ကိုယ်တော်၏သန့်ရှင်းသောနာမတော်၌ ဂုဏ်ယူဝါကြွားကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံးသည် ဝမ်းမြောက်ပါစေ။
ဆာလံ 89:16 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ကိုယ်တော်၏နာမတော်၌ တစ်နေ့လုံးရွှင်လန်း၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ချီးမြှောက်ခြင်းခံရကြပါ၏။ Common Language Bible သူတို့သည်ကိုယ်တော်ရှင်ကိုအကြောင်းပြု၍ တစ်နေ့လုံးဝမ်းမြောက်ရွှင်မြူးလျက်နေကြပါ၏။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသဖြင့် သူတို့သည်ကိုယ်တော်ရှင်အားထောမနာပြုကြပါ၏။ Garrad Bible နေ့ ရှိ သ မျှ နာ မ တော်၌ ရွှင် လန်း ခွင့်၊ ဖြောင့် မတ် တော် မူ ခြင်း ၌ ချီး မြှောက် ခွင့် ခံ ရ ကြ ပါ၏။ Judson Bible သူတို့သည် မျက်နှာတော်အလင်း၌ သွားလာရကြပါ၏။ နာမတော်၌ အစဉ်ဝမ်းမြောက်၍ ဖြောင့်မတ်တော်မူခြင်းတရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရကြပါ၏။ |
ကိုယ်တော်၏သန့်ရှင်းသောနာမတော်၌ ဂုဏ်ယူဝါကြွားကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံးသည် ဝမ်းမြောက်ပါစေ။
ထာဝရဘုရား၏အသံတော်သည် သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လက်ဘနွန်သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။
အကြောင်းမူကား ငါတို့သည် ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ယုံကြည်ကိုးစားကြသောကြောင့် ငါတို့၏စိတ်နှလုံးသည် ကိုယ်တော်၌ဝမ်းမြောက်ခြင်းရှိ၏။
အကျွန်ုပ်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို အကျွန်ုပ်စိတ်နှလုံးထဲ၌ ဖုံးကွယ်မထားပါ။ ကိုယ်တော်၏သစ္စာတော်နှင့် ကိုယ်တော်၏ကယ်တင်ခြင်းအကြောင်းကို အကျွန်ုပ်ပြောကြားပါပြီ။ ကိုယ်တော်၏မေတ္တာကရုဏာနှင့် ကိုယ်တော်၏သမ္မာတရားကို လူအစုအဝေးကြီးအလယ်၌ အကျွန်ုပ်ထိမ်ဝှက်မထားပါ။
အကျွန်ုပ်တို့သည် ဘုရားသခင်၌ တစ်နေ့လုံးဂုဏ်ယူဝါကြွား၍ ကိုယ်တော်၏နာမတော်ကို အစဉ်အမြဲချီးမွမ်းကြပါမည်။(စေလာ)
မြောက်အရပ်နှင့်တောင်အရပ်ကို ကိုယ်တော်ဖန်ဆင်းတော်မူ၏။ တာဗော်တောင်နှင့် ဟေရမုန်တောင်တို့သည်လည်း ကိုယ်တော်၏နာမတော်ကို ရွှင်လန်းစွာ ကြွေးကြော်ကြပါ၏။
အို ယာကုပ်အမျိုးအနွယ်တို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ လျှောက်လှမ်းကြကုန်စို့။
ငါ၏ဖြောင့်မတ်ခြင်းကို အနီးသို့ငါဆောင်ခဲ့ပြီ။ အဝေး၌ရှိသည်မဟုတ်။ ငါ၏ကယ်တင်ခြင်းသည် နှောင့်နှေးမည်မဟုတ်။ ကယ်တင်ခြင်းကို ဇိအုန်တောင်၌ ငါထားမည်။ ငါ၏ဂုဏ်ကျက်သရေကို အစ္စရေးလူမျိုးအား ငါပေးမည်။
ထိုဘုရင်လက်ထက်၌ ယုဒအမျိုးသည် ကယ်တင်ခြင်းခံရလိမ့်မည်။ အစ္စရေးလူမျိုးသည် ဘေးကင်းလုံခြုံစွာနေထိုင်ရလိမ့်မည်။ ထိုဘုရင်၏နာမကိုကား ‘ငါတို့ကို ဖြောင့်မတ်စေတော်မူသောထာဝရဘုရား’ဟု ခေါ်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်သည် ဥပုသ်နှစ် ခုနစ်နှစ်ကို မိမိဘာသာမိမိ ခုနစ်နှစ် ခုနစ်လီ ရေတွက်ရမည်။ ဥပုသ်နှစ် ခုနစ်နှစ် ခုနစ်လီ၏ကာလသည် လေးဆယ့်ကိုးနှစ်ဖြစ်၏။
သတ္တမလ၊ ဆယ်ရက်နေ့၌ သင်သည် တံပိုးကို ကျယ်လောင်စွာမှုတ်ရမည်။ အပြစ်ဖြေလွှတ်ခြင်းနေ့၌ သင်တို့သည် တစ်ပြည်လုံးအနှံ့ တံပိုးကို မှုတ်ရမည်။
အဘယ်ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။
ဤသည်ကား ငါသည် ပညတ်တရားနှင့်ဆိုင်သော ငါ၏ဖြောင့်မတ်ခြင်းမဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအပေါ်၌အခြေခံသည့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုရရှိ၍ ခရစ်တော်ကိုရရှိကာ ကိုယ်တော်၌ တွေ့မြင်ခြင်းခံရရန်အတွက်ဖြစ်၏။
သခင်ဘုရား၌ အစဉ်အမြဲဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။