ထိုအခါ ကောင်းကင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုပြောကြား၏။ အကြောင်းမူကား ဘုရားသခင်ကိုယ်တော်တိုင်သည် တရားစီရင်သောအရှင်ဖြစ်တော်မူ၏။(စေလာ)
ဆာလံ 7:11 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ဖြောင့်မတ်စွာတရားစီရင်သောအရှင်ဖြစ်တော်မူပြီး ဆိုးယုတ်သောသူကို နေ့စဉ်နှင့်အမျှအမျက်ထွက်တော်မူရပါ၏။ Common Language Bible ဘုရားသခင်သည်ဖြောင့်မှန်စွာတရားစီရင်တော်မူသောအရှင်ဖြစ်တော်မူ၍ သူယုတ်မာတို့အားအစဉ်အပြစ်ဒဏ်ချမှတ်တော်မူ၏။ Garrad Bible ဘု ရား သ ခင် သည်၊ ဖြောင့် မတ် သော တ ရား မင်း၊ နေ့ စဉ် အ မျက် ထား သော ဘု ရား ဖြစ် တော် မူ ၏။ Judson Bible ဘုရားသခင်သည် တရားသဖြင့်စီရင်သောဘုရားဖြစ်၍၊ မတရားသောသူကို အစဉ်အမျက်ထွက်တော်မူ၏။ |
ထိုအခါ ကောင်းကင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုပြောကြား၏။ အကြောင်းမူကား ဘုရားသခင်ကိုယ်တော်တိုင်သည် တရားစီရင်သောအရှင်ဖြစ်တော်မူ၏။(စေလာ)
ထာဝရဘုရားသည် လူမျိုးတကာတို့ကို စစ်ကြောစီရင်တော်မူ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်၏ဖြောင့်မတ်ခြင်း၊ အကျွန်ုပ်၏တည်ကြည်ခြင်းနှင့်အညီ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။
အကယ်စင်စစ် တရားစီရင်ခြင်းသည် ဖြောင့်မတ်ခြင်းထံသို့ ပြန်လှည့်လာ၍ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့သည် ၎င်း၏နောက်သို့လိုက်ကြလိမ့်မည်။
ထာဝရဘုရားသည် သဝန်တိုသောဘုရား၊ လက်တုံ့ပြန်သောဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည် လက်တုံ့ပြန်၏။ အမျက်တော်လည်း ပြင်းထန်၏။ ထာဝရဘုရားသည် ရန်သူတို့ကို လက်တုံ့ပြန်၏။ ရန်သူတို့အတွက် အမျက်တော်သိုထားတော်မူ၏။
ကိုယ်တော်၏အမျက်တော်ရှေ့၌ မည်သူရပ်နိုင်မည်နည်း။ ကိုယ်တော်၏ပြင်းစွာသောအမျက်တော်ကို မည်သူကြံ့ကြံ့ခံနိုင်မည်နည်း။ အမျက်တော်ကို မီးကဲ့သို့သွန်ချတော်မူလျှင် ရှေ့တော်၌ ကျောက်ဆောင်များ ပြိုကျကုန်ပါ၏။