ထို့နောက် ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့် သူ့သားယောနသန်အတွက် ငိုချင်းဖွဲ့လေ၏။
ဆာလံ 59:10 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏မေတ္တာကရုဏာရှင် ဘုရားသခင်သည် အကျွန်ုပ်ကိုကြိုဆိုတော်မူလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်အား ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်ရသောအခွင့်ကို ပေးတော်မူလိမ့်မည်။ Common Language Bible ငါ၏ဘုရားသည်ငါ့ကိုချစ်၍ငါ့ထံသို့ ကြွလာတော်မူလိမ့်မည်။ ငါ၏ရန်သူများအရေးရှုံးနိမ့်ကြသည်ကို ငါ့အား တွေ့မြင်ခွင့်ကိုပေးတော်မူလိမ့်မည်။ Garrad Bible ဘု ရား သ ခင် သည်၊ က ရု ဏာ တော် နှင့် အ ကျွန်ုပ် ကို ကြို တင်၍၊ ရန် သူ တို့ အ ပေါ် တွင် စီး ကြည့် ခွင့် ရ စေ တော် မူ လိမ့် မည်။ Judson Bible ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှာ ကြွလာတော်မူမည်။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု၍ အားရသောအခွင့် ရှိစေတော်မူမည်။ |
ထို့နောက် ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့် သူ့သားယောနသန်အတွက် ငိုချင်းဖွဲ့လေ၏။
သူ၏စိတ်နှလုံးသည် တည်ငြိမ်သည်ဖြစ်၍ သူသည် မိမိ၏ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်ရသည်အထိ ကြောက်ရွံ့ခြင်းရှိလိမ့်မည်မဟုတ်။
အကြောင်းမူကား ကိုယ်တော်သည် ကြွယ်ဝသောကောင်းချီးမင်္ဂလာများဖြင့် သူ့ကိုကြိုဆိုလျက် သူ၏ဦးခေါင်းပေါ်တွင် ရွှေစင်သရဖူကိုတင်တော်မူ၏။
ကမ္ဘာမြေကြီးပေါ်တွင် ကြီးစွာသောပျက်စီးခြင်းများဖြစ်ပေါ်စေသည့် ထာဝရဘုရား၏အမှုတော်များကို လာ၍ကြည့်ရှုကြလော့။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့ကြောင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်တန်းစေတော်မူပါ။
ငါ၏ရန်သူတို့အပေါ် မကောင်းမှုအကျိုးကို ကိုယ်တော်ဆပ်ပေးပါစေသော။ ကိုယ်တော်၏သစ္စာတော်နှင့်အညီ ထိုသူတို့ကို ဖယ်ရှားသုတ်သင်တော်မူပါ။
အမှန်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်ကို ဆင်းရဲဒုက္ခအပေါင်းတို့မှကယ်နုတ်တော်မူပြီဖြစ်၍ အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်၏ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်နိုင်ပါပြီ။
အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကို တစ်နေ့လုံးနင်းချေကြပါ၏။ အမှန်စင်စစ် များစွာသောသူတို့သည် ထောင်လွှားသောစိတ်ဖြင့် အကျွန်ုပ်ကိုတိုက်ခိုက်ကြပါ၏။
သူတို့သည် ငါ့အသက်ကိုသတ်ရန် စောင့်မျှော်နေကြသည်နှင့်အညီ ပူးပေါင်းကြံစည်လျက်၊ ချောင်းမြောင်းလျက် ငါ၏ခြေလှမ်းများကိုစောင့်ကြည့်ကြ၏။
အို အကျွန်ုပ်၏အစွမ်းသတ္တိ၊ ကိုယ်တော်ကို အကျွန်ုပ်သီဆိုချီးမွမ်းပါမည်။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်၏ခိုကိုးရာဖြစ်တော်မူ၏။ အကျွန်ုပ်၏မေတ္တာကရုဏာရှင် ဘုရားသခင်ဖြစ်တော်မူ၏။
ယခင်ကဒုစရိုက်များကို အကျွန်ုပ်တို့အပေါ်မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အခြေအနေ အလွန်နိမ့်ပါးလျက်ရှိသည်ဖြစ်၍ ကိုယ်တော်၏သနားစုံမက်ခြင်းသည် အကျွန်ုပ်တို့ကိုကြိုဆိုရန် အလျင်အမြန်ရောက်လာပါစေသော။
သင်သည် ဆိုးယုတ်သောသူတို့အပေါ် ကျရောက်သည့်ပြစ်ဒဏ်ကို သင့်မျက်စိဖြင့်ကြည့်၍ မြင်ရုံမျှသာဖြစ်လိမ့်မည်။
အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်ရန်သူတို့၏အဖြစ်ကိုမြင်ရပါ၏။ အကျွန်ုပ်၏နားသည်လည်း အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွသည့် ဆိုးညစ်သောအမှုကိုပြုသောသူတို့၏အဖြစ်ကို ကြားရပါ၏။
အကျွန်ုပ်မူကား ကိုယ်တော်၏နောက်သို့လိုက်သောသိုးထိန်းအဖြစ်မှ ထွက်မပြေးပါ။ ဆိုးဝါးသောနေ့ကို အကျွန်ုပ်မတောင့်တကြောင်း ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်၏နှုတ်ထွက်စကားသည် ရှေ့တော်၌ရှိပါ၏။
ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်၊ သက်ညှာခြင်းနှင့်ပြည့်စုံတော်မူသောအဖတည်းဟူသော နှစ်သိမ့်ခြင်းအလုံးစုံတို့ကိုပေးတော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
သခင်ဘုရား၏စကားတော်အားဖြင့် သင်တို့အား ငါတို့ဆိုသည်မှာ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် အသက်ရှင်လျက်ကျန်ရစ်သောငါတို့သည် အိပ်ပျော်သောသူတို့ထက် လုံးဝရှေ့ကျလိမ့်မည်မဟုတ်။
သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာခေတ္တခဏခံစားပြီးသောသင်တို့ကို စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
တစ်ဖန် ဒါဝိဒ်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ထာဝရဘုရားသည် သူ့ကို အမှန်ပင် ဒဏ်ခတ်တော်မူလိမ့်မည်။ သို့မဟုတ် သူသေရမည့်နေ့ ရောက်လျှင်လည်း ရောက်လာလိမ့်မည်။ စစ်သွားတိုက်၍ သူကျဆုံးလျှင်လည်း ကျဆုံးလိမ့်မည်။