Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 35:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ‘​ကိုယ်တော့်​ကို မ​မြင်​ရ​’​ဟု သင်​မည်သို့​ပင်​ဆို​စေ​ကာ​မူ သင့်​အမှု​သည် ရှေ့​တော်​သို့​ရောက်​နှင့်​နေ​ပြီ​ဖြစ်၍ ကိုယ်တော်​ကို​သာ စောင့်မျှော်​လျက်​နေ​ပါ​တော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ကိုယ် တော် အား ပ မာ ဏ မ ပြု ဟု ဝန် ခံ စဉ်၊ သင့် ကို မု ချ အာ ရုံ ပြု တော် မ မူ။ သို့ ရာ တွင် ဆိုင်း လင့် ပါ ဦး။ သင့် အ မှု သည် ရှေ့ တော် တွင် ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ဘု​ရား​သ​ခင်​ကို မ​တွေ့​မ​မြင်​ရ​ဟု သင်​ဆို​သော်​လည်း၊ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော​ကြောင့် မျှော်​လင့်​လျက်​နေ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 35:14
21 ပူးပေါင်းရင်းမြစ်များ  

‘​ရက်စက်လွန်း​ပါ​သည်​တကား​’​ဟု ငါ​အော်ဟစ်​သော်လည်း ငါ့​ကို​နားညောင်း​တော်​မ​မူ​ပါ​။ ငါ​အကူအညီ​အော်ဟစ်​တောင်းခံ​သော်လည်း တရားသဖြင့်​စီရင်​ပေး​တော်​မ​မူ​ပါ​။


ကိုယ်တော်​အား မည်သည့်​အရပ်​၌​တွေ့​နိုင်​မည်​ကို ငါ​သိလို​ပါ​၏​။ စံမြန်း​တော်မူ​ရာ​သို့ ငါ​ရောက်​လို​ပါ​၏​။


ငါ​ပြော​သော​စကား​များ​ကို မည်သူ​နားထောင်​ပေး​မည်နည်း​။ ကြည့်​ကြ​ပါ​။ ငါ​လက်မှတ်​ထိုး​ပြီ​ဖြစ်၍ အနန္တတန်ခိုးရှင်​သည် ငါ့​စကား​ကို​နားညောင်း​တော်မူ​ပါစေသော​။ ငါ့​ကို​စွဲချက်တင်​သော​သူ​သည် စွဲချက်​ကို ရေးမှတ်​ပါစေသော​။


ကိုယ်တော်​က အမျက်ထွက်​၍ ဒဏ်ခတ်​တော်မူ​သည်​မ​ဟုတ်​။ လွန်ခဲ့​သော​အပြစ်​များ​ကို​လည်း မှတ်​တော်မူ​သည်​မ​ဟုတ်​သောကြောင့်


ငါ့​အနား​မှ ဖြတ်သွား​သည်​ကို ငါ​မ​မြင်​။ ငါ့​ကို ကျော်သွား​သော်လည်း ကိုယ်တော်​ကို ငါ​မ​မှတ်မိ​။


ကြည့်ရှု​လော့​။ တန်ခိုး​နှင့်ပတ်သက်​လျှင် ကိုယ်တော်​သည် တန်ခိုးကြီး​သော​အရှင်​ဖြစ်​တော်မူ​၏​။ တရားမျှတမှု​နှင့်ပတ်သက်​လျှင်​လည်း ကိုယ်တော်​ကို မည်သူ​စိန်ခေါ်​ဝံ့​မည်နည်း​။


ထာဝရဘုရား​ရှေ့​တော်​၌ တိတ်ဆိတ်​စွာ​နေ​၍ ကိုယ်တော်​ကို​ငံ့လင့်​လော့​။ မိမိ​ပြု​သော​အမှု​၌ အောင်မြင်​သော​သူ​ကြောင့်​လည်းကောင်း​၊ ကောက်ကျစ်​သော​အကြံအစည်​များ​ကို ကြံစည်​သော​သူ​ကြောင့်​လည်းကောင်း စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။


ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​၌​သာ ငြိမ်သက်ချမ်းသာမှု​ကို​ခံစား​ရ​၏​။ အကြောင်းမူကား ငါ​၏​မျှော်လင့်​ခြင်း​သည် ကိုယ်တော့်​ထံမှ​လာ​၏​။


အို လူ​များ​တို့​၊ ကိုယ်တော်​ကို အစဉ်အမြဲ​ယုံကြည်ကိုးစား​ကြ​လော့​။ သင်​တို့​၏​စိတ်နှလုံး​ကို ကိုယ်တော်​၏​ရှေ့​တော်​၌ ဖွင့်ဟ​ကြ​လော့​။ ဘုရားသခင်​သည် ငါ​တို့​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။(​စေလာ)


မိုးတိမ်​နှင့်​အမှောင်ထု​သည် ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​၏​။ ဖြောင့်မတ်​ခြင်း​နှင့်​တရားမျှတ​ခြင်း​သည် ပလ္လင်​တော်​၏​အခြေတည်​ရာ​ဖြစ်​၏​။


ထို့ကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို ကျေးဇူးပြု​တော်မူ​ရန် စောင့်မျှော်​နေ​၏​။ သင်​တို့​ကို ကရုဏာ​ပြ​တော်မူ​ရန် ထ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် တရားမျှတ​သော​ဘုရားသခင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​ကို စောင့်မျှော်​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​၏​။


သင်​တို့​တွင် မည်သူ​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​သနည်း​။ မည်သူ​သည် ကိုယ်တော့်​အစေအပါး​၏​စကား​ကို နားထောင်​သနည်း​။ မည်သူ​သည် အလင်း​မ​ရှိ​ဘဲ အမှောင်ထု​ထဲ၌ သွားလာ​သနည်း​။ သူ​သည် ထာဝရဘုရား​၏​နာမ​တော်​၌ ယုံကြည်ကိုးစား​ပါစေ​။ ဘုရားသခင်​၌ ကိုးစား​ပါစေ​။


သင့်​ကို​တိုက်ခိုက်​ရန် ထုတ်လုပ်​သော​လက်နက်​ရှိသမျှ​သည် အထမြောက်​မည်​မ​ဟုတ်​။ သင်​နှင့်​တရားဆိုင်​၍ သင့်​ကို​ဆန့်ကျင်​သော​လျှာ​ရှိသမျှ​တို့​ကို သင်​က အောင်​နိုင်​လိမ့်မည်​။ ဤသည်ကား ထာဝရဘုရား​၏​အစေအပါး​တို့ ရရှိ​သော​အမွေ​၊ ငါ့​ထံမှ​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ယာကုပ်​အမျိုးအနွယ်​ထံမှ မျက်နှာ​လွှဲ​တော်မူ​သော​ထာဝရဘုရား​ကို ငါ​မျှော်လင့်​စောင့်စား​မည်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​၍ အကျွန်ုပ်​၏​အသက်​ကို ရွေးနုတ်​တော်မူ​ပါ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ