ဆင်းရဲဒုက္ခရောက်သောကာလ၌ ထာဝရဘုရားသည် သင့်ကိုထူးတော်မူပါစေသော။ ယာကုပ်၏ဘုရားသခင်နာမတော်သည် သင့်ကိုလုံခြုံစွာစောင့်ရှောက်ပါစေသော။
ဆာလံ 89:24 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏သစ္စာနှင့် ငါ၏မေတ္တာကရုဏာသည် သူနှင့်အတူရှိလိမ့်မည်။ သူ၏ဦးချိုသည်လည်း ငါ၏နာမအားဖြင့် ချီးမြှောက်ခြင်းခံရလိမ့်မည်။ Common Language Bible ငါသည်သူ့အားအစဉ်ချစ်မြတ်နိုး၍သစ္စာ စောင့်မည်။ သူ့အားအစဉ်အောင်ပွဲခံစေမည်။ Garrad Bible သ စ္စာ တော် နှင့် က ရု ဏာ တော် သည်၊ သူ ၌ တည် ၍၊ နာ မ တော် အား ဖြင့် သူ့ ဦး ချို ကို ရှည် မြင့် စေ မည့် ပြင်၊ Judson Bible ငါ၏သစ္စာနှင့် ကရုဏာသည်သူ့ဘက်မှာနေ၍၊ ငါ၏နာမအားဖြင့် သူ၏ဦးချိုသည် ချီးမြှောက်လျက် ရှိလိမ့်မည်။ |
ဆင်းရဲဒုက္ခရောက်သောကာလ၌ ထာဝရဘုရားသည် သင့်ကိုထူးတော်မူပါစေသော။ ယာကုပ်၏ဘုရားသခင်နာမတော်သည် သင့်ကိုလုံခြုံစွာစောင့်ရှောက်ပါစေသော။
ငါတို့သည် သင်၏အောင်မြင်ခြင်းကြောင့် ရွှင်လန်းစွာကြွေးကြော်၍ ငါတို့ဘုရားသခင်၏နာမတော်၌ အောင်လံကိုစိုက်ထူကြမည်။ ထာဝရဘုရားသည် သင်တောင်းလျှောက်သမျှတို့ကို ပြည့်စုံစေတော်မူပါစေသော။
သူသည် ဘုရားသခင်၏ရှေ့တော်၌ အစဉ်အမြဲစိုးစံပါစေသော။ မေတ္တာကရုဏာနှင့်သမ္မာတရားသည် သူ့ကိုကာကွယ်စောင့်ရှောက်မည့်အကြောင်း စီရင်တော်မူပါ။
သူ့အပေါ်ထားရှိသည့် ငါ၏မေတ္တာကရုဏာကို ငါအစဉ်အမြဲစောင့်ထိန်းမည်။ သူနှင့်ပြုထားသောငါ၏ပဋိညာဉ်သည်လည်း မြဲမြံလိမ့်မည်။
သို့သော် ငါ၏မေတ္တာကရုဏာကို သူ့ထံမှဖယ်ရှားမည်မဟုတ်။ ငါ၏သစ္စာကိုလည်း ဖောက်ဖျက်မည်မဟုတ်။
“သူသည် ငါ့ကိုချစ်သောကြောင့် ငါသည် သူ့ကိုကယ်တင်မည်။ ငါ၏နာမကိုသိသောကြောင့် သူ့ကို လုံခြုံစွာစောင့်ရှောက်မည်။
အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။
အကျွန်ုပ်သည် ဤလောက၌ရှိတော့မည်မဟုတ်ပါ။ သူတို့မူကား ဤလောက၌ရှိကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့လာပါ၏။ သန့်ရှင်းတော်မူသောအဖ၊ သူတို့သည် အကျွန်ုပ်တို့နည်းတူ တစ်လုံးတစ်ဝတည်းဖြစ်ကြရန် အကျွန်ုပ်ထံပေးအပ်တော်မူသော ဤသူတို့ကို ကိုယ်တော်၏နာမတော်၌ စောင့်ရှောက်တော်မူပါ။
အကျွန်ုပ်ကို ကိုယ်တော်ချစ်တော်မူသောချစ်ခြင်းမေတ္တာသည် သူတို့၌တည်ရှိ၍ အကျွန်ုပ်သည်လည်း သူတို့၌တည်ရှိရန် ကိုယ်တော်၏နာမတော်ကို သူတို့အား အကျွန်ုပ်သိစေပါပြီ။ ဆက်လက်၍လည်း သိစေပါဦးမည်”ဟု မြွက်ဆိုတော်မူ၏။
ဤလောကထဲမှ ကိုယ်တော်ရွေးကောက်၍ အကျွန်ုပ်ထံပေးအပ်တော်မူသောသူတို့အား ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ထင်ရှားစေပါပြီ။ ထိုသူတို့သည် ကိုယ်တော်ပိုင်တော်မူသောသူများဖြစ်ကြ၍ ကိုယ်တော်သည် သူတို့ကို အကျွန်ုပ်ထံပေးအပ်တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းကြပါပြီ။
အကြောင်းမူကား ဘုရားသခင်၏ကတိတော်ရှိသမျှတို့သည် ကိုယ်တော်၌ “ဟုတ်ပါ၏”ဟူ၍ ဖြစ်ကြ၏။ ထို့ကြောင့် ငါတို့အားဖြင့် ဘုရားသခင်၏ဘုန်းအသရေတော်ထင်ရှားမည့်အကြောင်း ငါတို့သည် “အာမင်”ဟု ကိုယ်တော်အားဖြင့်ဆိုကြ၏။
ယုဒအမျိုးကိုကား၊ အို ထာဝရဘုရား၊ ယုဒတောင်းလျှောက်သံကို နားညောင်းတော်မူ၍ သူ့လူမျိုးတို့ထံသို့ သူ့ကို ပို့ဆောင်တော်မူပါ။ သူသည် သူ့ကိုယ်သူ ခုခံကာကွယ်ရပါ၏။ သူ့ကိုရန်ပြုသောသူတို့လက်မှ ကိုယ်တော်သည် ကူညီမစသောအရှင်ဖြစ်တော်မူပါစေသော။
ထို့နောက် ဟန္နက “အကျွန်ုပ်၏စိတ်နှလုံးသည် ထာဝရဘုရား၌ ရွှင်လန်း၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ဦးချိုကို ချီးမြှောက်တော်မူပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်ကို ကယ်တင်တော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ဝမ်းမြောက်လျက် ရန်သူတို့ကို အားရစွာချေပပြောဆိုနိုင်ပါပြီ။