အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်သည်ဖြစ်၍ အကျွန်ုပ်အရှက်မကွဲရပါစေနှင့်။ ဆိုးယုတ်သောသူတို့သည် အရှက်ကွဲလျက် မရဏာနိုင်ငံထဲ၌ တိတ်ဆိတ်စွာနေကြရပါစေသော။
ဆာလံ 80:8 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် စပျစ်ပင်တစ်ပင်ကို အီဂျစ်ပြည်မှဆောင်ယူခဲ့၍ လူမျိုးခြားတို့ကိုနှင်ထုတ်ပြီးလျှင် ၎င်းကို စိုက်ပျိုးတော်မူ၏။ Common Language Bible ကိုယ်တော်ရှင်သည်အီဂျစ်ပြည်မှစပျစ်ပင်ကို ယူဆောင်တော်မူခဲ့၍ အခြားအမျိုးသားတို့ကိုနှင်ထုတ်တော်မူ ပြီးလျှင် သူတို့၏ပြည်တွင်ထိုစပျစ်ပင်ကိုစိုက်ပျိုး တော်မူပါ၏။ Garrad Bible ကိုယ် တော် သည် စ ပျစ် နွယ် ပင် ကို အိ ဂျစ် ပြည် က ယူ ခဲ့၍၊ လူ မျိုး ခြား တို့ ကို နှင် ထုတ် ပြီး လျှင်၊ စိုက် တော် မူ ရာ၊ ထို အ ပင့် ရှေ့ မြေ ထွင် တော် မူ သ ဖြင့်၊ Judson Bible ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည်ကဆောင်ခဲ့၍၊ တစ်ပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက်ပျိုးတော်မူ၏။ |
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်သည်ဖြစ်၍ အကျွန်ုပ်အရှက်မကွဲရပါစေနှင့်။ ဆိုးယုတ်သောသူတို့သည် အရှက်ကွဲလျက် မရဏာနိုင်ငံထဲ၌ တိတ်ဆိတ်စွာနေကြရပါစေသော။
ကိုယ်တော်သည် လူမျိုးခြားတို့ကို ကိုယ်တော်၏လက်တော်ဖြင့်နှင်ထုတ်ပြီး ဘိုးဘေးတို့ကို အခြေချစေတော်မူ၏။ တိုင်းသူပြည်သားတို့ကိုနှိမ်နင်း၍ ဘိုးဘေးတို့ကိုပြန့်ပွားစေတော်မူ၏။
ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ကြမ်းတမ်းမှုများနှင့် ကြုံတွေ့စေခဲ့ပါ၏။ ဒယီးဒယိုင်ဖြစ်စေသောစပျစ်ဝိုင်ကို အကျွန်ုပ်တို့အားတိုက်ခဲ့ပါ၏။
ထို့နောက် လူမျိုးခြားတို့ကို သူတို့ရှေ့မှနှင်ထုတ်တော်မူပြီး အမွေအဖြစ် တိုင်းတာသတ်မှတ်ထားသောနယ်မြေအလိုက် သူတို့ကိုခွဲဝေပေး၍ အစ္စရေးအမျိုးအနွယ်တို့အား မိမိတို့တဲများ၌ နေထိုင်စေတော်မူ၏။
သိုးထိန်းအမြောက်အမြားတို့သည် ငါ့စပျစ်ခြံကို ဖျက်ဆီးကြပြီ။ ငါ့လယ်ကွင်းကို နင်းချေကြပြီ။ ငါတန်ဖိုးထားသောလယ်မြေကို လူသူကင်းမဲ့ရာတောကန္တာရကဲ့သို့ ဖြစ်စေကြပြီ။
ငါသည် သင့်ကို အရည်အသွေးအကောင်းဆုံးမျိုးစေ့မှ အကောင်းဆုံးစပျစ်ပင်အဖြစ် စိုက်ပျိုးခဲ့၏။ သို့သော် သင်သည် စပျစ်ရိုင်းပင်အဖြစ် မည်သို့ပေါက်လာရသနည်း။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘တောသစ်ပင်များကြားရှိ စပျစ်နွယ်ကို မီးဖြင့်လောင်ကျွမ်းသွားစေသကဲ့သို့ ဂျေရုဆလင်မြို့သားတို့ကို ငါပြုမည်။
ထိုမျိုးစေ့သည် အပင်ပေါက်၍ အနွယ်ဖြာထွက်သောစပျစ်ပင်ကဲ့သို့ ပင်နိမ့်မျိုးဖြစ်၏။ အကိုင်းအခက်များမူကား လင်းယုန်ငှက်ကြီးရှိရာသို့ဖြာထွက်၏။ အပင်အောက်ဘက်တွင် အမြစ်တွယ်၏။ အကိုင်းများထွက်လာပြီး အခက်အလက်တို့ဖြင့်ဝေဆာသော စပျစ်နွယ်ပင်ဖြစ်လာ၏။
သင့်မိခင်သည် သင်နှင့်သွေးသားတူ၍ စပျစ်ပင်ကဲ့သို့ဖြစ်၏။ ရေစပ်၌စိုက်ထားသည်ဖြစ်၍ ရေဝသောကြောင့် အသီးများ၊ အကိုင်းအခက်များဖြင့် ဝေဆာ၏။
ငါတို့၏ဘိုးဘေးများသည် ထိုတဲတော်ကိုဆက်ခံ၍ ငါတို့ဘိုးဘေးများရှေ့မှ ဘုရားသခင်နှင်ထုတ်တော်မူသော လူမျိုးခြားတို့၏ပြည်ကို သူတို့သိမ်းပိုက်ကြသောအခါ ယောရှုနှင့်အတူ ၎င်းကိုသယ်ဆောင်လာကြ၏။ ထိုတဲတော်သည် ဒါဝိဒ်လက်ထက်တိုင်အောင်ရှိခဲ့၏။
လက်ဘနွန်ပြည်မှစ၍ မိသရဖောသမိမ်ပြည်တိုင်အောင် တောင်ပေါ်ဒေသတွင်နေထိုင်သောဆီဒုန်လူမျိုးအပေါင်းတို့ကို အစ္စရေးအမျိုးသားတို့ရှေ့မှ ငါနှင်ထုတ်မည်။ ငါမိန့်မှာသည့်အတိုင်း ဤပြည်ကို အစ္စရေးလူမျိုးတို့အား အမွေမြေအဖြစ် သင်ခွဲဝေပေးရမည်။