ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
ဆာလံ 94:15 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် တရားစီရင်ခြင်းသည် ဖြောင့်မတ်ခြင်းထံသို့ ပြန်လှည့်လာ၍ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့သည် ၎င်း၏နောက်သို့လိုက်ကြလိမ့်မည်။ Common Language Bible တရားရုံးများ၌တရားမျှတစွာစီရင်မှု တစ်ဖန်ရှိလိမ့်မည်။ သူတော်ကောင်းအပေါင်းတို့သည်လည်း ယင်းတရားမျှတစွာစီရင်မှုကို ထောက်ခံကြလိမ့်မည်။ Judson Bible တစ်ဖန် ဖြောင့်မတ်ခြင်းတရားဘက်၌ စီရင်ဆုံးဖြတ်တော်မူ၍၊ သဘောဖြောင့်သောသူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြပါလိမ့်မည်။ |
ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
‘ကိုယ်တော့်ကို မမြင်ရ’ဟု သင်မည်သို့ပင်ဆိုစေကာမူ သင့်အမှုသည် ရှေ့တော်သို့ရောက်နှင့်နေပြီဖြစ်၍ ကိုယ်တော်ကိုသာ စောင့်မျှော်လျက်နေပါတော့။
ထာဝရဘုရားကိုစောင့်မျှော်၍ ကိုယ်တော်၏လမ်းကို စောင့်ထိန်းလော့။ သို့ပြုလျှင် သင်သည် ပြည်တော်ကိုအမွေဆက်ခံရရန် ကိုယ်တော်သည် သင့်ကိုချီးမြှောက်တော်မူလိမ့်မည်။ ဆိုးယုတ်သောသူတို့ဖယ်ရှားခြင်းခံရသည်ကို သင်မြင်ရလိမ့်မည်။
ထိုအခါ လူတို့က “ဖြောင့်မတ်သောသူသည် ဆုလာဘ်ကို အမှန်ပင်ခံရ၏။ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူသော ဘုရားသခင်သည် အမှန်ပင်ရှိတော်မူ၏”ဟု ဆိုကြလိမ့်မည်။
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
ကျိုးခါနီးကျူပင်ကို မချိုး။ ငြိမ်းခါနီးမီးစာကို မငြှိမ်းသတ်။ တရားမျှတခြင်းအကြောင်းကို သစ္စာရှိစွာ ထုတ်ဖော်မည်။
ငါသည် ထာဝရဘုရားကိုပြစ်မှားမိပြီဖြစ်၍ ငါ့အမှုကို ဖြေရှင်းပေးပြီး ငါ့ကို တရားသဖြင့် စီရင်သည်အထိ အမျက်တော်ကို ငါခံရမည်။ ထို့နောက် ကိုယ်တော်သည် ငါ့ကို အလင်းထဲသို့ ခေါ်ဆောင်လာမည်ဖြစ်၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ငါဖူးမြင်ရလိမ့်မည်။
ထိုအခါ သင်တို့သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူနှင့် မဆောင်သောသူကို ပြန်၍ ပိုင်းခြားသိမြင်ကြလိမ့်မည်။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။