ထာဝရဘုရား၏ဘုန်းအသရေတော်သည် အစဉ်အမြဲတည်ရှိပါစေသော။ ထာဝရဘုရားသည် မိမိပြုတော်မူသော အမှုများအတွက် ဝမ်းမြောက်တော်မူပါစေသော။
ဆာလံ 92:4 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏လုပ်ဆောင်တော်မူချက်အားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေပါ၏။ ကိုယ်တော်၏လက်တော်ဖြင့်ပြုလုပ်သော အရာများအတွက် အကျွန်ုပ်သည် ရွှင်လန်းစွာသီချင်းဆိုပါမည်။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော အမှုတော်များသည်ကျွန်တော်မျိုးအား ဝမ်းမြောက်ရွှင်လန်းစေပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်များကြောင့် ကျွန်တော်မျိုးသည်ဝမ်းမြောက်စွာသီချင်းဆိုပါ၏။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ မှု တော် အား ဖြင့် အ ကျွန်ုပ် ကို ဝမ်း မြောက် စေ တော် မူ သည် ဖြစ်၍၊ လက် တော့် အ မှု ရှိ သ မျှ ကြောင့် ကြွေး ကြော် ပါ မည်။ Judson Bible အို ထာဝရဘုရား၊ အမှုတော်များအားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေတော်မူသည်ဖြစ်၍၊ လက်တော်နှင့် ပြုပြင်တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါမည်။ |
ထာဝရဘုရား၏ဘုန်းအသရေတော်သည် အစဉ်အမြဲတည်ရှိပါစေသော။ ထာဝရဘုရားသည် မိမိပြုတော်မူသော အမှုများအတွက် ဝမ်းမြောက်တော်မူပါစေသော။
ငါ၏ဆင်ခြင်တွေးတောမှုသည် ကိုယ်တော်အတွက် နှစ်သက်ဖွယ်ဖြစ်ပါစေသော။ ငါသည် ထာဝရဘုရား၌ဝမ်းမြောက်မည်။
ထာဝရဘုရားသည် ငါတို့အတွက် ကြီးမြတ်သောအမှုကိုပြုတော်မူပြီ။ ငါတို့သည် ဝမ်းမြောက်ကြ၏။
အကျွန်ုပ်သည် လွန်ခဲ့သောနေ့ရက်များကို သတိရလျက် ကိုယ်တော်၏လုပ်ဆောင်တော်မူချက်ရှိသမျှတို့ကို ဆင်ခြင်အောက်မေ့ပါ၏။ ကိုယ်တော်၏လက်တော်ဖြင့်ပြုလုပ်သောအရာများကို အကျွန်ုပ်တွေးတောဆင်ခြင်ပါ၏။
စောင်းတီး၍ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ဆယ်ကြိုးတပ်စောင်းပြားတီး၍ ကိုယ်တော်ကိုသီဆိုချီးမွမ်းကြလော့။
ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ဝမ်းမြောက်၍ ကိုယ်တော်ကိုခိုလှုံလိမ့်မည်။ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့သည်လည်း ကိုယ်တော်ကိုချီးမွမ်းကြလိမ့်မည်။
သူ့အား ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာများကိုအုပ်စိုးစေ၍ အရာခပ်သိမ်းတို့ကိုသူ၏ခြေအောက်၌ ချထားတော်မူပြီ။
ကိုယ်တော်၏လုပ်ဆောင်တော်မူချက်သည် ကိုယ်တော်၏အစေအပါးတို့ထံ၌လည်းကောင်း၊ ကိုယ်တော်၏ဘုန်းအာနုဘော်သည် သူတို့၏ သားသမီးတို့ထံ၌လည်းကောင်း ထင်ရှားပါစေသော။
ထာဝရဘုရားက “ယာကုပ်အမျိုးအတွက် ဝမ်းမြောက်ပျော်ရွှင်စွာသီချင်းဆိုကြလော့။ လူမျိုးတကာတို့၏အထွတ်အား ကြွေးကြော်ချီးမွမ်း၍ ‘အို ထာဝရဘုရား၊ ကြွင်းကျန်သော ကိုယ်တော်၏လူမျိုးတော် အစ္စရေးလူမျိုးကို ကယ်တင်တော်မူပါ’ဟု မြွက်ဆိုကြလော့။
ထို့အတူ သင်တို့သည် ယခုဝမ်းနည်းခြင်းရှိကြသော်လည်း ငါသည် သင်တို့နှင့် တစ်ဖန် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့၏စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို မည်သူမျှ သင်တို့ထံမှ မနုတ်ယူနိုင်ရာ။
သို့သော် ငါတို့ကို ခရစ်တော်၌ အစဉ်အမြဲအောင်ပွဲခံစေ၍ ကိုယ်တော်ကိုသိသောဉာဏ်၏ရနံ့ကို နေရာတိုင်း၌ ငါတို့အားဖြင့်ပျံ့နှံ့စေတော်မူသောဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။