ဖြောင့်မတ်သောသူတို့သည် မြင်၍ ဝမ်းသာအားရဖြစ်ကြ၏။ အပြစ်ကင်းသောသူသည်လည်း သူတို့အား ပြက်ရယ်ပြု၏။
ဆာလံ 58:10 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူသည် လက်စားချေခြင်းကိုမြင်ရသဖြင့် ဝမ်းမြောက်လိမ့်မည်။ သူသည် ဆိုးယုတ်သောသူ၏သွေး၌ မိမိ၏ခြေကို ဆေးကြောလိမ့်မည်။ Common Language Bible သူတော်ကောင်းတို့သည်အပြစ်ကူးသူများ အပြစ်ဒဏ်သင့်ကြသည်ကိုမြင်သောအခါ ဝမ်းမြောက်ကြလိမ့်မည်။ သူတို့သည်သူယုတ်မာတို့၏သွေးအိုင်တွင် ခြေဆေးကြလိမ့်မည်။ Garrad Bible သူ တော် ကောင်း သည်၊ ထို လက် စား ချေ ခြင်း ကို သိ မြင် ဝမ်း မြောက် လျက်၊ လူ ဆိုး တို့ အ သွေး ၌ ခြေ ဆေး ရ သ ဖြင့်၊ Judson Bible ဖြောင့်မတ်သောသူသည် ထိုသို့သောဒဏ်ပေးခြင်းကို မြင်၍ ဝမ်းမြောက်ပါလိမ့်မည်။ မတရားသောသူတို့၏ အသွေး၌ မိမိခြေတို့ကို ဆေးပါလိမ့်မည်။ |
ဖြောင့်မတ်သောသူတို့သည် မြင်၍ ဝမ်းသာအားရဖြစ်ကြ၏။ အပြစ်ကင်းသောသူသည်လည်း သူတို့အား ပြက်ရယ်ပြု၏။
ငါလျှောက်သောလမ်းတွင် နို့ရည်စီး၏။ ငါ့အဖို့ ကျောက်ဆောင်မှလည်း ဆီများ ချောင်းသဖွယ်စီးဆင်း၏။
ဖြောင့်မှန်သောသူတို့သည် ထိုအမှုအရာကိုမြင်၍ ဝမ်းမြောက်ကြ၏။ မတရားမှုရှိသမျှတို့မူကား နှုတ်ဆိတ်နေကြရ၏။
ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ဝမ်းမြောက်၍ ကိုယ်တော်ကိုခိုလှုံလိမ့်မည်။ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့သည်လည်း ကိုယ်တော်ကိုချီးမွမ်းကြလိမ့်မည်။
ထိုသို့သောအားဖြင့် သင်၏ခြေသည် ရန်သူတို့၏သွေးကိုနင်းနယ်နိုင်၍ သင့်ခွေးတို့၏လျှာသည်လည်း မိမိခွဲတမ်းကို သူတို့ထံမှရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်သည် ဆိုးယုတ်သောသူတို့အပေါ် ကျရောက်သည့်ပြစ်ဒဏ်ကို သင့်မျက်စိဖြင့်ကြည့်၍ မြင်ရုံမျှသာဖြစ်လိမ့်မည်။
လေပွေတိုက်ခတ်သွားသောအခါ ဆိုးယုတ်သောသူသည် ပျောက်ကွယ်သွား၏။ ဖြောင့်မတ်သောသူ၌ကား အစဉ်အမြဲတည်သောအုတ်မြစ်ရှိ၏။
ဖြောင့်မတ်သောသူတို့ကောင်းစားသောအခါ တစ်မြို့လုံး ရွှင်လန်းကြ၏။ ဆိုးယုတ်သောသူတို့ပျက်စီးသောအခါ၌လည်း ရွှင်လန်းစွာကြွေးကြော်ကြ၏။
အို လူမျိုးအပေါင်းတို့၊ လူမျိုးတော်နှင့်အတူ ရွှင်လန်းစွာကြွေးကြော်ကြလော့။ ကိုယ်တော်သည် မိမိအစေအပါးတို့၏သွေးအတွက်လက်တုံ့ပြန်မည်။ မိမိကိုရန်ပြုသောသူတို့အား လက်စားချေတော်မူမည်။ ပြည်တော်၊ လူမျိုးတော်တို့၏အပြစ်ကိုဖြေလွှတ်တော်မူမည်”ဟူ၍ ဖြစ်၏။
၎င်းတို့ကို မြို့ပြင်ရှိ စပျစ်သီးနယ်ရာကျင်း၌နင်းနယ်သောအခါ သွေးသည် ထိုစပျစ်သီးနယ်ရာကျင်းမှစီးထွက်လာ၍ မြင်း၏ဇက်ကြိုးအထိမြင့်ပြီး တစ်ရာရှစ်ဆယ့်လေးမိုင်ခန့်ပြန့်သွားလေ၏။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူအလုံးစုံ ပျက်စီးကြပါစေ။ ကိုယ်တော့်ကိုချစ်သောသူတို့မူကား အရှိန်အဝါနှင့်ထွက်လာသောနေမင်းကဲ့သို့ဖြစ်ပါစေ”ဟူ၍ သီဆိုကြ၏။ ထို့နောက်တွင် တိုင်းပြည်သည် အနှစ်လေးဆယ်ပတ်လုံးငြိမ်းချမ်းလေ၏။