ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
ဆာလံ 7:15 - မြန်မာ့စံမီသမ္မာကျမ်း သူသည် တွင်းတူး၍ ၎င်းကိုယက်ထုတ်ကာ မိမိတူးထားသောတွင်းထဲသို့ ကျလိမ့်မည်။ Common Language Bible သို့ရာတွင်သူတို့သည်မြေတွင်းကိုနက်စွာတူး၍ မိမိတို့တူးသည့်တွင်းများထဲသို့ပင်ကျကြ၏။ Garrad Bible တွင်း ကို တူး ဖော်၍ ကိုယ် တူး သော တွင်း ထဲ သို့ ကျ လေ ပြီ။ Judson Bible တွင်းကိုလည်း နက်စွာတူးသဖြင့်၊ မိမိတူးသောတွင်းထဲသို့ မိမိကျတတ်၏။ |
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
သူတို့သည် အခက်အခဲပြဿနာကို သန္ဓေတည်၍ အပြစ်ဒုစရိုက်ကို မွေးဖွား၏။ သူတို့၏ဝမ်းသည် လိမ်လည်လှည့်ဖြားခြင်းအတွက် အသင့်ရှိတတ်၏”ဟု ဆိုလေ၏။
ငါသတိပြုမိသည်မှာ အပြစ်ဒုစရိုက်ကိုထွန်ယက်၍ အခက်အခဲပြဿနာကိုကြဲသောသူသည် ထိုအရာတို့ကို ပြန်ရိတ်သိမ်းရတတ်၏။
ဖတဆိုးကိုပင် သင်တို့မဲချခွဲဝေယူကြ၏။ ကိုယ့်မိတ်ဆွေရင်းကိုပင် သင်တို့ရောင်းစားကြ၏။
ဆိုးယုတ်သောသူသည် အဖိနှိပ်ခံရသောသူကို မာန်မာနဖြင့် အပြင်းအထန်လိုက်တတ်၏။ သူတို့သည် မိမိတို့ကြံစည်ထားသည့် ကောက်ကျစ်သောအကြံအစည်များဖြင့် ပြန်၍ဖမ်းဆီးခြင်းခံရကြပါစေ။
မာနထောင်လွှားသောသူတို့သည် ကိုယ်တော်၏တရားတော်နှင့်အညီ လိုက်လျှောက်ခြင်းမရှိဘဲ အကျွန်ုပ်အတွက် ထောင်ချောက်တွင်းများကိုတူးကြပါပြီ။
အကျွန်ုပ်သည် ထိုကျော့ကွင်းတို့ကို ကျော်လွန်သွားသောအခါ ဆိုးယုတ်သောသူတို့သည် မိမိတို့ထောင်ထားသော ကျော့ကွင်းထဲသို့ အတူတကွကျကြပါစေသော။
သူတို့သည် အကျွန်ုပ်ခြေလှမ်းမည့်နေရာတွင် ပိုက်ကွန်ကို ဖြန့်ထားကြပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုင်းညွတ်နိမ့်ကျနေပါ၏။ သူတို့သည် အကျွန်ုပ်သွားမည့်လမ်း၌ ထောင်ချောက်တွင်းကို တူးထားပြီး သူတို့ကိုယ်တိုင် ထိုတွင်းထဲသို့ ကျကြပါ၏။(စေလာ)
တွင်းတူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့်မည်။ ကျောက်တုံးကိုလှိမ့်သောသူသည် သူ့အပေါ်သို့ ထိုကျောက်တုံး ပြန်လိမ့်လာလိမ့်မည်။
ဆိုးယုတ်သောသူသည် မိမိဒုစရိုက်များဖြင့် ဖမ်းဆီးခြင်းခံရ၍ မိမိအပြစ်ကြိုးများဖြင့် ချည်နှောင်ခြင်းခံရလိမ့်မည်။
သင်တို့သည် ဖွဲကိုကိုယ်ဝန်ဆောင်၍ ကောက်ရိုးကို မွေးမည်။ သင်တို့၏ထွက်သက်လေသည် မီးကဲ့သို့ဖြစ်၍ သင်တို့ကိုဝါးမျိုမည်။
တရားမျှတမှုကိုတောင်းလျှောက်သောသူမရှိ။ သစ္စာဖြင့် တရားစီရင်သောသူမရှိ။ အချည်းနှီးသောအရာကိုယုံကြည်ကိုးစား၍ မုသားကိုပြောဆိုကြ၏။ အခက်အခဲပြဿနာကိုကိုယ်ဝန်ဆောင်၍ အပြစ်ဒုစရိုက်ကိုမွေးဖွား၏။
အကောင်းကို အဆိုးဖြင့် တုံ့ပြန်သင့်ပါသလော။ သို့သော် သူတို့သည် အကျွန်ုပ်အတွက် သေတွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ ရပ်လျက် သူတို့ကောင်းစားမည့်အကြောင်း၊ သူတို့ထံမှ အမျက်တော်လွှဲသွားမည့်အကြောင်း တောင်းလျှောက်ပေးခဲ့သည်ကို အောက်မေ့တော်မူပါ။
ထို့နောက် ဒါရိမင်းကြီးသည် မြေတစ်ပြင်လုံးရှိနိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအပေါင်းတို့ထံသို့ စာရေးလိုက်၏။ ထိုစာတွင် “သင်တို့၌ ငြိမ်ဝပ်ချမ်းသာ တိုးပွားပါစေသော။