၁ ရာချုပ် 22:10 - မြန်မာ့စံမီသမ္မာကျမ်း10 သူသည် ငါ့နာမတည်ရာအိမ်တော်ကို တည်ဆောက်လိမ့်မည်။ သူသည် ငါ့သားဖြစ်မည်။ ငါသည်လည်း သူ့အဖဖြစ်မည်။ သူသည် အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်၍ သူ့နိုင်ငံ၏ရာဇပလ္လင်ကိုလည်း ငါတည်မြဲစေမည်’ဟု မိန့်ဆိုပြီ။ အခန်းကိုကြည့်ပါ။Common Language Bible10 သူသည်ငါ၏အဖို့ဗိမာန်တော်တစ်ဆောင် ကိုတည်ဆောက်ရလိမ့်မည်။ သူသည်ငါ၏ သားဖြစ်ရလိမ့်မည်။ ငါသည်လည်းသူ၏ အဖဖြစ်လိမ့်မည်။ သူ၏နန်းဆက်သည် ဣသရေလနိုင်ငံတွင်အစဉ်အမြဲတည် လိမ့်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ပြော ကြားတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ထို သူ သာ ငါ့ နာ မ အ ဖို့ ဗိ မာန် ကို တည် ဆောက် ရ လိမ့် မည်။ ငါ နှင့် သူ သည် သား အ ဘ ဖြစ် သည့် အ တိုင်း၊ ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် သူ့ ရာ ဇ ပ လ္လင် ကို ကာ လ အ စဉ် ငါ တည် မြဲ စေ မည် ဟု ဗျာ ဒိတ် ထား တော် မူ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုသားသည် ငါ့နာမအဖို့ အိမ်ကို တည်ဆောက်ရလိမ့်မည်။ သူသည် ငါ့သားဖြစ်လိမ့်မည်။ ငါသည်လည်း သူ၏အဘဖြစ်မည်။ သူထိုင်သော ဣသရေလနိုင်ငံ ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည်ဟု မိန့်တော်မူပြီ။ အခန်းကိုကြည့်ပါ။ |
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
ထာဝရဘုရားက အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘သင့်အရိုက်အရာကိုဆက်ခံပြီး သင့်ရာဇပလ္လင်ပေါ်တွင် ငါစံမြန်းစေမည့် သင့်သားတော်သည် ငါ့နာမအဖို့ အိမ်တော်ကို တည်လိမ့်မည်’ဟု မိန့်မှာခဲ့သည့်အတိုင်း အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ရန် ရည်ရွယ်ပါ၏။