ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “ငါ့သား၊ ငါ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာ အိမ်တော်ကိုတည်ဆောက်ဖို့ ငါစိတ်ဆန္ဒပြင်းပြလှ၏။
ဆာလံ 73:2 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါမူကား ခြေချော်လုမတတ်၊ ခြေလှမ်းလွဲလုမတတ်ဖြစ်ခဲ့၏။ Common Language Bible သို့ရာတွင်သူယုတ်မာတို့ကောင်းစားသည်ကို မြင်ရသောအခါ မောက်မာသူတို့ကိုမရှုလိုစိတ်ရှိသဖြင့်ငါ သည် ခလုတ်တိုက်၍လဲလုပါပြီ။ ငါ၏ခြေတို့သည်လည်းတိမ်းချော်လုပြီ။ Garrad Bible ငါ မူ ကား၊ လူ ဆိုး တို့၏ ကောင်း စား ခြင်း ကို မြင်၍၊ မောက် မာ သူ တို့ ကို ငြူ စူ မိ သ ဖြင့်၊ ခြေ ကုန် လု လျက်၊ ခြေ ချော် လု လျက် ရှိ ခဲ့ လေ စွ။ Judson Bible ငါမူကား၊ ခြေချော်လုလျက်၊ ခြေရာလွဲလုလျက် ရှိမိပြီ။ |
ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “ငါ့သား၊ ငါ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာ အိမ်တော်ကိုတည်ဆောက်ဖို့ ငါစိတ်ဆန္ဒပြင်းပြလှ၏။
ဘေးဆိုးကိုမကြုံဖူးသူသည် ဘေးဆိုးအား လှောင်ရယ်စရာတစ်ခုအဖြစ်လည်းကောင်း၊ ခြေချော်သူတို့ကြုံတွေ့ရန် အသင့်ရှိသောအရာတစ်ခုအဖြစ်လည်းကောင်း ထင်မှတ်တတ်၏။
အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို သေခြင်းမှလည်းကောင်း၊ အကျွန်ုပ်၏မျက်စိကို ငိုကြွေးခြင်းမှလည်းကောင်း၊ အကျွန်ုပ်၏ခြေကို ခလုတ်တိုက်ခြင်းမှလည်းကောင်း လွတ်မြောက်စေတော်မူပြီ။
အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းကြောင့် ကိုယ်တော်၏မျက်နှာတော်ကိုဖူးမြော်ရပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်၏သဏ္ဌာန်တော်ကိုမြင်၍ အလိုပြည့်စုံပါလိမ့်မည်။
အကျွန်ုပ်၏ခြေလှမ်းများသည် ကိုယ်တော်၏လမ်းတော်၌ရှိပါ၏။ အကျွန်ုပ်သည် ခြေချော်ခြင်းမရှိပါ။
ငါမူကား သူတို့ဖျားနာသောအခါ လျှော်တေအဝတ်ကိုဝတ်၍ အစာရှောင်လျက် မိမိကိုယ်မိမိချိုးနှိမ်၏။ ငါ၏ဆုတောင်းချက် ငါ့ရင်ခွင်သို့သာ ပြန်လှည့်လာသောအခါ
သို့ဖြစ်၍ “အကျွန်ုပ်ခြေချော်သောအခါ သူတို့သည် အကျွန်ုပ်အကြောင်းကြောင့်ဝမ်းမြောက်ခြင်း၊ အကျွန်ုပ်အပေါ်မိမိကိုယ်ကိုချီးမြှောက်ခြင်း မရှိကြပါစေနှင့်”ဟု အကျွန်ုပ်လျှောက်ပါပြီ။
အကျွန်ုပ်မူကား ကိုယ်တော်၏ ကြီးမားသောမေတ္တာကရုဏာတော်ကြောင့် ကိုယ်တော်၏အိမ်တော်သို့ရောက်၍ ကိုယ်တော်ကိုကြောက်ရွံ့သောစိတ်ဖြင့် ကိုယ်တော်၏သန့်ရှင်းသောဗိမာန်တော်ဘက်သို့ မျက်နှာမူလျက် ရှိခိုးကိုးကွယ်ပါမည်။
“ငါ့ခြေချော်ပြီ”ဟု အကျွန်ုပ်ဆိုသောအခါ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အကျွန်ုပ်ကိုဖေးမတော်မူ၏။
ငါသည် လူအစုအဝေးနှင့်လူထုပရိသတ်အလယ်၌ လုံးလုံးပျက်စီးသောသူဖြစ်လုနီးပြီတကား”ဟု ဆိုလိမ့်မည်။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။
ငါမူကား သင်တို့အဖို့ ဆုမတောင်းဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှားခြင်းသည် ငါနှင့်ဝေးပါစေ။ ငါသည် သင်တို့အား ကောင်းမြတ်သောလမ်း၊ မှန်ကန်သောလမ်းကို သွန်သင်ပြသလျက်နေပါမည်။
ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏ခြေကို စောင့်ရှောက်ပေးတော်မူ၏။ ဆိုးယုတ်သောသူတို့မူကား အမှောင်ထဲ၌ပင် နှုတ်ဆိတ်နေရလိမ့်မည်။ အကယ်စင်စစ် လူသည် မိမိခွန်အားဖြင့် မအောင်နိုင်ရာ။