ဆာလံ 69:29 - Common Language Bible29 သို့ရာတွင်ကျွန်တော်မျိုးသည်နာကျင်၍ စိတ်ပျက်အားလျော့လျက်ရှိပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးအားချီပင့်၍ကယ်တော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible29 အ ကျွန်ုပ် မူ ကား၊ ဆင်း ရဲ နာ ကျင် ပါ ၏။ အို ဘု ရား သ ခင်၊ ကယ် တင် တော် မူ ခြင်း သည်၊ အ ကျွန်ုပ် ကို ချီး မြှင့် ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible29 အကျွန်ုပ်မူကား၊ ဆင်းရဲငြိုငြင်ပါ၏။ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်းကျေးဇူးသည် အကျွန်ုပ်ကို ချီးမြှင့်ပါစေသော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 အကျွန်ုပ်မူကား အဖိနှိပ်ခံရ၍ နာကျင်နေပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်၏ကယ်တင်ခြင်းသည် အကျွန်ုပ်ကိုလုံခြုံစွာစောင့်ရှောက်ပါစေသော။ အခန်းကိုကြည့်ပါ။ |
အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်အားအင်ချိနဲ့၍ ခိုကိုးရာမဲ့သူဖြစ်သော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို သတိရတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကယ်တင်ရှင်၊ ကျွန်တော်မျိုး၏ဘုရားသခင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကူမတော်မူရန်အလျင် အမြန် ကြွတော်မူပါ။
ကျွန်တော်မျိုးသည်အားအင်ချိနဲ့လျက် ဆင်းရဲ၍နေပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးထံသို့လျင်မြန်စွာကြွလာ တော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တင်တော်မူသောအရှင်၊ကျွန်တော်မျိုး၏ ထာဝရဘုရားဖြစ်တော်မူ၏။ ကျွန်တော်မျိုးအားကူမရန်အလျင်အမြန် ကြွတော်မူပါ။
အို ထာဝရဘုရား၊ကိုယ်တော်သည်ဣသရေလ အမျိုးသားတို့၏မျှော်ကိုးရာဖြစ်တော်မူ၏။ ကိုယ်တော်ကိုစွန့်ပစ်သူမှန်သမျှသည် အရှက်ကွဲကြလိမ့်မည်။ သူတို့သည်အသက်စမ်းရေချိုတည်းဟူ သော ထာဝရဘုရားကိုစွန့်ပစ်ကြပြီဖြစ်၍ မြေမှုန့်ပေါ်တွင်ရေးသားထားသည့်၊အမည် နာမများ ကဲ့သို့ပျောက်ကွယ်သွားကြလိမ့်မည်။