်မတ်​ခြင်း​အမှု​တို့​ကို အမှတ်ရ​မည်​မ​ဟုတ်​။ သူ​သည် ဖောက်ပြန်​၍ အပြစ်ပြု​သောကြောင့် သေ​ရ​မည်​။


ဦးချို​ဆယ်​ချောင်း​ကား ထို​နိုင်ငံ​တွင်​ပေါ်လာ​မည့် ရှင်ဘုရင်​ဆယ်​ပါး ဖြစ်​၏​။ သူ​တို့​နောက်​တွင် အခြား​ရှင်ဘုရင်​တစ်​ပါး ပေါ်လာ​လိမ့်မည်​။ ထို​ဘုရင်​သည် ယခင်​ဘုရင်​များ​ထက်​ထူးခြား​၍ ရှင်ဘုရင်​သုံး​ပါး​စလုံး​ကို ချေမှုန်း​ပစ်​မည်​။


ခြောက်ဆယ့်​နှစ်​သီတင်း​လွန်​လျှင် ဘိသိက်ခံ​မင်း​သည် မည်သည့်​အရာ​မျှ​မ​ကျန်​ဘဲ ပယ်ရှင်း​ခြင်း​ခံရ​လိမ့်မည်​။ နောက်​တက်လာ​မည့်​မင်း​၏​လူ​တို့​သည် မြို့​နှင့် သန့်ရှင်းရာဌာန​ကို ဖျက်ဆီး​ပစ်​လိမ့်မည်​။ အဆုံး​သည် ရေလွှမ်းမိုး​သကဲ့သို့ ရောက်လာ​လိမ့်မည်​။ အဆုံး​သို့​မ​ရောက်​မ​ချင်း စစ်မက်​ဖြစ်ပွား​လိမ့်မည်​။ ဤသို့ ပျက်စီး​ခြင်း​ကို စီရင်​ထား​တော်မူ​ပြီ​။


ဘုရားသခင်​သည် ရှေခင်​အမျိုးသား​တို့​ပြု​ခဲ့​သော​မကောင်းမှု​အလုံးစုံ​တို့​ကို သူ​တို့​၏​ခေါင်း​ပေါ်သို့ ပြန်ကျ​စေ​တော်မူ​၏​။ ယေရုဗ္ဗာလ​၏​သား​ယောသံ​၏​ကျိန်​ခြင်း​သည် သူ​တို့​အပေါ် ကျရောက်​လေ​၏​။