အို ဘုရားရှင်၊ အကျွန်ုပ်၏အသံကို နားထောင်တော်မူပါ။ အကျွန်ုပ်အသနားခံသောအသံကို နားစွင့်တော်မူပါ။
ဆာလံ 61:1 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ အကျွန်ုပ်၏ဟစ်ကြော်သံကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ဆုတောင်းချက်ကို အာရုံစိုက်နားထောင်တော်မူပါ။ Common Language Bible အို ဘုရားသခင်၊ ကျွန်တော်မျိုးအော်ဟစ်သံကိုနားထောင်တော် မူပါ။ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ Garrad Bible အို ဘု ရား သ ခင်၊ အ ကျွန်ုပ် အော် ဟစ် သံ ကို ကြား၍၊ ပ ဌ နာ ကို နား ညောင်း တော် မူ ပါ။ Judson Bible အို ဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်ခြင်းကို နားထောင်၍ အကျွန်ုပ်၏ပတ္ထနာစကားကို မှတ်တော်မူပါ။ |
အို ဘုရားရှင်၊ အကျွန်ုပ်၏အသံကို နားထောင်တော်မူပါ။ အကျွန်ုပ်အသနားခံသောအသံကို နားစွင့်တော်မူပါ။
အို ထာဝရဘုရား၊ ဖြောင့်မတ်သောလျှောက်လဲချက်ကိုနားညောင်း၍ အကျွန်ုပ်၏ဟစ်ကြော်သံကို အာရုံစိုက်နားထောင်တော်မူပါ။ လိမ်လည်လှည့်ဖြားခြင်းမရှိသော အကျွန်ုပ်၏နှုတ်မှဆုတောင်းချက်ကို စူးစိုက်နားထောင်တော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော့်ထံ အကူအညီ အော်ဟစ်တောင်းခံသောအခါ၌လည်းကောင်း၊ ကိုယ်တော်၏သန့်ရှင်းသောဗျာဒိတ်ဌာနဘက်သို့ အကျွန်ုပ်လက်ကိုမြှောက်သောအခါ၌လည်းကောင်း၊ အကျွန်ုပ်အသနားခံသောအသံကို နားညောင်းတော်မူပါ။
အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသော ဘုရားသခင်၊ အကျွန်ုပ်ခေါ်သောအခါ အကျွန်ုပ်ကိုထူးတော်မူပါ။ အကျွန်ုပ်ဆင်းရဲဒုက္ခထဲရောက်သောအခါ ကိုယ်တော်သည် အကျွန်ုပ်ကို ချမ်းသာပေးတော်မူပါပြီ။ အကျွန်ုပ်ကိုသနား၍ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။
အို ဘုရားသခင်၊ ကိုယ်တော်၏နာမတော်အားဖြင့် အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အားဖြင့် အကျွန်ုပ်ကိုစစ်ကြောစီရင်တော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်ဖြင့် အကျွန်ုပ်ကိုဆုံးမတော်မမူပါနှင့်။ ကိုယ်တော်၏အမျက်ဒေါသဖြင့် အကျွန်ုပ်ကိုပဲ့ပြင်တော်မမူပါနှင့်။
အို ဘုရားသခင်၊ အကျွန်ုပ်၏ညည်းတွားသံကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အသက်ကို ရန်သူ၏ကြောက်မက်ဖွယ်ဘေးမှ ကာကွယ်တော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်အသနားခံသောအသံကို အာရုံစိုက်တော်မူပါ။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် သင်တို့တောင်းခံလိုသောအရာများကို ဘုရားသခင်အား သိစေကြလော့။