ထိုသူတို့ပြန်သွားလျှင် အဟိမတ်နှင့် ယောနသန်သည် ရေတွင်းမှတက်လာကြပြီး ဒါဝိဒ်မင်းကြီးထံသို့သွား၍ “အို ဒါဝိဒ်မင်းကြီး၊ အဟိသောဖေလသည် အရှင့်ကိုတိုက်ခိုက်ရန် အကြံပေးပါပြီ။ အလျင်အမြန်ထ၍ မြစ်ကို ကူးပါလော့”ဟု အကြောင်းကြားကြ၏။
ဆာလံ 71:4 - မြန်မာ့စံမီသမ္မာကျမ်း အို အကျွန်ုပ်၏ဘုရားသခင်၊ ဆိုးယုတ်သောသူတို့၏လက်မှလည်းကောင်း၊ မတရားသောသူနှင့်ကြမ်းကြုတ်သောသူ၏လက်ထဲမှလည်းကောင်း အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။ Common Language Bible ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးအား သူယုတ်မာတို့၏ဘေးမှကယ်တော်မူပါ။ ရက်စက်ဆိုးညစ်သူတို့၏လက်မှကယ်တော် မူပါ။ Garrad Bible အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ လူ ဆိုး ၏ လက် ရုံး မှလည်း ကောင်း၊ တ ရား မဲ့ ကြမ်း ကြုတ် သူ၏ လက် တွင်း မှလည်း ကောင်း၊ ကယ် နုတ် တော် မူ ပါ။ Judson Bible အကျွန်ုပ်၏ဘုရားသခင်၊ ဆိုးသောသူ၏လက်မှလည်းကောင်း၊ မတရားသောသူနှင့် ကြမ်းတမ်းသောသူ၏ လက်မှလည်းကောင်း အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ |
ထိုသူတို့ပြန်သွားလျှင် အဟိမတ်နှင့် ယောနသန်သည် ရေတွင်းမှတက်လာကြပြီး ဒါဝိဒ်မင်းကြီးထံသို့သွား၍ “အို ဒါဝိဒ်မင်းကြီး၊ အဟိသောဖေလသည် အရှင့်ကိုတိုက်ခိုက်ရန် အကြံပေးပါပြီ။ အလျင်အမြန်ထ၍ မြစ်ကို ကူးပါလော့”ဟု အကြောင်းကြားကြ၏။
အို ထာဝရဘုရား၊ ထတော်မူပါ။ သူ့ကိုထိပ်တိုက်ရင်ဆိုင်၍ ညွတ်တွားစေတော်မူပါ။ ကိုယ်တော်၏ဓားဖြင့် ဆိုးယုတ်သောသူ၏လက်မှ အကျွန်ုပ်၏အသက်ကို ကယ်တင်တော်မူပါ။
အို ဘုရားသခင်၊ အကျွန်ုပ်၌ အပြစ်မရှိကြောင်းစီရင်တော်မူပါ။ ဘုရားတရားမဲ့သောလူမျိုးကိုဆန့်ကျင်လျက် အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေးတော်မူပါ။ လိမ်လည်လှည့်ဖြား၍ မတရားမှုပြုသောသူ၏လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။