ဆာလံ 78:5 - မြန်မာ့စံမီသမ္မာကျမ်း5 အကြောင်းမူကား ကိုယ်တော်သည် သက်သေခံချက်ကို ယာကုပ်၌တည်စေ၍ တရားတော်ကို အစ္စရေး၌ထားတော်မူ၏။ ၎င်းတို့ကို သားသမီးများအားသင်ကြားပေးရန် ငါတို့၏ဘိုးဘေးတို့ကို မိန့်မှာတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible5 ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား ဥပဒေများကိုလည်းကောင်း၊ ယာကုပ်အမျိုးအနွယ်တို့အားပညတ်တော် များကိုလည်းကောင်းပေးအပ်တော်မူခဲ့၏။ ပညတ်တော်များကိုသားမြေးတို့အား တစ်ဆင့်သွန်သင်ပေးနိုင်ကြရန် ကိုယ်တော်သည်ငါတို့ဘိုးဘေးတို့အား မှာကြားဆင့်ဆိုတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible5-6 ကိုယ် တော် သည်၊ ယာ ကုပ် အ မျိုး၌ သက် သေ ခံ ချက် ကို ပြ ဋ္ဌာန်း၍၊ ဣ သ ရေ လ လူ မျိုး ၌ တ ရား တော် ကို ထား တော် မူ သည့် ပြင်၊ သား မြေး တို့ အား ဘိုး ဘေး တို့ ပြန် ကြား သ ဖြင့်၊ သိ မြင် သော နောက် လူ မျိုး တစ် ဆက်၊ ဖွား မြင် လ တ္တံ့ သော သား တို့ လည်း၊ မြေး မြစ် တို့ အား ဆင့် ဆို ရ ကြ မည့် အ ကြောင်း၊ ပ ညတ် တော် မူ သည် မှာ၊ ခဲ ယဉ်း ၍ ပုန် ကန် တတ် သော အ ဆက်၊ အခန်းကိုကြည့်ပါ။Judson Bible5 အကြောင်းမူကား၊ ယာကုပ်အမျိုး၌ သက်သေတရားကိုစီရင်၍၊ ဣသရေလအမျိုး၌ ပညတ်တရားကို ထားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။
သင်တို့ကလည်း ‘ဤအစဉ်အလာကား အီဂျစ်လူမျိုးတို့ကိုဒဏ်ခတ်သောအခါ အီဂျစ်ပြည်၌ရှိသော အစ္စရေးအမျိုးသားတို့၏အိမ်များကိုကျော်သွား၍ ငါတို့၏အိမ်သူအိမ်သားများကိုကယ်နုတ်တော်မူသောထာဝရဘုရားအား ယဇ်ပူဇော်သည့်ပသခါပွဲဖြစ်၏’ဟူ၍ ပြန်ပြောရမည်”ဟု ဆင့်ဆိုသောအခါ လူတို့သည် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။