ပညာရှိတို့ကို သူတို့၏အတတ်ပညာအားဖြင့် ပြန်၍အဖမ်းခံရစေ၏။ ဉာဏ်များသောသူတို့၏အကြံကိုလည်း ရုတ်ခြည်းဖျက်ဆီးတော်မူ၏။
ဆာလံ 9:17 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူတို့နှင့် ဘုရားသခင်ကိုမေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏာနိုင်ငံသို့လှည့်သွားကြရလိမ့်မည်။ Common Language Bible ထာဝရဘုရားကိုပစ်ပယ်သူအပေါင်းနှင့် သူယုတ်မာတို့သည်သေခြင်းတွင် လမ်းဆုံးရကြလိမ့်မည်။ Garrad Bible ဘု ရား သ ခင် ကို မေ့ လျော့ သူ လူ မျိုး ခြား ရှိ သ မျှ တည်း ဟူ သော လူ ဆိုး တို့ သည်၊ မ ရ ဏာ့ နိုင် ငံ သို့ ပြန် ရ ကြ မည်။ Judson Bible မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည်။ |
ပညာရှိတို့ကို သူတို့၏အတတ်ပညာအားဖြင့် ပြန်၍အဖမ်းခံရစေ၏။ ဉာဏ်များသောသူတို့၏အကြံကိုလည်း ရုတ်ခြည်းဖျက်ဆီးတော်မူ၏။
ဘုရားသခင်ကိုမေ့လျော့သောသူအပေါင်းတို့၏လမ်းခရီးသည်လည်း ထိုနည်းတူဖြစ်၏။ ဘုရားတရားမဲ့သောသူ၏မျှော်လင့်ခြင်းသည်လည်း ပျက်စီးရလိမ့်မည်။
သို့သော် သူတို့သည် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို အလျင်အမြန်မေ့လျော့ကြ၏။ ကိုယ်တော်၏အကြံဉာဏ်ကိုလည်း မစောင့်မျှော်ဘဲ
ဤအရာအားလုံး အကျွန်ုပ်တို့အပေါ်ကျရောက်ခဲ့သော်လည်း အကျွန်ုပ်တို့သည် ကိုယ်တော်ကိုမမေ့လျော့ခဲ့ပါ။ ကိုယ်တော်၏ပဋိညာဉ်တော်ကိုလည်း မဖောက်ဖျက်ခဲ့ပါ။
အကျွန်ုပ်တို့သည် မိမိတို့ဘုရားသခင်၏နာမတော်ကို မေ့လျော့ခဲ့လျှင်လည်းကောင်း၊ အခြားသောဘုရားထံသို့ အကျွန်ုပ်တို့၏လက်ကို ဆန့်ခဲ့လျှင်လည်းကောင်း
သူတို့သည် မရဏာနိုင်ငံအတွက် သိုးကဲ့သို့ လျာထားခြင်းခံရ၍ သေခြင်းသည် သူတို့ကိုထိန်းကျောင်းလိမ့်မည်။ ဖြောင့်မှန်သောသူတို့သည် နံနက်အချိန်၌ ထိုသူတို့ကိုအုပ်စိုးကြလိမ့်မည်။ ထိုသူတို့၏ရုပ်သဏ္ဌာန်သည် မိမိတို့နေထိုင်ရာအရပ်မှဝေးကွာသည့် မရဏာနိုင်ငံ၌ဆွေးမြည့်ကြလိမ့်မည်။
ဘုရားသခင်ကိုမေ့လျော့တတ်သောသူတို့၊ ဤအချက်ကို သတိနှင့်ဆင်ခြင်ကြလော့။ သို့မဟုတ်ပါက ငါသည် သင်တို့ကို အပိုင်းပိုင်းဆုတ်ဖြဲသဖြင့် ကယ်နုတ်သူမရှိဖြစ်လိမ့်မည်။
ဆိုးယုတ်သောသူသည် မိမိပြုသောမကောင်းမှုထဲ၌ လဲကျလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သူ၏သေခြင်းထဲ၌ပင် ခိုလှုံရာကိုတွေ့လိမ့်မည်။
ဆိုးယုတ်သောသူသည် မိမိဒုစရိုက်များဖြင့် ဖမ်းဆီးခြင်းခံရ၍ မိမိအပြစ်ကြိုးများဖြင့် ချည်နှောင်ခြင်းခံရလိမ့်မည်။
ဆိုးယုတ်သောသူသည် အမင်္ဂလာရှိ၏။ သူ၌ ဆိုးညစ်သောအမှု သက်ရောက်မည်။ သူ၏လုပ်ဆောင်မှုအတိုင်း သူ၌ဖြစ်လိမ့်မည်။
မရဏာနိုင်ငံသည် အလိုရမ္မက်ကြီးစွာဖြင့် မိမိပါးစပ်ကိုအတိုင်းအဆမရှိ ကျယ်စွာဖွင့်လျက်ရှိ၍ ဇိအုန်မြို့ဂုဏ်သရေရှိသူများ၊ ဆူညံနေသောလူအုပ်ကြီး၊ သောက်စားပျော်ပါးနေသူများသည် မရဏာနိုင်ငံသို့ ဆင်းသွားကြရလိမ့်မည်။
ထာဝရဘုရားက “သင်သည် ငါ့ကိုမေ့လျော့၍ အချည်းနှီးသောအရာကို ယုံကြည်ကိုးစားသောကြောင့် ဤသည်ကား သင့်ကို ငါခွဲဝေပေးသော ဝေစုဖြစ်၏။
သို့သော် ငါ၏လူမျိုးသည် ငါ့ကိုမေ့လျော့ပြီ။ သူတို့သည် အချည်းနှီးသောအရာရှေ့၌ နံ့သာပေါင်းကိုမီးရှို့ကြလေပြီ။ သူတို့သည် ရှေးလမ်းဟောင်းများတွင် ခလုတ်တိုက်လဲကျကြလေပြီ။ လမ်းမ မဟုတ်သော လမ်းကြားများတွင် လိုက်လျှောက်ကြလေပြီ။
အပျိုကညာသည် မိမိအဆင်တန်ဆာကိုလည်းကောင်း၊ သတို့သမီးသည် မိမိမင်္ဂလာဆောင်ဝတ်စုံကိုလည်းကောင်း မေ့လျော့နိုင်မည်လော။ သို့သော် ငါ၏လူတို့သည် ကာလကြာမြင့်စွာ ငါ့ကိုမေ့လျော့ကြပြီ။
အစ္စရေးအမျိုးသားတို့သည် ဖောက်ပြန်လမ်းလွဲ၍ ဘုရားသခင်ထာဝရဘုရားကို မေ့လျော့ကြသောကြောင့် တောင်ကတုံးများပေါ်၌ သူတို့ငိုကြွေးသောအသံ၊ အသနားခံသောအသံကို ကြားရပြီ။
လူမျိုးခြားတို့ရှေ့တွင် သင်အရှုတ်ချခံရသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သူသည် ဗာလဘုရားပွဲနေ့များ၌ နံ့သာပေါင်းကိုမီးရှို့၍ နှာကွင်းနှင့် လက်ဝတ်ရတနာကိုဆင်မြန်းလျက် ချစ်သူများနောက်သို့လိုက်ပြီး ငါ့ကိုမေ့လျော့သည့်အတွက် သူ့အား ငါဒဏ်ခတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အသက်စာစောင်၌ စာရင်းမဝင်သောသူရှိသမျှတို့သည်လည်း မီးအိုင်ထဲသို့ ပစ်ချခြင်းခံရကြ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။