ဤသည်ကား လာမည့်မျိုးဆက်တည်းဟူသော နောင်မွေးဖွားလာမည့်သားသမီးတို့သည် ထိုအရာတို့ကိုသိမှတ်၍ သူတို့၏သားသမီးများကို လက်ဆင့်ကမ်းပြောပြနိုင်ရန်ဖြစ်၏။
ဤသို့ပြုတော်မူခြင်းမှာ၊နောက်လူမျိုးဆက် သည် ပညတ်တော်တို့ကိုသိရှိနားလည်လျက် မိမိတို့၏သားမြေးတို့အားတစ်ဆင့်ပြန်၍ သွန်သင်ပေးနိုင်ကြစေရန်ဖြစ်၏။
သဘောမဖြောင့်၊ ဘုရားသခင်၌ စိတ်ဝိညာဉ် အမြဲမဆည်းကပ်သောအမျိုး၊ ငြင်းဆန်၍ ပုန်ကန်တတ်သော အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည်မဖြစ်၊ ဘုရားသခင်၏အမှုတော်တို့ကိုမမေ့၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍၊ ပညတ်တော်တို့ကိုစောင့်စေခြင်းငှာ၊ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အားပြသ၍၊ ဖြစ်လတ္တံ့သောအမျိုးတည်းဟူသော၊ ဖွားမြင်လတ္တံ့သောသားတို့သည် သိနားလည်၍၊ နောက်တစ်ဖန် မြေးမြစ်တို့အား ပြသကြမည်အကြောင်း ပညတ်ထားတော်မူပြီ။
ဤပွဲနေ့များကို မြို့ရွာတိုင်း၊ ဒေသတိုင်းရှိ မျိုးနွယ်စုအားလုံး၊ မျိုးဆက်အားလုံး အစဉ်အမှတ်ရ၍ကျင်းပရမည်။ ဤပုရိမ်ပွဲနေ့တို့သည် ဂျူးလူမျိုးတို့တွင် မပပျောက်စေရ။ ဤအမှတ်ရစရာသည် သူတို့၏သားစဉ်မြေးဆက်တိုင်အောင် မပျောက်ပျက်သွားစေရ။
ဖန်ဆင်းခြင်းခံရမည့်လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြမည့်အကြောင်း ဤအရာကို နောင်လာမည့်မျိုးဆက်အတွက် ရေးမှတ်ထားကြပါစေ။
မျိုးဆက်တစ်ဆက်သည် နောက်မျိုးဆက်တစ်ဆက်အား ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ထောမနာပြုပြောဆိုပါလိမ့်မည်။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်များ အကြောင်းကိုလည်း ပြောကြားပါလိမ့်မည်။
သူတို့သည် လာ၍ မွေးဖွားလာမည့်လူမျိုးအား ကိုယ်တော်၏ဖြောင့်မတ်ခြင်းအကြောင်းကို ပြောကြားကြလိမ့်မည်။ အကြောင်းမူကား ထိုအမှုကိုကိုယ်တော်ပြုတော်မူပြီ။
လာမည့်မျိုးဆက်ကိုပြောပြနိုင်ရန် ထိုမြို့တော်၏တံတိုင်းကို သင်တို့၏စိတ်နှလုံး၌မှတ်သားထား၍ ခံတပ်များကိုစစ်ဆေးကြည့်ရှုကြလော့။
အို ဘုရားသခင်၊ ကိုယ်တော်၏ဘုန်းလက်ရုံးတော်အကြောင်းကို ဤမျိုးဆက်အားလည်းကောင်း၊ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အကြောင်းကို နောင်လာနောက်သားအပေါင်းတို့အားလည်းကောင်း မပြောကြားမီတိုင်အောင် အကျွန်ုပ်သည် အိုမင်း၍ ဆံပင်ဖြူလျက်ရှိလျှင်ပင် အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။
ကိုယ်တော်၏လုပ်ဆောင်တော်မူချက်သည် ကိုယ်တော်၏အစေအပါးတို့ထံ၌လည်းကောင်း၊ ကိုယ်တော်၏ဘုန်းအာနုဘော်သည် သူတို့၏ သားသမီးတို့ထံ၌လည်းကောင်း ထင်ရှားပါစေသော။
အီဂျစ်လူမျိုးတို့ကို ငါအပြင်းအထန်ဒဏ်ခတ်ခဲ့သောအမှုများ၊ သူတို့အား ငါပြခဲ့သော နိမိတ်လက္ခဏာများကို သင်တို့သည် သင်တို့၏သားမြေးများအား ပြောကြား၍ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရှိစေရန် သူတို့၏စိတ်နှလုံးကို ငါခိုင်မာစေပြီ”ဟု မိန့်တော်မူ၏။
ထိုအဖြစ်အပျက်ကို သင်တို့သားသမီးတို့အား ပြောကြားလော့။ သင်တို့သားသမီးတို့သည် သူတို့၏သားသမီးတို့အား ဆက်လက်ပြောကြားစေ။ သူတို့၏သားသမီးတို့သည်လည်း နောက်မျိုးဆက်ကို ဆက်လက်ပြောကြားကြစေ။
ဟောရပ်တောင်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့မှောက် သင်တို့ရပ်စဉ် ထာဝရဘုရားက ငါ့အား ‘လူတို့ကို ငါ့ထံ၌ စုရုံးစေလော့။ သူတို့သည် မြေကြီးပေါ်၌ အသက်ရှင်သမျှကာလပတ်လုံး ငါ့ကိုကြောက်ရွံ့ရမည်ကို သင်ယူ၍ မိမိတို့၏သားသမီးများကိုလည်း သင်ကြားပေးမည့်အကြောင်း ငါ၏နှုတ်ထွက်စကားများကို သူတို့အား ကြားနာစေမည်’ဟု မိန့်တော်မူ၏။