ဧသတာ 9:28 - မြန်မာ့စံမီသမ္မာကျမ်း28 ဤပွဲနေ့များကို မြို့ရွာတိုင်း၊ ဒေသတိုင်းရှိ မျိုးနွယ်စုအားလုံး၊ မျိုးဆက်အားလုံး အစဉ်အမှတ်ရ၍ကျင်းပရမည်။ ဤပုရိမ်ပွဲနေ့တို့သည် ဂျူးလူမျိုးတို့တွင် မပပျောက်စေရ။ ဤအမှတ်ရစရာသည် သူတို့၏သားစဉ်မြေးဆက်တိုင်အောင် မပျောက်ပျက်သွားစေရ။ အခန်းကိုကြည့်ပါ။Common Language Bible28 ပြည်နယ်အသီးသီးနှင့်မြို့အသီးသီးတို့ တွင်ယုဒအိမ်ထောင်စုမှန်သမျှသည် ထိုပုရ ပွဲတော်ကိုသားစဉ်မြေးဆက်သတိရကျင်း ပရန်လည်းကောင်းဆုံးဖြတ်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible28 ပြည် ထောင် တ ကာ မြို့ ရွာ တိုင်း ရှိ၊ အိမ် ထောင် ဟူ သ မျှ အ စဉ် အ ဆက်၊ ပု ရိမ် ခေါ် နေ့ ရက် များ ကို၊ ယု ဒ လူ မျိုး၌ မ ပ မ ပျောက်၊ အ ထိမ်း အ မှတ် ကို လည်း အ မျိုး အ နွယ် တွင် မ ပျက် စေ မည့် အ ကြောင်း သ တိ ရ မည့် တာ ဝန် ကို ခံ ရ ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible28 ထိုပုရနေ့တို့သည် ယုဒအမျိုး၌ မပျောက်၊ သားစဉ်မြေးဆက်တို့သည် မမေ့မလျော့၊ အပြည်ပြည် အမြို့မြို့၌နေသော အဆွေအမျိုးအသီးအသီး အစဉ်အဆက်တို့သည် အောက်မေ့ စောင့်ရှောက်မည်အကြောင်း ဝန်ခံကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့ကလည်း ဂျော်ဒန်မြစ်ရေသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့၌ ရပ်တန့်ခဲ့၏။ သေတ္တာတော်နှင့် ဂျော်ဒန်မြစ်ကိုကူးသောအခါ ဂျော်ဒန်မြစ်ရေသည် ရပ်တန့်ခဲ့၏။ ဤကျောက်တုံးတို့သည် ဤအဖြစ်ကို အစ္စရေးအမျိုးသားတို့ အစဉ်အမှတ်ရစေရန်အတွက်ဖြစ်သည်ဟု သူတို့အား ပြောပြရမည်”ဟု ဆိုလေ၏။