Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 18:48 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

48 ငါ​၏​ရန်သူ​တို့​လက်​မှ ငါ့​ကို​လွတ်မြောက်​စေ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​သော သူ​တို့​အပေါ် အကျွန်ုပ်​ကို​ချီးမြှောက်​တော်မူ​ပြီး ရက်စက်ကြမ်းကြုတ်​သော​သူ​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

48 ရန်​သူ​များ​၏​လက်​မှ​ငါ့​ကို​ကယ်​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ရန်​သူ များ​ကို အောင်​မြင်​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​၏။ အ​ကြမ်း​ဖက်​သူ​တို့​၏​ဘေး​မှ​ကျွန်​တော်​မျိုး​ကို ကွယ်​ကာ​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

48 ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ထ ကြွ သူ တို့ ထက် ချီး မြှင့်၍၊ ကြမ်း ကြုတ် သူ့ လက် မှ ကယ် လွှတ် တော် မူ ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

48 ရန်​သူ​တို့​လက်​မှ ငါ့​ကို​ကယ်​လွှတ်​တော်​မူ၏။ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မြှောက်​တင်၍၊ လု​ယူ​ဖျက်​ဆီး​တတ်​သော​သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 18:48
9 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ ဆိုးညစ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။ ရက်စက်ကြမ်းကြုတ်​သော​သူ​၏​ရန်​မှ အကျွန်ုပ်​ကို ကာကွယ်​တော်မူ​ပါ​။


သူတစ်ပါး​ကို​အသရေပျက်​အောင် ပြောဆို​သော​သူ​တို့​သည် မြေကြီး​ပေါ်၌ တည်မြဲ​ခြင်း​မ​ရှိ​ကြ​ပါစေ​နှင့်​။ ဘေးအန္တရာယ်​သည် ရက်စက်ကြမ်းကြုတ်​သော​သူ​ကို လိုက်​၍ နှိမ်နင်း​ဖျက်ဆီး​ပါစေသော​။


အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​စောင့်ရှောက်​တော်မူ​ပါ​။ အကျွန်ုပ်​ကို​ခြေ​ထိုး​ရန်​ကြံစည်​သည့် ရက်စက်ကြမ်းကြုတ်​သော​သူ​၏​ရန်​မှ အကျွန်ုပ်​ကို​ကာကွယ်​တော်မူ​ပါ​။


သူ​ဖန်တီး​သော​အခက်အခဲ​ပြဿနာ​သည် သူ့​ခေါင်း​ပေါ်​ပြန်ရောက်​၍ သူ​၏​ရက်စက်ကြမ်းကြုတ်မှု​သည် သူ​၏​ဦးခေါင်းထိပ်​ပေါ်​ကျ​လိမ့်မည်​။


အို ဘုရားသခင်​၊ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက် ထကြွ​ကြ​ပါ​၏​။ ကြမ်းကြုတ်​သော​လူတစ်စု​သည်​လည်း အကျွန်ုပ်​၏​အသက်​ကို ရန်ရှာ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​ကို ဦးထိပ်ထား​ခြင်း​မ​ရှိ​ကြ​ပါ​။


ကိုယ်တော်​၌ အစွမ်းတန်ခိုး​နှင့်​ပြည့်စုံ​သော​လက်ရုံး​တော်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​သည် တန်ခိုးကြီး​၍ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ချီးမြှောက်​ခြင်း​ရှိ​ပါ​၏​။


ထို့ကြောင့် ဘုရားသခင်​သည် ကိုယ်တော်​ကို အလွန်​ချီးမြှောက်​တော်မူ​၍ ဘွဲ့​နာမ​တကာ​တို့​ထက် ကြီးမြတ်​သော​ဘွဲ့​နာမ​ကို ပေးအပ်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ