ဆာလံ 80:8 - Common Language Bible8 ကိုယ်တော်ရှင်သည်အီဂျစ်ပြည်မှစပျစ်ပင်ကို ယူဆောင်တော်မူခဲ့၍ အခြားအမျိုးသားတို့ကိုနှင်ထုတ်တော်မူ ပြီးလျှင် သူတို့၏ပြည်တွင်ထိုစပျစ်ပင်ကိုစိုက်ပျိုး တော်မူပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ကိုယ် တော် သည် စ ပျစ် နွယ် ပင် ကို အိ ဂျစ် ပြည် က ယူ ခဲ့၍၊ လူ မျိုး ခြား တို့ ကို နှင် ထုတ် ပြီး လျှင်၊ စိုက် တော် မူ ရာ၊ ထို အ ပင့် ရှေ့ မြေ ထွင် တော် မူ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible8 ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည်ကဆောင်ခဲ့၍၊ တစ်ပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက်ပျိုးတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ကိုယ်တော်သည် စပျစ်ပင်တစ်ပင်ကို အီဂျစ်ပြည်မှဆောင်ယူခဲ့၍ လူမျိုးခြားတို့ကိုနှင်ထုတ်ပြီးလျှင် ၎င်းကို စိုက်ပျိုးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
အပင်ငယ်သည်ရွက်နုများထွက်လာကာနိမ့် နိမ့်နှင့်အကိုင်းအခက်များဖြာ၍ထွက်လာ သောစပျစ်နွယ်ပင်ဖြစ်လာလေသည်။ ထို အပင်၏အကိုင်းအခက်တို့သည်လင်းယုန် ငှက်ရှိရာသို့တက်လျက်အမြစ်များသည် လည်းအောက်သို့နက်စွာဆင်းသွားကြ၏။ စပျစ်ပင်သည်အကိုင်းအခက်တို့ဖြင့် ဝေဆာလျက်နေ၏။
သိမ်းယူရန်ကျန်ရှိနေသေးသောနယ်မြေ များတွင် လေဗနုန်တောင်နှင့်မိသရဖောသ မိမ်မြို့စပ်ကြားတောင်ကုန်းဒေသတွင် နေ ထိုင်သောဇိဒုန်အမျိုးသားတို့၏နယ်မြေ အားလုံးလည်းပါဝင်သည်။ ဣသရေလ အမျိုးသားတို့သည်ဤပြည်များကိုသိမ်း ယူရန်ချီတက်လာသည့်အခါ သူတို့အား လုံးကိုငါနှင်ထုတ်မည်။ ငါသည်သင့်အား မိန့်မှာထားသည့်အတိုင်းဣသရေလ အမျိုးသားတို့အတွက်နယ်မြေအားလုံး ကိုခွဲဝေပေးရမည်။-