အကြောင်းမူကား အကျွန်ုပ်သည် အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူ ဖြစ်ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည်လည်း အကျွန်ုပ်အထဲ၌ နာကျင်လျက်ရှိပါ၏။
ဆာလံ 69:29 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်မူကား အဖိနှိပ်ခံရ၍ နာကျင်နေပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်၏ကယ်တင်ခြင်းသည် အကျွန်ုပ်ကိုလုံခြုံစွာစောင့်ရှောက်ပါစေသော။ Common Language Bible သို့ရာတွင်ကျွန်တော်မျိုးသည်နာကျင်၍ စိတ်ပျက်အားလျော့လျက်ရှိပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးအားချီပင့်၍ကယ်တော်မူပါ။ Garrad Bible အ ကျွန်ုပ် မူ ကား၊ ဆင်း ရဲ နာ ကျင် ပါ ၏။ အို ဘု ရား သ ခင်၊ ကယ် တင် တော် မူ ခြင်း သည်၊ အ ကျွန်ုပ် ကို ချီး မြှင့် ပါ စေ သော။ Judson Bible အကျွန်ုပ်မူကား၊ ဆင်းရဲငြိုငြင်ပါ၏။ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်းကျေးဇူးသည် အကျွန်ုပ်ကို ချီးမြှင့်ပါစေသော။ |
အကြောင်းမူကား အကျွန်ုပ်သည် အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူ ဖြစ်ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည်လည်း အကျွန်ုပ်အထဲ၌ နာကျင်လျက်ရှိပါ၏။
အကြောင်းမူကား ကိုယ်တော်သည် နွမ်းပါးသောသူ၏စိတ်ဝိညာဉ်ကို အပြစ်စီရင်သောသူတို့ထံမှကယ်တင်ရန် ထိုသူ၏လက်ယာဘက်၌ ရပ်နေတော်မူ၏။
ငါ၏ရန်သူတို့လက်မှ ငါ့ကိုလွတ်မြောက်စေတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆန့်ကျင်သော သူတို့အပေါ် အကျွန်ုပ်ကိုချီးမြှောက်တော်မူပြီး ရက်စက်ကြမ်းကြုတ်သောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူ၏။
ဆင်းရဲဒုက္ခရောက်သောကာလ၌ ထာဝရဘုရားသည် သင့်ကိုထူးတော်မူပါစေသော။ ယာကုပ်၏ဘုရားသခင်နာမတော်သည် သင့်ကိုလုံခြုံစွာစောင့်ရှောက်ပါစေသော။
အကျွန်ုပ်မူကား အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူဖြစ်ပါ၏။ ဘုရားရှင်သည် အကျွန်ုပ်အတွက်စဉ်းစားပေးတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင်၊ အကျွန်ုပ်ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ အကျွန်ုပ်၏ဘုရားသခင်၊ နှောင့်နှေးတော်မမူပါနှင့်။
အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရန်သူတို့လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်တစ်ဖက်၌ထကြွသောသူတို့၏ဘေးမှ အကျွန်ုပ်ကိုလုံခြုံစွာစောင့်ရှောက်တော်မူပါ။
အကျွန်ုပ်မူကား အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူဖြစ်ပါ၏။ အို ဘုရားသခင်၊ အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင်၊ အကျွန်ုပ်ကိုကယ်တင်သောအရှင်ဖြစ်ပါ၏။ အို ထာဝရဘုရား၊ နှောင့်နှေးတော်မမူပါနှင့်။
ထိုအခါ ထာဝရဘုရားက မောရှေအား “ငါ့ကိုပြစ်မှားသောသူတိုင်းကို ငါ့စာရင်းမှ ပယ်ဖျက်မည်။
အစ္စရေးလူမျိုး၏မျှော်လင့်ရာဖြစ်တော်မူသောထာဝရဘုရား၊ ကိုယ်တော်ကိုစွန့်ပယ်သောသူရှိသမျှတို့သည် အရှက်ကွဲကြရလိမ့်မည်။ ကိုယ်တော့်ထံမှထွက်သွားသောသူတို့သည် အသက်စမ်းရေဖြစ်သည့်ထာဝရဘုရားကို စွန့်ပယ်ကြသောကြောင့် မြေပေါ်၌သာ စာရင်းဝင်ကြလိမ့်မည်။
ယေရှုကလည်း“မြေခွေးတို့၌ တွင်းရှိကြ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်ရှိကြ၏။ လူ့သား၌မူကား ခေါင်းချစရာနေရာမရှိ”ဟု မိန့်တော်မူ၏။
အကြောင်းမူကား သင်တို့သည် ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်ကိုသိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သူ၏ဆင်းရဲခြင်းအားဖြင့် သင်တို့ကြွယ်ဝကြမည့်အကြောင်း သင်တို့အတွက် ဆင်းရဲခြင်းကိုခံတော်မူ၏။