အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အသရေပျက်ခြင်းကိုဝတ်ဆင်ကြရ၍ သူတို့၏အရှက်ကွဲခြင်းသည် ဝတ်လုံကဲ့သို့ သူတို့ကိုဖုံးလွှမ်းလိမ့်မည်။
ဆာလံ 70:2 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်အသက်ကို ရန်ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်ကို ဒုက္ခရောက်စေလိုသောသူတို့သည် နောက်သို့ပြန်ဆုတ်၍ အသရေပျက်ကြရပါစေသော။ Common Language Bible ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားသူတို့သည် အရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြပါစေ သော။ ကျွန်တော်မျိုး၏ဆင်းရဲဒုက္ခများကိုအကြောင်းပြု၍ ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ကွဲကြ ပါစေသော။ Garrad Bible အ ကျွန်ုပ် အ သက် အ န္တ ရာယ် ကို ရှာ ကြံ သော သူ တို့ သည်၊ အ ရှက် ကွဲ၍ အ ကျိုး ယုတ် ကြ ပါ စေ သော။ ဘေး အ န္တ ရာယ် ရှာ ကြံ သူ တို့ လန်၍ အ သ ရေ ပျက် ကြ ပါ စေ သော။ Judson Bible အကျွန်ုပ်အသက်ကို သတ်ခြင်းငှာ ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ၍၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။ |
အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အသရေပျက်ခြင်းကိုဝတ်ဆင်ကြရ၍ သူတို့၏အရှက်ကွဲခြင်းသည် ဝတ်လုံကဲ့သို့ သူတို့ကိုဖုံးလွှမ်းလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။ အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်သောအခါ အကျွန်ုပ်၏အသံကိုစူးစိုက်နားထောင်တော်မူပါ။
များစွာသောနွားထီးတို့သည် အကျွန်ုပ်ကိုဝိုင်းထားကြပြီး ဗာရှန်နွားလားတို့သည် အကျွန်ုပ်ကိုဝိုင်းရံထားကြပါ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဓားဘေးမှလည်းကောင်း၊ အကျွန်ုပ်၏တစ်ခုတည်းသောအသက်ကို ခွေး၏လက်မှလည်းကောင်း ကယ်နုတ်တော်မူပါ။
အကျွန်ုပ်ဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူတို့သည် အတူတကွအရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်နှင့်ယှဉ်၍ မိမိကိုယ်ကိုချီးမြှောက်သောသူတို့သည် အရှက်ကွဲခြင်းနှင့် အသရေပျက်ခြင်းကို ဝတ်ဆင်ကြရပါစေသော။
အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အရှက်ကွဲ၍ အသရေပျက်ကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန်ကြံစည်သောသူတို့သည် နောက်သို့ပြန်ဆုတ်၍ မျက်နှာပျက်ကြရပါစေသော။
အကျွန်ုပ်အသက်ကိုဖျက်ဆီးရန် ရှာကြံသောသူတို့သည် အတူတကွအရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်ကိုဒုက္ခရောက်စေလိုသောသူတို့သည် နောက်သို့ပြန်ဆုတ်၍ အသရေပျက်ကြရပါစေသော။
ငါ၏ရန်သူရှိသမျှတို့သည် အရှက်ကွဲ၍ အလွန်ထိတ်လန့်ကြလိမ့်မည်။ သူတို့သည် ပြန်လှည့်၍ ချက်ချင်းပင်အရှက်ကွဲကြလိမ့်မည်။
အို ဘုရားသခင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အရှက်ကွဲ၍ ပျက်စီးကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန် ရှာကြံသောသူတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်အသရေပျက်ခြင်း၌ နစ်မွန်းကြရပါစေသော။
ထို့ကြောင့် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့၌ ပညတ်ချက်တစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ စည်းမျဉ်းတစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ သည်နည်းနည်းဟိုနည်းနည်း ဖြစ်လိမ့်မည်။ သူတို့သွားသောအခါ နောက်ပြန်လဲကျမည်၊ ကျိုးပဲ့မည်၊ ကျော့ကွင်းမိမည်၊ အဖမ်းခံရမည်။
သင့်ကို အမျက်ထွက်သောသူအားလုံး အရှက်ကွဲရလိမ့်မည်၊ အသရေပျက်ရလိမ့်မည်။ သင့်ကိုရန်ပြုသောသူတို့သည် ဘာမျှမဟုတ်သောသူကဲ့သို့ဖြစ်သွားပြီး ပျက်စီးခြင်းသို့ရောက်ကြရလိမ့်မည်။
ထိုသို့ ကိုယ်တော်က“ငါဖြစ်သည်”ဟု မိန့်တော်မူသောအခါ သူတို့သည် နောက်သို့ဆုတ်၍ မြေပေါ်၌လဲကျကြ၏။