ဘိုးဘေးတို့လက်ထက်မှစ၍ ပညာရှိတို့ တစ်စုံတစ်ရာကွယ်ဝှက်ခြင်းမရှိဘဲ အဆင့်ဆင့်ပြောပြသည့်အတိုင်း ငါပြန်ပြောပြမည်။
ဆာလံ 78:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရာတို့ကို သူတို့၏သားသမီးများမသိအောင် ငါတို့ထိမ်ဝှက်ထားမည်မဟုတ်။ ငါတို့သည် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်များနှင့်တန်ခိုးတော်ကိုလည်းကောင်း၊ ကိုယ်တော်ပြုသော အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း လာမည့်မျိုးဆက်အား ပြောကြားမည်။ Common Language Bible ယင်းတို့ကိုငါတို့သည်သားမြေးများထံမှ ထိမ်ဝှက်၍ထားမည်မဟုတ်။ ထာဝရဘုရား၏တန်ခိုးတော်နှင့်ကြီးမြတ်သော အမှုတော်ကိုလည်းကောင်း၊ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်ရာအမှုတို့ကိုလည်းကောင်း နောက်လူမျိုးဆက်အားဖော်ပြမည်။ Garrad Bible သား မြေး တို့ မှ မ ထိမ် မ ချန် ဘဲ၊ ထာ ဝ ရ ဘု ရား ၏ ချီး မွမ်း ဖွယ် သော တန် ခိုး တော် များ၊ ပြု တော် မူ သော အံ့ ဖွယ် ရာ များ ကို၊ နောက် လူ မျိုး တစ် ဆက် အား ပြန် ကြား ကြ မည်။ Judson Bible သားမြေးတို့မှ မဝှက်မထား။ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော်ကိုလည်းကောင်း၊ ပြုတော်မူသော အံ့ဩဖွယ်အမှုတို့ကိုလည်းကောင်း၊ ဖြစ်လတ္တံ့သောသူတို့အား ဖော်ပြကြမည်။ |
ဘိုးဘေးတို့လက်ထက်မှစ၍ ပညာရှိတို့ တစ်စုံတစ်ရာကွယ်ဝှက်ခြင်းမရှိဘဲ အဆင့်ဆင့်ပြောပြသည့်အတိုင်း ငါပြန်ပြောပြမည်။
ကျေးဇူးတော်ချီးမွမ်းခြင်းအသံကိုလွှင့်၍ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားပါမည်။
ထိုအခါ အကျွန်ုပ်သည် ဇိအုန်သမီး၏တံခါးဝတို့၌ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ပြောကြား၍ ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်လန်းနိုင်ပါမည်။
သင်တို့၏သားမြေးများက ‘ဤအစဉ်အလာကား မည်သို့ဆိုလိုသနည်း’ဟု သင်တို့အား မေးမြန်းကြသောအခါ
နောင်ကာလ၌ သင်တို့၏သားများက ‘ဤအမှုကား မည်သို့ဆိုလိုသနည်း’ဟု သင်တို့အား မေးမြန်းကြသောအခါ သင်တို့ကလည်း ‘ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။
သင်တို့သည် ထိုနေ့၌ သင်တို့၏သားမြေးများအား ‘အီဂျစ်ပြည်မှ ငါတို့ထွက်လာသောအခါ ငါတို့အတွက် ထာဝရဘုရားပြုတော်မူခဲ့သောအမှုကြောင့် ဤသို့ပြုခြင်းဖြစ်၏’ဟူ၍ ကြားပြောရမည်။
ယနေ့ ကိုယ်တော်၏ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းသကဲ့သို့ အသက်ရှင်သောသူသာလျှင် ပြုနိုင်ပါ၏။ ဖခင်သည် သားသမီးတို့အား ကိုယ်တော်၏သစ္စာတော်ကို သိစေပါ၏။
ထိုအဖြစ်အပျက်ကို သင်တို့သားသမီးတို့အား ပြောကြားလော့။ သင်တို့သားသမီးတို့သည် သူတို့၏သားသမီးတို့အား ဆက်လက်ပြောကြားစေ။ သူတို့၏သားသမီးတို့သည်လည်း နောက်မျိုးဆက်ကို ဆက်လက်ပြောကြားကြစေ။
သင်တို့၏သားသမီးတို့အား သင်ကြားပေးရမည်။ သင်သည် အိမ်၌နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ ထလျက်နေသည်ဖြစ်စေ ပြောကြားရမည်။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
သင်တို့၏သားသမီးတို့အား ကြိုးစားသွန်သင်ရမည်။ သင်တို့သည် အိမ်၌နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ ထလျက်နေသည်ဖြစ်စေ ပြောကြားရမည်။