ဆာလံ 89:17 - မြန်မာ့စံမီသမ္မာကျမ်း17 အကြောင်းမူကား ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ဂုဏ်ကျက်သရေဖြစ်တော်မူ၏။ အကျွန်ုပ်တို့၏ဦးချိုသည် ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ချီးမြှောက်ခြင်းခံရပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အောင်ပွဲကြီးများခံစေတော်မူပါ၏။ မေတ္တာရှိတော်မူသဖြင့်ကျွန်တော်မျိုးတို့အား အနိုင်ရစေတော်မူပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ကိုယ် တော် သည် လူ မျိုး တော့် အ စွမ်း သ တ္တိ၏ ဂုဏ် အ သ ရေ ဖြစ် လျက်၊ ကျေး ဇူး တော် အား ဖြင့် အ ကျွန်ုပ် တို့ ဦး ချို ကို ရှည် မြင့် စေ တော် မူ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ်တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက်ရှိပါ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကို ဆန့်ကျင်ဖက်ပြိုင်သောသူတို့သည် ကျိုးပဲ့ကြေမွရလိမ့်မည်။ ကိုယ်တော်သည် သူတို့အပေါ် ကောင်းကင်မှမိုးကြိုး ကျစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် စစ်ကြောစီရင်တော်မူမည်။ မိမိရှင်ဘုရင်အား အစွမ်းသတ္တိကိုပေးတော်မူမည်။ မိမိဘိသိက်ပေးထားသောသူ၏ဦးချိုကို ချီးမြှောက်တော်မူလိမ့်မည်”ဟု ချီးမွမ်းဆုတောင်းလေ၏။
ထို့နောက် နေဟမိက လူတို့အား “ချိုမြိန်သောစားကောင်းသောက်ဖွယ်တို့ကို သွား၍ စားသောက်ကြလော့။ စားသောက်စရာမရှိသူတို့အား ဝေငှပေးလော့။ ယနေ့သည် ငါတို့အရှင်သခင်အဖို့ သန့်ရှင်းသောနေ့ဖြစ်၍ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှ ဝမ်းမြောက်ခြင်းသည် သင်တို့အဖို့ ခွန်အားဖြစ်၏”ဟု ဆို၏။