ငါသည် သူ၏အမျိုးအနွယ်ကို ထာဝစဉ်တည်စေမည်။ သူ၏ရာဇပလ္လင်ကိုလည်း ကောင်းကင်နေ့ရက်များကဲ့သို့ တည်စေမည်။
သူ၏တိုင်းနိုင်ငံသည်မိုးကောင်းကင်ကဲ့သို့ တည်မြဲလိမ့်မည်။ သူ၏သားမြေးများသည်အခါခပ်သိမ်းဘုရင် ဖြစ်ကြလိမ့်မည်။
အ မျိုး အ နွယ် ကို ကာ လ အ စဉ်၊ ရာ ဇ ပ လ္လင် ကို ကောင်း ကင် ရက် တာ ကဲ့ သို့၊ မြဲ စေ မည်။
သူ၏အမျိုးအနွယ်ကို အစဉ်အမြဲ တည်စေမည်။ သူ၏ပလ္လင်သည် ကောင်းကင်ကလာသကဲ့သို့ နိစ္စထာဝရဖြစ်လိမ့်မည်။
အကယ်စင်စစ် ငါ၏အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ ထိုသို့ဖြစ်သည်မဟုတ်လော။ ကိုယ်တော်သည် ထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူသည်မဟုတ်လော။ အလုံးစုံကို စီရင်တော်မူပြီဖြစ်၍ စိတ်ချလုံခြုံရပါ၏။ ငါ့ကို အကြွင်းမဲ့ကယ်တင်တော်မူပြီ။ အလုံးစုံသောဆန္ဒတို့ကို ဖြည့်ဆည်းပေးတော်မူပြီ။
သူသည် ငါ့နာမတည်ရာအိမ်တော်ကို တည်ဆောက်လိမ့်မည်။ သူသည် ငါ့သားဖြစ်မည်။ ငါသည်လည်း သူ့အဖဖြစ်မည်။ သူသည် အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်၍ သူ့နိုင်ငံ၏ရာဇပလ္လင်ကိုလည်း ငါတည်မြဲစေမည်’ဟု မိန့်ဆိုပြီ။
ထာဝရဘုရားသည် ဒါဝိဒ်အား သစ္စာနှင့်ကျိန်ဆိုပြီး ပြန်လည်ရုပ်သိမ်းတော်မူမည်မဟုတ်သောစကားမှာ “ငါသည် သင်မှပေါက်ဖွားသောရင်သွေးတစ်ဦးကို သင်၏ရာဇပလ္လင်ပေါ်ထိုင်စေမည်။
သူသည် ကိုယ်တော့်ထံမှ အသက်ရှင်ခြင်းကိုတောင်းလျှောက်ရာ ကိုယ်တော်သည် ကာလအစဉ်အသက်တာရှည်ခြင်းကို သူ့အားပေးတော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်တော်သည် ကာလအစဉ်အဆက်တည်၍ တရားမျှတသောရာဇလှံတံသည် ကိုယ်တော့်နိုင်ငံတော်၏ရာဇလှံတံဖြစ်ပါ၏။
သူ၏အမျိုးအနွယ်သည် အစဉ်အမြဲတည်လိမ့်မည်။ သူ၏ပလ္လင်သည်လည်း ငါ့ရှေ့တွင် နေကဲ့သို့ဖြစ်လိမ့်မည်။
ငါသည် သင်၏အမျိုးအနွယ်ကို ထာဝရမြဲမြံစေမည်။ သင်၏ပလ္လင်ကိုလည်း မျိုးဆက်အစဉ်အဆက် တည်စေမည်”ဟု မိန့်တော်မူ၏။(စေလာ)
ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
သို့ပြုလျှင် ထာဝရဘုရားက ထိုပြည်ကို သင်တို့၏ဘိုးဘေးတို့အားပေးမည်ဟု ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင်တို့၏နေ့ရက်၊ သင်တို့သားမြေးတို့၏နေ့ရက်သည် မြေကြီးအထက် ကောင်းကင်နေ့ရက်ကဲ့သို့ များပြားလိမ့်မည်။