Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 70:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အကျွန်ုပ်​ကို “​ဟား ဟား​”​ဟု ရယ်မော​ပြောဆို​သော​သူ​တို့​သည် မိမိ​တို့​ခံရ​သော​အရှက်ကွဲ​ခြင်း​ကြောင့် နောက်ပြန်ဆုတ်​ကြ​ရ​ပါစေသော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ကျွန်​တော်​မျိုး​အား​ပြောင်​လှောင်​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​သည့်​အ​တွက် အ​လွန်​ကြောက်​လန့်​ကြ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ဟေ့ ဟေ့ ဟု ဆို တတ် သူ သည်၊ အ ရှက် ကွဲ၍ လန် ကြ ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 အ​ကျွန်ုပ်​ကို အေ့​ဟေ၊ အေ့​ဟေ​ဟု ဆို​သော​သူ​တို့​သည် အ​ရှက်​ကွဲ​ခြင်း​အား​ဖြင့် နောက်​သို့​လှန်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 70:3
10 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် အကျွန်ုပ်​ကို​ကြည့်​လျက် မိမိ​တို့​ပါးစပ်​ကို​ကျယ်စွာ​ဖွင့်​ကာ “​ဟား​ဟား​၊ ငါ​တို့​မျက်စိ​နှင့် မြင်​ခဲ့​ရ​ပြီ​”​ဟု ဆို​ကြ​ပါ​၏​။


သူ​တို့​သည် မိမိ​တို့​စိတ်နှလုံး​ထဲ၌ “​ဟား​ဟား​၊ ငါ​တို့​အလို​ပြည့်စုံ​ပြီ​”​ဟု အောက်မေ့​ခွင့်​မ​ရ​ကြ​ပါစေ​နှင့်​။ “​သူ့​ကို ငါ​တို့​ဝါးမျို​ပြီ​”​ဟု ပြောဆို​ခွင့်​မ​ရ​ကြ​ပါစေ​နှင့်​။


အကျွန်ုပ်​ကို “​ဟား​ဟား​”​ဟု ရယ်မော​ပြောဆို​သော​သူ​တို့​သည် မိမိ​တို့​ခံရ​သော​အရှက်ကွဲ​ခြင်း​ကြောင့် တုန်လှုပ်ချောက်ချား​ကြ​ပါစေသော​။


အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​ပြစ်တင်စွပ်စွဲ​သော​သူ​တို့​သည် အရှက်ကွဲ​၍ ပျက်စီး​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​ဒုက္ခ​ရောက်​ရန် ရှာကြံ​သော​သူ​တို့​သည် ကဲ့ရဲ့ပြစ်တင်​ခြင်း​နှင့်​အသရေပျက်​ခြင်း​၌ နစ်မွန်း​ကြ​ရ​ပါစေသော​။


အကျွန်ုပ်​၏​လျှာ​သည်​လည်း ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို တစ်နေ့လုံး​မြွက်ဆို​ပါ​မည်​။ အကြောင်းမူကား အကျွန်ုပ်​ဒုက္ခ​ရောက်​စေရန် ရှာကြံ​သော​သူ​တို့​သည် အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ပါ​ပြီ​။


အမ္မုန်​အမျိုးသား​တို့​အား ဘုရားရှင်​ထာဝရဘုရား​၏ စကား​တော်​ကို နားထောင်​ကြ​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘သန့်ရှင်းရာဌာန ညစ်ညူး​သွား​ခဲ့​စဉ်က​၊ အစ္စရေး​ပြည်​ကြီး ဆိတ်သုဉ်း​သွား​ခဲ့​စဉ်က​၊ ယုဒ​အမျိုး ဖမ်းခေါ်​သွား​ခြင်း​ခံရ​စဉ်က သင်​တို့​ဟားတိုက်​ခဲ့​ကြ​သောကြောင့်


“​အချင်း​လူသား​၊ တိုင်ရာ​မြို့​က ဂျေရုဆလင်​မြို့​ကို​ဆန့်ကျင်​၍ ‘​အဟား​၊ လူမျိုးတကာ​တို့​၏​တံခါး​ကြီး ကျိုးပဲ့​လေ​ပြီ​။ ဟင်းလင်းပွင့်​လေ​ပြီ​။ ထို​မြို့​သည် လူဆိတ်ညံ​ရာ​ဖြစ်​လေ​ပြီ​။ ငါ့​အလို​ပြည့်စုံ​လေ​ပြီ​’​ဟု ဆို​၏​။


သင်​တို့​၏​ရန်သူ​က ရှေးက​ရှိ​ခဲ့​သော အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို ငါ​တို့​ပိုင်​ပြီ​ဟေ့​ဟူ၍ ဆို​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


သူ​သည် မတရားမှု​ကြောင့်​ရရှိ​သော​အဖိုးအခ​ဖြင့် မြေ​တစ်​ကွက်​ကို​ဝယ်ယူ​ပြီးနောက် ဇောက်ထိုး​ကျ​လျက် ဝမ်းဗိုက်​ပေါက်​သဖြင့် သူ​၏​အူ​များ​အကုန်​ထွက်ကျ​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ